ဥရောပဘောလုံး ဂျာနယ်လစ် တွမ်ဝီလီယမ်က စကိုင်းစပေါ့ရဲ့ ဘောလုံးအစီအစဉ်မှာ စကားပြောစဉ် လီဗာပူးရဲ့ အထင်ကြီးစရာကောင်းတဲ့ အားသာချက်ကို ထုတ်ပြောခဲ့ပါတယ်။

သူက ကုန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ လီဗာပူးက တိုးတက်မှုတွေ တဆင့်ခြင်း မြင့်တင်လာတဲ့ အသင်းဖြစ်ကာ ယခင်က ပေါက်ကွဲကစားတဲ့ ကစားဟန်ကနေ ပိုမို ညက်ညောတဲ့ ကစားဟန်ဖြစ်လာတာကို ထောက်ပြခဲ့တယ်။ ဒါ့အပြင် လီဗာပူးက အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ ပွဲကို အမြဲတမ်း အနိုင်မယူပေမယ့် အနိုင်ရတဲ့ အသင်းကတော့ လီဗာပူးဖြစ်သွားတာချည်းပဲလို့ ဆိုပါသေးတယ်။

တွမ်ဝီလီယမ်က ” လီဗာပူးက တဆင့်ခြင်းကို တိုးတက်လာနေတဲ့ အသင်းဖြစ်တယ်။ အထူးသဖြင့် သီယာဂို ရောက်လာမှုနဲ့အတူပေါ့။ လွန်ခဲ့တဲ့ ၅ နှစ်က ကလော့ပ် ရောက်လာတုန်းက လီဗာပူးက ဖရိုဖရဲဖြစ်နေတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ကျနေ်ာတို့အားလုံးက ယာဂင်ကလော့ပ်ရဲ့ အတွေးအခေးက ဟယ်ဗီး-မယ်တယ် ဘောလုံးဆိုတာ သိကြပါတယ်။ သူတို့အသင်းက ပြေးနှုန်းနဲ့ ဖိအားပေးမှုတွေ အများကြီး လုပ်တဲ့အသင်းဖြစ်တယ်။

သူတို့ ဂိုးတွေအများကြီး သွင်းတယ်၊ ဂိုးတွေအများကြီး ပြန်ပေးရတယ်။ ကုန်ခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုမှာတော့ လီဗာပူးက ထိန်းချုပ်မှုပိုင်းကို ပိုပြီး ပိုင်နိုင်ကျွမ်းကျင်တဲ့အသင်း ဖြစ်လာခဲ့တယ်။ သူတို့ရဲ့ ပွဲတွေကို အုပ်ချုပ်မှုကလည်း အတိုင်းအတာတွေ အများကြီး တိုးတက်လာတယ်။ မနှစ်တုန်းက သူတို့ အုပ်စိုးဖို့ ရုန်းကန်ရပေမယ့်လည်း အနိုင်ရခဲ့တဲ့ ပွဲတွေ အများကြီး ရှိခဲ့တယ်။

သူတို့က အမြဲတမ်း စူပါအဆင့် အထင်ကြီးလောက်စရာ ဖြစ်မနေဘူး။ သူတို့က အသင်းတိုင်းကိုတော့ လွှင့်ထွက်သွားအောင် လုပ်နိုင်တဲ့ အသင်း မဟုတ်ဘူး။ ဒါပေမယ့် သူတို့က အမှတ်ပေးဇယားကို ရမှတ်တွေ အများကြီးဖြတ်ပြီး ဦးဆောင်တယ် ဘာလို့လည်းဆိုတော့ သူတို့က ပွဲတွေကို အနိုင်ရနိုင်ဖို့ လိုအပ်တဲ့ အရည်အချင်း ရှိနေလို့ပါပဲ။ ” လို့ ထောက်ပြခဲ့တာဖြစ်ပါတယ်။

တွမ်ကတော့ ဒီရာသီမှာ လီဗာပူးက ပိုမို အန္တရာယ်ကြီးတဲ့အသင်း ဖြစ်လာခဲ့ပြီလို့ မြင်ပါတယ်။ ဈေးကွက်ကို အကောင်းဆုံး ဝင်ရောက်လှုပ်ရှားနေတဲ့ လီဗာပူးဟာ ကွင်းလယ်ကနေ ဘောလုံးဖြန့်မှုမှာ ကမ္ဘာအဆင့် ကစားသမားဖြစ်သူ သီယာဂိုကို ရလိုက်ခြင်းနဲ့ ပက်သက်ပြီး သူ့က အထင်ကြီးနေတာပါ။

တွမ်ဝီလီယမ်က ” သီယာဂိုလို ကစားသမားကို ခေါ်ယူလိုက်တာက လီဗာပူးအသင်းကို ဘောလုံး ကိုင်ကစားမှုမှာ ပိုကောင်းတဲ့ အခွင့်အရေးတွေ ပေးမှာဖြစ်တယ်။ သူတို့က ပွဲတွေကို ပိုပြီး ထူးထူးချွန်ချွန် ကစားလာနိုင်တော့မှာဖြစ်တယ်။ ကွင်းလယ်မှာ အဲ့လို ကစားဖို့အတွက်ကလည်း ကမ္ဘာပေါ်မှာ သီယာဂိုထက် ပိုကောင်းကောင်း ကစားနိုင်သူမျိုး အများကြီး မရှိလှပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဥေရာပေဘာလံုး ဂ်ာနယ္လစ္ တြမ္ဝီလီယမ္က စကိုင္းစေပါ့ရဲ႕ ေဘာလံုးအစီအစဥ္မွာ စကားေျပာစဥ္ လီဗာပူးရဲ႕ အထင္ၾကီးစရာေကာင္းတဲ့ အားသာခ်က္ကို ထုတ္ေျပာခဲ့ပါတယ္။

သူက ကုန္ခဲ့တဲ့ ၅ နွစ္အတြင္းမွာ လီဗာပူးက တိုးတက္မႈေတြ တဆင့္ျခင္း ျမင့္တင္လာတဲ့ အသင္းျဖစ္ကာ ယခင္က ေပါက္ကြဲကစားတဲ့ ကစားဟန္ကေန ပိုမို ညက္ေညာတဲ့ ကစားဟန္ျဖစ္လာတာကို ေထာက္ျပခဲ့တယ္။ ဒါ့အျပင္ လီဗာပူးက အရမ္းေကာင္းတဲ့ စြမ္းေဆာင္ရည္နဲ႔ ပြဲကို အျမဲတမ္း အႏုိင္မယူေပမယ့္ အႏုိင္ရတဲ့ အသင္းကေတာ့ လီဗာပူးျဖစ္သြားတာခ်ည္းပဲလို႔ ဆိုပါေသးတယ္။

တြမ္ဝီလီယမ္က ” လီဗာပူးက တဆင့္ျခင္းကို တုိးတက္လာေနတဲ့ အသင္းျဖစ္တယ္။ အထူးသျဖင့္ သီယာဂို ေရာက္လာမႈနဲ႔အတူေပါ့။ လြန္ခဲ့တဲ့ ၅ ႏွစ္က ကေလာ့ပ္ ေရာက္လာတုန္းက လီဗာပူးက ဖရိုဖရဲျဖစ္ေနတဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။ က်ေန္ာတို႔အားလံုးက ယာဂင္ကေလာ့ပ္ရဲ႕ အေတြးအေခးက ဟယ္ဗီး-မယ္တယ္ ေဘာလံုးဆိုတာ သိၾကပါတယ္။ သူတို႔အသင္းက ေျပးႏႈန္းနဲ႔ ဖိအားေပးမႈေတြ အမ်ားၾကီး လုပ္တဲ့အသင္းျဖစ္တယ္။

သူတို႔ ဂိုးေတြအမ်ားၾကီး သြင္းတယ္၊ ဂိုးေတြအမ်ားၾကီး ျပန္ေပးရတယ္။ ကုန္ခဲ့တဲ့ ေဘာလံုးရာသီ ႏွစ္ခုမွာေတာ့ လီဗာပူးက ထိန္းခ်ဳပ္မႈပိုင္းကို ပိုျပီး ပိုင္ႏုိင္ကၽြမ္းက်င္တဲ့အသင္း ျဖစ္လာခဲ့တယ္။ သူတို႔ရဲ႕ ပြဲေတြကို အုပ္ခ်ဳပ္မႈကလည္း အတိုင္းအတာေတြ အမ်ားၾကီး တိုးတက္လာတယ္။ မႏွစ္တုန္းက သူတို႔ အုပ္စိုးဖို႔ ရုန္းကန္ရေပမယ့္လည္း အႏုိင္ရခဲ့တဲ့ ပြဲေတြ အမ်ားၾကီး ရွိခဲ့တယ္။

သူတို႔က အျမဲတမ္း စူပါအဆင့္ အထင္ၾကီးေလာက္စရာ ျဖစ္မေနဘူး။ သူတို႔က အသင္းတိုင္းကိုေတာ့ လႊင့္ထြက္သြားေအာင္ လုပ္ႏုိင္တဲ့ အသင္း မဟုတ္ဘူး။ ဒါေပမယ့္ သူတို႔က အမွတ္ေပးဇယားကို ရမွတ္ေတြ အမ်ားၾကီးျဖတ္ျပီး ဦးေဆာင္တယ္ ဘာလို႔လည္းဆိုေတာ့ သူတို႔က ပြဲေတြကို အႏုိင္ရႏုိင္ဖို႔ လိုအပ္တဲ့ အရည္အခ်င္း ရွိေနလို႔ပါပဲ။ ” လို႔ ေထာက္ျပခဲ့တာျဖစ္ပါတယ္။

တြမ္ကေတာ့ ဒီရာသီမွာ လီဗာပူးက ပိုမို အႏၱရာယ္ၾကီးတဲ့အသင္း ျဖစ္လာခဲ့ျပီလို႔ ျမင္ပါတယ္။ ေစ်းကြက္ကို အေကာင္းဆံုး ဝင္ေရာက္လႈပ္ရွားေနတဲ့ လီဗာပူးဟာ ကြင္းလယ္ကေန ေဘာလံုးျဖန္႔မႈမွာ ကမၻာအဆင့္ ကစားသမားျဖစ္သူ သီယာဂိုကို ရလိုက္ျခင္းနဲ႔ ပက္သက္ျပီး သူ႔က အထင္ၾကီးေနတာပါ။

တြမ္ဝီလီယမ္က ” သီယာဂိုလို ကစားသမားကို ေခၚယူလိုက္တာက လီဗာပူးအသင္းကို ေဘာလံုး ကိုင္ကစားမႈမွာ ပိုေကာင္းတဲ့ အခြင့္အေရးေတြ ေပးမွာျဖစ္တယ္။ သူတို႔က ပြဲေတြကို ပိုျပီး ထူးထူးခၽြန္ခၽြန္ ကစားလာႏုိင္ေတာ့မွာျဖစ္တယ္။ ကြင္းလယ္မွာ အဲ့လို ကစားဖို႔အတြက္ကလည္း ကမၻာေပၚမွာ သီယာဂိုထက္ ပိုေကာင္းေကာင္း ကစားႏုိင္သူမ်ိဳး အမ်ားၾကီး မရွိလွပါဘူး ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။