မန်နေဂျာယာဂင်ကလော့ပ်က အပြောင်းအရွှေ့ မပိတ်ခင်မှာ ခံစစ်မှူးတစ်ဦး အသင်းကို ရောက်လာတာမျိုး ဖြစ်လာဖွယ် မရှိကြောင်းကို သတင်းပေးလိုက်ပါတယ်။

ဒီနွေဈေးကွက်ကနေ လီဗာပူးအသင်းက ဘယ်အစွန်လူ ကိုစတက်၊ ကွင်းလယ်လူ သီယာဂိုနဲ့ တိုက်စစ်သမား ဂျိုတာတို့ကို ခေါ်ယူ အားဖြည့်ထားခဲ့ပါပြီ။ ဒါပေမယ့်လို့ လိုဗရန်ကို လက်လွတ်ထားရသလို မာတစ် မကြာခဏ ဒဏ်ရာရတတ်တဲ့ အနေအထားကြောင့် ဗဟိုခံစစ်မှူးတစ်ဦးကို ခေါ်ယူပေးဖို့ အသင်းပရိသတ်တွေဘက်က မျှော်လင့်နေတာပါ။

ဈေးကွက်ဟာ အောက်တိုဘာလ ၅ ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်ပြီး လီဗာပူးဘက်က ကစားသမား အဝင် ရှိတော့မှာ မဟုတ်သလို ကစားသမား အထွက်တွေကလည်း အခုချိန်ထိတော့ အဆင်မပြေသေးပါဘူး။

ခံစစ်မှူးသစ်တစ်ဦးကို ခေါ်ယူရေးနဲ့ ပက်သက်လို့ မန်နေဂျာက “ ရိုးရိုးသားသား ပြောရရင် ကျနော် အများကြီး မမျှော်လင့်ထားပါဘူး ” လို့ ဆိုပါတယ်။

“ ဗဟိုခံစစ်မှူးနေရာက ကျနေ်ာတို့ ကောင်းကောင်းဖြည့်လို့ ရပါတယ်။ ကျနေ်ာတို့မှာ ထိပ်တန်း ခံစစ်မှူး ၃ ဦးရှိတယ်။ လူငယ်တွေရှိတယ်။ ဖာဘင်ညိုကလည်း အဲ့နေရာက ကစားနိုင်တယ်။ အဓိက ခံစစ်မျူး ၃ ဦးလုံး မပါနိုင်ဖို့ဆိုတာကလည်း ရက်အနည်းငယ်လောက်ပဲ ဖြစ်နိုင်ပါတယ်။

ဒီကိစ္စကြီးကို ဈေးကွက်ထဲကနေ လူသစ်ခေါ်ယူမှုနဲ့ပဲ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ကြိုးစားတာတောင် မလုပ်ကြည့်ဘဲ မဖြစ်နိုင်ဘူးလို့ လုပ်နေလို့လည်း မရဘူး။ တစ်ခုခု ပြင်းပြင်းထန်ထန် ကိစ္စတွေ ဖြစ်မလာခဲ့ရင် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ဒီအခြေအနေမှာတော့ ခံစစ်မှူးသစ် ရောက်လာဖို့ မရှိပါဘူး။

လောလောဆယ်မှာ အသင်းလူစာရင်းက တောင့်တင်းနေတယ်။ အပြင်မှာ ဘာတွေဖြစ်နေကြလဲဆိုတာကိုတော့ ကျနော် မသိပါဘူး။ ကြည့်ကြတာပေါ့ ” လို့ ကလော့ပ်က တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က အေျပာင္းအေရႊ႔ မပိတ္ခင္မွာ ခံစစ္မွဴးတစ္ဦး အသင္းကို ေရာက္လာတာမ်ိဳး ျဖစ္လာဖြယ္ မရွိေၾကာင္းကို သတင္းေပးလိုက္ပါတယ္။

ဒီေႏြေစ်းကြက္ကေန လီဗာပူးအသင္းက ဘယ္အစြန္လူ ကိုစတက္၊ ကြင္းလယ္လူ သီယာဂိုနဲ႔ တိုက္စစ္သမား ဂ်ိဳတာတို႔ကို ေခၚယူ အားျဖည့္ထားခဲ့ပါျပီ။ ဒါေပမယ့္လို႔ လိုဗရန္ကို လက္လြတ္ထားရသလို မာတစ္ မၾကာခဏ ဒဏ္ရာရတတ္တဲ့ အေနအထားေၾကာင့္ ဗဟိုခံစစ္မွဴးတစ္ဦးကို ေခၚယူေပးဖို႔ အသင္းပရိသတ္ေတြဘက္က ေမွ်ာ္လင့္ေနတာပါ။

ေစ်းကြက္ဟာ ေအာက္တိုဘာလ ၅ ရက္ေန႔မွာ ပိတ္သိမ္းမွာျဖစ္ျပီး လီဗာပူးဘက္က ကစားသမား အဝင္ ရွိေတာ့မွာ မဟုတ္သလို ကစားသမား အထြက္ေတြကလည္း အခုခ်ိန္ထိေတာ့ အဆင္မေျပေသးပါဘူး။

ခံစစ္မွဴးသစ္တစ္ဦးကို ေခၚယူေရးနဲ႔ ပက္သက္လို႔ မန္ေနဂ်ာက “ ရိုးရိုးသားသား ေျပာရရင္ က်ေနာ္ အမ်ားၾကီး မေမွ်ာ္လင့္ထားပါဘူး ” လို႔ ဆိုပါတယ္။

“ ဗဟိုခံစစ္မွဴးေနရာက က်ေန္ာတို႔ ေကာင္းေကာင္းျဖည့္လို႔ ရပါတယ္။ က်ေန္ာတို႔မွာ ထိပ္တန္း ခံစစ္မွဴး ၃ ဦးရွိတယ္။ လူငယ္ေတြရွိတယ္။ ဖာဘင္ညိဳကလည္း အဲ့ေနရာက ကစားႏုိင္တယ္။ အဓိက ခံစစ္မ်ဴး ၃ ဦးလံုး မပါႏုိင္ဖို႔ဆိုတာကလည္း ရက္အနည္းငယ္ေလာက္ပဲ ျဖစ္ႏုိင္ပါတယ္။

ဒီကိစၥၾကီးကို ေစ်းကြက္ထဲကေန လူသစ္ေခၚယူမႈနဲ႔ပဲ ေျဖရွင္းႏုိင္မွာ မဟုတ္ပါဘူး။ ၾကိဳးစားတာေတာင္ မလုပ္ၾကည့္ဘဲ မျဖစ္ႏုိင္ဘူးလို႔ လုပ္ေနလို႔လည္း မရဘူး။ တစ္ခုခု ျပင္းျပင္းထန္ထန္ ကိစၥေတြ ျဖစ္မလာခဲ့ရင္ အဆင္ေျပမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဒီအေျခအေနမွာေတာ့ ခံစစ္မွဴးသစ္ ေရာက္လာဖို႔ မရွိပါဘူး။

ေလာေလာဆယ္မွာ အသင္းလူစာရင္းက ေတာင့္တင္းေနတယ္။ အျပင္မွာ ဘာေတြျဖစ္ေနၾကလဲဆိုတာကိုေတာ့ က်ေနာ္ မသိပါဘူး။ ၾကည့္ၾကတာေပါ့ ” လို႔ ကေလာ့ပ္က တုန္႔ျပန္ခဲ့တာ ျဖစ္ပါတယ္။