မနေ့ညကပွဲမှာ နယူးကာဆယ်နဲ့ စပါးတို့ ယှဉ်ပြိုင်ကစားစဉ် နောက်ဆုံးမိနစ်မှာ ရခဲ့တဲ့ ပင်နယ်တီအတွက် နယူးကာဆယ်မန်နေဂျာ စတိဗ်ဘရုစ် ကိုယ်တိုင်ကော လီဗာပူးကစားသမားဟောင်း ကာရေဂါပါ စည်းမျဉ်းသစ်ကို ကန့်ကွက်မှု လုပ်ခဲ့ကြပါတယ်။

ဒိုင်ယာရဲ့ လက်ထိဘောကြောင့် အကျိုးအမြတ်ရခဲ့တဲ့ အသင်းက နယူးကာဆယ်ဖြစ်ပေမယ့် မန်နေဂျာ စတိဗ်ဘရုစ်က ဒီဆုံးဖြတ်ချက်ကို မပျော်ပါဘူးလို့ ဝန်ခံတယ်။ အန်ဒီကာရိုးရဲ့ ခေါင်းတိုက်မှုဟာ ဒိုင်ယာရဲ့ လက်နဲ့ ထိခဲ့တာဖြစ်ပြီး ရည်ရွယ်ချက်မပါတဲ့ အနေအထားဖြစ်သလို ဂိုးလည်း မရနိုင်ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်ပေးခဲ့တာဖြစ်တယ်။

စတိဗ်ဘရုစ်ကိုယ်တိုင်က “ရခဲ့တဲ့ ပင်နယ်တီက အဓိပ္ပာယ်မရှိဘူး” လို့ ဝန်ခံတယ်။ သူကပဲ “ ဒီကနေ့မှာ ကျနေ်ာတို့ တစ်ကြိမ် အခွင့်အရေးရခဲ့တယ်။ ကျနေ်ာတို့အတွက် အားသာစေခဲ့တာမှန်တယ်။ ကျနော် ပျော်နေသင့်တာပါ ဒါပေမယ့် ဒီဆုံးဖြတ်ချက်ကို သဘောမတူပါဘူး။ ” လို့ ဆိုခဲ့တယ်။

စတိဗ်ဘရုစ်က ဒီအပတ်မှာ သူတို့ ပျော်စရာ ဆုံးဖြတ်ချက် ရခဲ့ပေမယ့် နောက်ရက်တွေမှာ စိတ်နာရတဲ့ အသင်းက သူတို့လည်း ဖြစ်သွားနိုင်တာကို သဘောပေါက်ပါတယ်လို့ ဆိုတာပါ။ လောလောဆယ်တော့ ပရီးမီးယားလိဂ်မှာ ပင်နယ်တီ ဆုံးဖြတ်ချက်တွေ မြင့်တက်နေပြီး ပွဲတိုင်း ပင်နယ်တီပေးနေရခြင်းကြောင့် EPL ဆိုတဲ့ စကားလုံးကို English Penalty League လို့ပါ နာမည်ပြောင်း ပေးခံနေရတယ်။

ကာရေဂါက ” လုံးဝ လက်မခံနိုင်စရာပါပဲ။ တကယ်ကို ဟာသကြီးဖြစ်ပါတယ်။ နယူးကာဆယ် ပရိသတ်တွေကတော့ ပျော်ကောင်းပျော်မိကြပါမယ်။ ဒါကို ကျနော် နားလည်တယ်။ ဒါပေမယ့်လို့ တစ်နိုင်ငံလုံးက ပရိသတ်တွေကတော့ ဒါကြီးက တကယ်ကို ဟာသကြီးလို့ မြင်နေကြပါလိမ့်မယ်။

အဲရစ် ဒိုင်ယာက ဘောလုံးကို ခုန်တိုက်ခဲ့တယ်။ သူ့လက်နဲ့က ဘယ်လိုထိသွားလဲ သူတောင်သိတာ မဟုတ်ဘူး။ သူ့လက်ကို လာမှန်ခဲ့တယ်။ ဘာဖြစ်သွားလဲ သူတောင် သိမှာ မဟုတ်ဘူး။ ဒီစည်းမျဉ်းကို ပရီးမီးယားလိဂ်၊ အက်ဖ်အေ၊ ဖီဖာ၊ ကိုလီနာ ဘယ်သူပဲ ပါဝင် ဆုံးဖြတ်ပေးသည်ဖြစ်စေ တကယ်ကို ဟာသကြီးပါဗျာ။ ရပ်လိုက်ပါတော့။ ဒါကြီးက ဘောလုံးကို ဖျက်ဆီးနေတဲ့ ဟာသကြီး ဖြစ်နေပါပြီ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီလို အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေက အသင်းရဲ့ပွဲတွေမှာ မမြင်ရသေးပေမယ့် အပတ်တိုင်း ဖြစ်နေတဲ့ ကိစ္စတစ်ခု ဖြစ်လာခဲ့လို့ မကြာခင်မှာပဲ လီဗာပူးပွဲတွေမှာလည်း မြင်လာရတော့မယ့် အနေအထား ဖြစ်ပါတယ်။

ZAWGYI

မေန႔ညကပြဲမွာ နယူးကာဆယ္နဲ႔ စပါးတို႔ ယွဥ္ျပိဳင္ကစားစဥ္ ေနာက္ဆံုးမိနစ္မွာ ရခဲ့တဲ့ ပင္နယ္တီအတြက္ နယူးကာဆယ္မန္ေနဂ်ာ စတိဗ္ဘရုစ္ ကိုယ္တိုင္ေကာ လီဗာပူးကစားသမားေဟာင္း ကာေရဂါပါ စည္းမ်ဥ္းသစ္ကို ကန္႔ကြက္မႈ လုပ္ခဲ့ၾကပါတယ္။

ဒိုင္ယာရဲ႕ လက္ထိေဘာေၾကာင့္ အက်ိဳးအျမတ္ရခဲ့တဲ့ အသင္းက နယူးကာဆယ္ျဖစ္ေပမယ့္ မန္ေနဂ်ာ စတိဗ္ဘရုစ္က ဒီဆံုးျဖတ္ခ်က္ကို မေပ်ာ္ပါဘူးလို႔ ဝန္ခံတယ္။ အန္ဒီကာရိုးရဲ႕ ေခါင္းတိုက္မႈဟာ ဒိုင္ယာရဲ႕ လက္နဲ႔ ထိခဲ့တာျဖစ္ျပီး ရည္ရြယ္ခ်က္မပါတဲ့ အေနအထားျဖစ္သလို ဂိုးလည္း မရႏုိင္ေပမယ့္ ပင္နယ္တီ အဆံုးအျဖတ္ေပးခဲ့တာျဖစ္တယ္။

စတိဗ္ဘရုစ္ကိုယ္တိုင္က “ရခဲ့တဲ့ ပင္နယ္တီက အဓိပၸာယ္မရွိဘူး” လို႔ ဝန္ခံတယ္။ သူကပဲ “ ဒီကေန႔မွာ က်ေန္ာတို႔ တစ္ၾကိမ္ အခြင့္အေရးရခဲ့တယ္။ က်ေန္ာတို႔အတြက္ အားသာေစခဲ့တာမွန္တယ္။ က်ေနာ္ ေပ်ာ္ေနသင့္တာပါ ဒါေပမယ့္ ဒီဆံုးျဖတ္ခ်က္ကို သေဘာမတူပါဘူး။ ” လို႔ ဆိုခဲ့တယ္။

စတိဗ္ဘရုစ္က ဒီအပတ္မွာ သူတို႔ ေပ်ာ္စရာ ဆံုးျဖတ္ခ်က္ ရခဲ့ေပမယ့္ ေနာက္ရက္ေတြမွာ စိတ္နာရတဲ့ အသင္းက သူတို႔လည္း ျဖစ္သြားႏုိင္တာကို သေဘာေပါက္ပါတယ္လို႔ ဆိုတာပါ။ ေလာေလာဆယ္ေတာ့ ပရီးမီးယားလိဂ္မွာ ပင္နယ္တီ ဆံုးျဖတ္ခ်က္ေတြ ျမင့္တက္ေနျပီး ပြဲတိုင္း ပင္နယ္တီေပးေနရျခင္းေၾကာင့္ EPL ဆိုတဲ့ စကားလံုးကို English Penalty League လို႔ပါ နာမည္ေျပာင္း ေပးခံေနရတယ္။

ကာေရဂါက ” လံုးဝ လက္မခံႏုိင္စရာပါပဲ။ တကယ္ကို ဟာသၾကီးျဖစ္ပါတယ္။ နယူးကာဆယ္ ပရိသတ္ေတြကေတာ့ ေပ်ာ္ေကာင္းေပ်ာ္မိၾကပါမယ္။ ဒါကို က်ေနာ္ နားလည္တယ္။ ဒါေပမယ့္လို႔ တစ္ႏုိင္ငံလံုးက ပရိသတ္ေတြကေတာ့ ဒါၾကီးက တကယ္ကို ဟာသၾကီးလို႔ ျမင္ေနၾကပါလိမ့္မယ္။

အဲရစ္ ဒိုင္ယာက ေဘာလံုးကို ခုန္တိုက္ခဲ့တယ္။ သူ႔လက္နဲ႔က ဘယ္လိုထိသြားလဲ သူေတာင္သိတာ မဟုတ္ဘူး။ သူ႔လက္ကို လာမွန္ခဲ့တယ္။ ဘာျဖစ္သြားလဲ သူေတာင္ သိမွာ မဟုတ္ဘူး။ ဒီစည္းမ်ဥ္းကို ပရီးမီးယားလိဂ္၊ အက္ဖ္ေအ၊ ဖီဖာ၊ ကိုလီနာ ဘယ္သူပဲ ပါဝင္ ဆံုးျဖတ္ေပးသည္ျဖစ္ေစ တကယ္ကို ဟာသၾကီးပါဗ်ာ။ ရပ္လိုက္ပါေတာ့။ ဒါၾကီးက ေဘာလံုးကို ဖ်က္ဆီးေနတဲ့ ဟာသၾကီး ျဖစ္ေနပါျပီ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဒီလို အျငင္းပြားဖြယ္ ဆံုးျဖတ္ခ်က္ေတြက အသင္းရဲ႕ပြဲေတြမွာ မျမင္ရေသးေပမယ့္ အပတ္တိုင္း ျဖစ္ေနတဲ့ ကိစၥတစ္ခု ျဖစ္လာခဲ့လို႔ မၾကာခင္မွာပဲ လီဗာပူးပြဲေတြမွာလည္း ျမင္လာရေတာ့မယ့္ အေနအထား ျဖစ္ပါတယ္။