ပရီးမီးယားလိဂ်ကလပ် ဘန်လေအသင်းဟာ လီဗာပူးတိုက်စစ်သမား ဝဲလ်ဆန်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပေးပို့ထားပြီဖြစ်ကြောင်း The Athletic က ဖော်ပြပါတယ်။

ဘန်လေဘက်က ကမ်းလှမ်းမှုက ကနဦး ပေါင် ၁၂ သန်းဖြစ်ကာ ထပ်တိုး ပေါင် ၄ သန်း ပါဝင်မှာဖြစ်တယ်။ လီဗာပူးအသင်းဟာ ဝဲလ်ဆန်ကို သေချာပေါက် ရောင်းထုတ်မှာ ဖြစ်ပေမယ့် လိုချင်တဲ့ ပြောင်းရွှေ့ကြေးတော့ မရဘဲ ဘန်လေရဲ့ ပေါင် ၁၆ သန်းဖြင့် ကမ်းလှမ်းမှုဟာ လက်ရှိ အချိန်ထိ ရထားတဲ့ အမြင့်ဆုံး ကမ်းလှမ်းမှုဖြစ်ပါတယ်။

ဂိုးသမား ကားရီးယက်ကတော့ ဒီအပတ်မှာပဲ ယူနီရန် ဘာလင်ကို တစ်ရာသီ အငှားဖြင့် ပြောင်းမှာဖြစ်တယ်။ လီဗာပူးဘက်က အပြီးသတ် ရောင်းဖို့ ညိနှိုင်းလိုသော်လည်း အဆင်မပြေဘဲ အငှားဖြင့်ပဲ ထွက်ခွာသွားဖွယ်ရှိတယ်။ ဒီည အာဆင်နယ်ပွဲမှာတော့ အယ်လီဆန် မပါနိုင်ဖို့ သေချာသလောက် ရှိနေတာကြောင့် အတ်ဒရီယန် ဂိုးဖမ်းမှာဖြစ်ကာ အရန်ဂိုးသမားအဖြစ် ကားရီးယက်စ် ပါဝင်ဖွယ်ရှိတယ်။

ဒီလထဲမှာ ဝဲလ်ဆန်နည်းတူ ဘရူးစတားကလည်း ထွက်ခွာမှာဖြစ်ကာ အင်္ဂလန်တိုက်စစ်သမားက အသင်းပြောင်းဖို့ကို ဆုံးဖြတ်ခဲ့ပါပြီ။ ဂရုဂျစ်ကလည်း ထွက်ခွာမှာဖြစ်ပြီး ဘွန်ဒက်လီဂါကလပ် မွန်ချန်ဂလာဘတ်နဲ့ ညိနှိုင်းနေဆဲဖြစ်တယ်။ ပြောင်းရွှေ့ကြေးနဲ့ အခြားသော ခံစားခွင့်တွေ ညိနှိုင်းမှုက ဒီအပတ်ထဲမှာ ပြီးမယ်လို့တော့ မထင်ရသေးပါဘူး။

လီဗာပူးဘက်က အိုရီဂီနဲ့ ရှာကွီရီကို ရောင်းထုတ်လိုသော်လည်း ကမ်းလှမ်းတဲ့ကလပ်တွေ မရှိခြင်းကြောင့် အသင်းမှာပဲ ဆက်ရှိနေမယ် အခြေအနေဖြစ်ပါတယ်။ ဝုဒ်ဘမ်းကလည်း နယ်သာလန်လိဂ်ကို ပြောင်းဖို့ အဆင်မပြေခြင်းကြောင့် လိဂ်ဝမ်းကလပ် ဟူးစီးတီးကိုပဲ ပြောင်းဖို့ နီးစပ်နေတယ်။

နက်ဖီးလစ်ကို ကမ်းလှမ်းတဲ့ ကလပ်တွေရှိပေမယ့် အခုချိန်ထိတော့ ပြောင်းရွှေ့နိုင်ခြင်း မရှိသေးကာ သူ့ကိုခေါ်ယူဖို့ ဂျာမနီနဲ့ နယ်သာလန်ကလပ်တွေကလည်း စိတ်ဝင်စားနေတယ်။ ဂိုးသမားသစ် Pitaluga ကတော့ ဒီအပတ်မှာပဲ မဲဝုဒ်မှာ လီဗာပူးအသင်းနဲ့ ပူးပေါင်းမှာဖြစ်ကာ ယူ-၂၃ အသင်းအတွက် အဓိက ကစားမှာဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ကလပ္ ဘန္ေလအသင္းဟာ လီဗာပူးတိုက္စစ္သမား ဝဲလ္ဆန္ကို ေခၚယူဖို႔ ကမ္းလွမ္းမႈ ေပးပို႔ထားျပီျဖစ္ေၾကာင္း The Athletic က ေဖာ္ျပပါတယ္။

ဘန္ေလဘက္က ကမ္းလွမ္းမႈက ကနဦး ေပါင္ ၁၂ သန္းျဖစ္ကာ ထပ္တိုး ေပါင္ ၄ သန္း ပါဝင္မွာျဖစ္တယ္။ လီဗာပူးအသင္းဟာ ဝဲလ္ဆန္ကို ေသခ်ာေပါက္ ေရာင္းထုတ္မွာ ျဖစ္ေပမယ့္ လိုခ်င္တဲ့ ေျပာင္းေရႊ႔ေၾကးေတာ့ မရဘဲ ဘန္ေလရဲ႕ ေပါင္ ၁၆ သန္းျဖင့္ ကမ္းလွမ္းမႈဟာ လက္ရွိ အခ်ိန္ထိ ရထားတဲ့ အျမင့္ဆံုး ကမ္းလွမ္းမႈျဖစ္ပါတယ္။

ဂိုးသမား ကားရီးယက္ကေတာ့ ဒီအပတ္မွာပဲ ယူနီရန္ ဘာလင္ကို တစ္ရာသီ အငွားျဖင့္ ေျပာင္းမွာျဖစ္တယ္။ လီဗာပူးဘက္က အျပီးသတ္ ေရာင္းဖို႔ ညိႏိႈင္းလိုေသာ္လည္း အဆင္မေျပဘဲ အငွားျဖင့္ပဲ ထြက္ခြာသြားဖြယ္ရွိတယ္။ ဒီည အာဆင္နယ္ပြဲမွာေတာ့ အယ္လီဆန္ မပါႏုိင္ဖို႔ ေသခ်ာသေလာက္ ရွိေနတာေၾကာင့္ အတ္ဒရီယန္ ဂိုးဖမ္းမွာျဖစ္ကာ အရန္ဂိုးသမားအျဖစ္ ကားရီးယက္စ္ ပါဝင္ဖြယ္ရွိတယ္။

ဒီလထဲမွာ ဝဲလ္ဆန္နည္းတူ ဘရူးစတားကလည္း ထြက္ခြာမွာျဖစ္ကာ အဂၤလန္တိုက္စစ္သမားက အသင္းေျပာင္းဖို႔ကို ဆံုးျဖတ္ခဲ့ပါျပီ။ ဂရုဂ်စ္ကလည္း ထြက္ခြာမွာျဖစ္ျပီး ဘြန္ဒက္လီဂါကလပ္ မြန္ခ်န္ဂလာဘတ္နဲ႔ ညိႏိႈင္းေနဆဲျဖစ္တယ္။ ေျပာင္းေရႊ႔ေၾကးနဲ႔ အျခားေသာ ခံစားခြင့္ေတြ ညိႏိႈင္းမႈက ဒီအပတ္ထဲမွာ ျပီးမယ္လို႔ေတာ့ မထင္ရေသးပါဘူး။

လီဗာပူးဘက္က အိုရီဂီနဲ႔ ရွာကီြရီကို ေရာင္းထုတ္လိုေသာ္လည္း ကမ္းလွမ္းတဲ့ကလပ္ေတြ မရွိျခင္းေၾကာင့္ အသင္းမွာပဲ ဆက္ရွိေနမယ္ အေျခအေနျဖစ္ပါတယ္။ ဝုဒ္ဘမ္းကလည္း နယ္သာလန္လိဂ္ကို ေျပာင္းဖို႔ အဆင္မေျပျခင္းေၾကာင့္ လိဂ္ဝမ္းကလပ္ ဟူးစီးတီးကိုပဲ ေျပာင္းဖို႔ နီးစပ္ေနတယ္။

နက္ဖီးလစ္ကို ကမ္းလွမ္းတဲ့ ကလပ္ေတြရွိေပမယ့္ အခုခ်ိန္ထိေတာ့ ေျပာင္းေရႊ႔ႏုိင္ျခင္း မရွိေသးကာ သူ႔ကိုေခၚယူဖို႔ ဂ်ာမနီနဲ႔ နယ္သာလန္ကလပ္ေတြကလည္း စိတ္ဝင္စားေနတယ္။ ဂိုးသမားသစ္ Pitaluga ကေတာ့ ဒီအပတ္မွာပဲ မဲဝုဒ္မွာ လီဗာပူးအသင္းနဲ႔ ပူးေပါင္းမွာျဖစ္ကာ ယူ-၂၃ အသင္းအတြက္ အဓိက ကစားမွာျဖစ္ပါတယ္။