အာဆင်နယ်ကို ၃-၁ နဲ့ အနိုင်ရတဲ့ပွဲက ယာဂင်ကို အတော်လေး စိတ်လှုပ်ရှားစေခဲ့ပုံပါ။ မယ်တယ်သမားကြီး ယာဂင်က ပွဲအပြီး အင်တာဗျူးမှာ ခပ်ကြမ်းကြမ်း စကားလုံးတွေကို မာန်ပါပါ ထည့်ပြောခဲ့တယ်။

အထူးသဖြင့် အာဆင်နယ်ရဲ့ ကစားဟန်ကို လုံးဝ ဖျက်ဆီးပစ်ခဲ့တာဆိုတဲ့ ကလော့ပ်ရဲ့ ဂုဏ်ယူစွာ ပြောဆိုမှုအပြင် လီဗာပူးရဲ့ ကစားနိုင်စွမ်းကို သူကိုယ်တိုင် အံ့အားသင့်ခဲ့ရတယ်ဆိုတဲ့ ချီးကျူးမှုတွေကို ခပ်ကြမ်းကြမ်း ပြောခဲ့ပါတယ်။

ကလော့ပ်က ” ကျနေ်ာတို့ သိပ်ကောင်းတဲ့ အခိုက်အတန့်ကောင်းတွေ အများကြီးကို ပိုင်ဆိုင်ခဲ့တယ်။ အခွင့်အရေးတိုင်းကို အဆုံးသတ်နိုင်ဖို့ဆိုတာတော့ ကျနေ်ာ ကိုယ်တိုင်လည်း အိပ်မက် မက်မနေပါဘူး။ ကျနော်တို့ ၁-၀ နဲ့ ဦးဆောင်ခံလိုက်ရတယ် ဒါပေမယ့် ကျနေ်ာတို့နိုင်တယ်။ တကယ်ကို ထိုက်တန်လွန်းတဲ့ နိုင်ပွဲပါပဲ။

ကျနေ်ာတို့ ဂိုးတွေ ပိုရခဲ့သင့်လား? ရခဲ့သင့်တာပေါ့။ အာဆင်နယ်ကော ဂိုးတွေရခဲ့သင့်လား? ရသင့်တာပေါ့။ ကျနေ်ာတို့က လိုင်းတွေကို မြင့်ပြီး ကစားခဲ့ကြတာလေ။ ခံစစ်လိုင်းတွေကို မမြင်ပါဘဲ အူဘာမီယန်လို တိုက်စစ်သမားကို ကျနေ်ာတို့က ဘယ်လို သွားကာကွယ်လို့ ရမှာလဲ?

အချိန်တိုင်းမှာ ကျနေ်ာတို့က သူတို့ကို အပြစ်တွေ ပေးနေခဲ့တယ်။ သူတို့ရဲ့ ပွဲအတွက် ပြင်ဆင်ထားတဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်ခဲ့တယ်။ သူတို့ ပြန်ချေဖို့ ကြိုးစားပေမယ့် ကျနေ်ာတို့က ထပ်ဖန်တလဲလဲ သူတို့ကို ဖျက်ဆီးပစ်ခဲ့တယ်။

ကျနေ်ာတို့ ရနိုင်သလောက် အမြင့်ဆုံး နေရာတွေမှာ ဘောလုံးကို ရယူလိုခဲ့တယ်။ အဲ့အပိုင်းမှာတော့ ကျနော် လုံးဝ စိတ်မပျက်ခဲ့ရပါဘူး။ ပွဲက အခြားတစ်ဘက်လည်း ဖြစ်သွားနိုင်ခဲ့တယ်။ အာဆင်နယ်က ဂိုးတွေ သွင်းနိုင်ခဲ့ရင်တော့ လုံးဝ ခြားနားသွားမှာပါ။ အားလုံးက ကိုယ်ဘယ်လို ကစားမလဲ၊ အခွင့်အရေး ဘယ်လို ဖန်တီးမလဲဆိုတဲ့ စွမ်းဆောင်ရည်ပေါ်မှာပဲ မူတည်ပါတယ်။

အခုမှ ရာသီအစပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဒီပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်အတွက် ကျနော် ပြောစရာရှိတာက တကယ်ကို ဝိုး..ပါပဲ ” ဆိုပြီးကို ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်ကို အနိုင်ရခဲ့တာကြောင့် လီဗာပူူးဟာ အဖွင့် ၃ ပွဲလုံးကို အနိုင်ရထားပြီး ရနိုင်တဲ့ ရမှတ် ၉ မှတ်အပြည့် ရယူထားနိုင်ပြီဖြစ်ပါတယ်။

ZAWGYI

အာဆင္နယ္ကို ၃-၁ နဲ႔ အႏုိင္ရတဲ့ပြဲက ယာဂင္ကို အေတာ္ေလး စိတ္လႈပ္ရွားေစခဲ့ပံုပါ။ မယ္တယ္သမားၾကီး ယာဂင္က ပြဲအျပီး အင္တာဗ်ဴးမွာ ခပ္ၾကမ္းၾကမ္း စကားလံုးေတြကို မာန္ပါပါ ထည့္ေျပာခဲ့တယ္။

အထူးသျဖင့္ အာဆင္နယ္ရဲ႕ ကစားဟန္ကို လံုးဝ ဖ်က္ဆီးပစ္ခဲ့တာဆိုတဲ့ ကေလာ့ပ္ရဲ႕ ဂုဏ္ယူစြာ ေျပာဆိုမႈအျပင္ လီဗာပူးရဲ႕ ကစားႏုိင္စြမ္းကို သူကိုယ္တိုင္ အံ့အားသင့္ခဲ့ရတယ္ဆိုတဲ့ ခ်ီးက်ဴးမႈေတြကို ခပ္ၾကမ္းၾကမ္း ေျပာခဲ့ပါတယ္။

ကေလာ့ပ္က ” က်ေန္ာတို႔ သိပ္ေကာင္းတဲ့ အခိုက္အတန္႔ေကာင္းေတြ အမ်ားၾကီးကို ပိုင္ဆိုင္ခဲ့တယ္။ အခြင့္အေရးတိုင္းကို အဆံုးသတ္ႏုိင္ဖို႔ဆိုတာေတာ့ က်ေန္ာ ကိုယ္တိုင္လည္း အိပ္မက္ မက္မေနပါဘူး။ က်ေနာ္တုိ႔ ၁-၀ နဲ႔ ဦးေဆာင္ခံလိုက္ရတယ္ ဒါေပမယ့္ က်ေန္ာတို႔ႏုိင္တယ္။ တကယ္ကို ထိုက္တန္လြန္းတဲ့ ႏုိင္ပြဲပါပဲ။

က်ေန္ာတို႔ ဂိုးေတြ ပိုရခဲ့သင့္လား? ရခဲ့သင့္တာေပါ့။ အာဆင္နယ္ေကာ ဂိုးေတြရခဲ့သင့္လား? ရသင့္တာေပါ့။ က်ေန္ာတုိ႔က လိုင္းေတြကို ျမင့္ျပီး ကစားခဲ့ၾကတာေလ။ ခံစစ္လိုင္းေတြကို မျမင္ပါဘဲ အူဘာမီယန္လို တိုက္စစ္သမားကို က်ေန္ာတို႔က ဘယ္လို သြားကာကြယ္လို႔ ရမွာလဲ?

အခ်ိန္တိုင္းမွာ က်ေန္ာတို႔က သူတို႔ကို အျပစ္ေတြ ေပးေနခဲ့တယ္။ သူတို႔ရဲ႕ ပြဲအတြက္ ျပင္ဆင္ထားတဲ့ အစီအစဥ္ေတြကို ဖ်က္ဆီးပစ္ခဲ့တယ္။ သူတို႔ ျပန္ေခ်ဖို႔ ၾကိဳးစားေပမယ့္ က်ေန္ာတို႔က ထပ္ဖန္တလဲလဲ သူတို႔ကို ဖ်က္ဆီးပစ္ခဲ့တယ္။

က်ေန္ာတို႔ ရႏုိင္သေလာက္ အျမင့္ဆံုး ေနရာေတြမွာ ေဘာလံုးကို ရယူလိုခဲ့တယ္။ အဲ့အပိုင္းမွာေတာ့ က်ေနာ္ လံုးဝ စိတ္မပ်က္ခဲ့ရပါဘူး။ ပြဲက အျခားတစ္ဘက္လည္း ျဖစ္သြားႏုိင္ခဲ့တယ္။ အာဆင္နယ္က ဂိုးေတြ သြင္းႏုိင္ခဲ့ရင္ေတာ့ လံုးဝ ျခားနားသြားမွာပါ။ အားလံုးက ကိုယ္ဘယ္လို ကစားမလဲ၊ အခြင့္အေရး ဘယ္လို ဖန္တီးမလဲဆိုတဲ့ စြမ္းေဆာင္ရည္ေပၚမွာပဲ မူတည္ပါတယ္။

အခုမွ ရာသီအစပဲ ရွိပါေသးတယ္။ ဒါေပမယ့္ ဒီပြဲမွာ ျပသခဲ့တဲ့ စြမ္းေဆာင္ရည္အတြက္ က်ေနာ္ ေျပာစရာရွိတာက တကယ္ကို ဝိုး..ပါပဲ ” ဆိုျပီးကို ခ်ီးက်ဴးခဲ့ပါတယ္။

အာဆင္နယ္ကို အႏုိင္ရခဲ့တာေၾကာင့္ လီဗာပူူးဟာ အဖြင့္ ၃ ပြဲလံုးကို အႏုိုင္ရထားျပီး ရႏုိင္တဲ့ ရမွတ္ ၉ မွတ္အျပည့္ ရယူထားႏုိင္ျပီျဖစ္ပါတယ္။