လီဗာပူးအသင်းနဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားပြီး ၃-၁ အနိုင်ရလဒ် ထွက်ပေါ်တဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ကွင်းလယ်လူ သီယာဂိုဟာ အရန်စာရင်းမှာတောင် မပါနိုင်ခဲ့ပါဘူး။

သီယာဂိုနဲ့ အယ်လီဆန်တို့ဟာ စနေနေ့ လေ့ကျင့်ရေးက စတင်ကာ မပါနိုင်ခဲ့ကြတာဖြစ်ပြီး လီဗာပူးဘက်က သတင်းထုတ်ပြန်ခြင်း မရှိပေမယ့် ကိုဗစ် သံသယကြောင့် လူစာရင်းက ထုတ်ထားခဲ့တာလို့ သိထားရတယ်။ ပွဲနေ့မှာတော့ အယ်လီဆန်က ပြန်လည် ပါဝင်လာခဲ့ပြီး သီယာဂိုကတော့ လုံးဝ မပါလာနိုင်ခဲ့တာဖြစ်ပါတယ်။

နွေဈေးကွက်မှာ ဘိုင်ယန်ကနေ ပေါင် သန်း ၂၀ ဖြင့် လီဗာပူး ခေါ်ယူထားခဲ့တဲ့ သီယာဂိုဟာ ချယ်ဆီးပွဲမှာ ၄၅ မိနစ် ပါဝင်ကစားခဲ့တယ်။ ဒါပေမယ့်လို့ ဒဏ်ရာရနေတယ်ဆိုတဲ့ သတင်းတွေက မှန်ကန်ကြောင်း ကလော့ပ်က ဝန်ခံခဲ့ပြီး အောက်တိုဘာ နိုင်ငံတကာပြီးမှ ကြံ့ခိုင်မှု အကောင်းဆုံး အခြေအနေမှာ ရှိနေမယ်လို့ အာဆင်နယ်ပွဲ မစခင်မှာ ထုတ်ပြောပါတယ်။

ကလော့ပ်က ‘ နိုင်ငံတကာ သီတင်းပတ်အပြီးမှာ သီယာဂိုက အဆင်ပြေမှာပါ။ အဲ့တာက သေချာပါတယ်။ ဒါက လက်တလော အခြေအနေပါပဲ။ သူက အာဆင်နယ်နဲ့ပွဲမှာ ပါဝင်ကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိပါဘူး ‘ လို့ ဆိုခဲ့တယ်။

ယာဂင်ရဲ့ ပြောဆိုမှုကြောင့် သီယာဂိုဟာ မာဆေးဆိုဒ်ဒါဘီ အပါအဝင် လီဗာပူးရဲ့ လာမယ့် ပွဲစဉ် သုံးပွဲကို လွဲချော်ဖွယ်ရှိတယ်။ အာဆင်နယ်ပွဲမှာတော့ ဒဏ်ရာရနေတဲ့ ဟန်ဒါဆန်နဲ့ ချိန်ဘာလိန်တို့ မပါနိုင်ခဲ့ပေမယ့် ဂိုးမက်စ် ပြန်လည်ပါဝင်ခဲ့ကာ အယ်လီဆန်လည်း ကစားနိုင်ခဲ့ပါတယ်။ ဟန်ဒိုကတော့ လာမယ့်ပွဲကစပြီး ပြန်လည် ပါဝင်နိုင်ဖို့ ရှိနေပါတယ်။

ZAWGYI

လီဗာပူးအသင္းနဲ႔ အာဆင္နယ္တို႔ ယွဥ္ျပိဳင္ကစားျပီး ၃-၁ အႏုိင္ရလဒ္ ထြက္ေပၚတဲ့ ပရီးမီးယားလိဂ္ပြဲမွာေတာ့ ကြင္းလယ္လူ သီယာဂိုဟာ အရန္စာရင္းမွာေတာင္ မပါႏုိင္ခဲ့ပါဘူး။

သီယာဂိုနဲ႔ အယ္လီဆန္တို႔ဟာ စေနေန႔ ေလ့က်င့္ေရးက စတင္ကာ မပါႏုိင္ခဲ့ၾကတာျဖစ္ျပီး လီဗာပူးဘက္က သတင္းထုတ္ျပန္ျခင္း မရွိေပမယ့္ ကိုဗစ္ သံသယေၾကာင့္ လူစာရင္းက ထုတ္ထားခဲ့တာလို႔ သိထားရတယ္။ ပြဲေန႔မွာေတာ့ အယ္လီဆန္က ျပန္လည္ ပါဝင္လာခဲ့ျပီး သီယာဂိုကေတာ့ လံုးဝ မပါလာႏုိင္ခဲ့တာျဖစ္ပါတယ္။

ေႏြေစ်းကြက္မွာ ဘိုင္ယန္ကေန ေပါင္ သန္း ၂၀ ျဖင့္ လီဗာပူး ေခၚယူထားခဲ့တဲ့ သီယာဂိုဟာ ခ်ယ္ဆီးပြဲမွာ ၄၅ မိနစ္ ပါဝင္ကစားခဲ့တယ္။ ဒါေပမယ့္လို႔ ဒဏ္ရာရေနတယ္ဆိုတဲ့ သတင္းေတြက မွန္ကန္ေၾကာင္း ကေလာ့ပ္က ဝန္ခံခဲ့ျပီး ေအာက္တိုဘာ ႏုိင္ငံတကာျပီးမွ ၾကံ႕ခိုင္မႈ အေကာင္းဆံုး အေျခအေနမွာ ရွိေနမယ္လို႔ အာဆင္နယ္ပြဲ မစခင္မွာ ထုတ္ေျပာပါတယ္။

ကေလာ့ပ္က ‘ ႏုိင္ငံတကာ သီတင္းပတ္အျပီးမွာ သီယာဂိုက အဆင္ေျပမွာပါ။ အဲ့တာက ေသခ်ာပါတယ္။ ဒါက လက္တေလာ အေျခအေနပါပဲ။ သူက အာဆင္နယ္နဲ႔ပြဲမွာ ပါဝင္ကစားဖို႔ လံုေလာက္တဲ့ ၾကံ႕ခိုင္မႈ မရွိပါဘူး ‘ လို႔ ဆိုခဲ့တယ္။

ယာဂင္ရဲ႕ ေျပာဆိုမႈေၾကာင့္ သီယာဂိုဟာ မာေဆးဆိုဒ္ဒါဘီ အပါအဝင္ လီဗာပူးရဲ႕ လာမယ့္ ပြဲစဥ္ သံုးပြဲကို လြဲေခ်ာ္ဖြယ္ရွိတယ္။ အာဆင္နယ္ပြဲမွာေတာ့ ဒဏ္ရာရေနတဲ့ ဟန္ဒါဆန္နဲ႔ ခ်ိန္ဘာလိန္တို႔ မပါႏုိင္ခဲ့ေပမယ့္ ဂိုးမက္စ္ ျပန္လည္ပါဝင္ခဲ့ကာ အယ္လီဆန္လည္း ကစားႏုိင္ခဲ့ပါတယ္။ ဟန္ဒိုကေတာ့ လာမယ့္ပြဲကစျပီး ျပန္လည္ ပါဝင္ႏုိင္ဖို႔ ရွိေနပါတယ္။