လီဗာပူး တိုက်စစ်သမားသစ်လေး ဂျိုတာက အနီရောင်ဂျာစီဖြင့် ပထမဆုံး ကစားရတဲ့ အမှတ်ပေးပွဲမှာတင် ဂိုးရယူနိုင်ခဲ့တာကို အတော်လေး ပျော်နေပါတယ်။
ဂျိုတာက ” သိပ်ကောင်းတဲ့ ခံစားချက်ပါပဲ။ အန်ဖီးကွင်းတစ်ခုလုံး ပရိသတ်တွေ ပြည့်နေဖို့တောင်း ဆုတောင်းမိလိုက်ပါသေးတယ်ဗျာ။ ဒါပေမယ့် အသင်းအတွက် နိုင်ပွဲဆိုတာ ရလဒ်ကောင်းကို သေချာစေခဲ့တာအတွက် ပျော်မိပါတယ်။
ဘောလုံးမှာ တခါတလေ ကိုယ်က ဂိုးသွင်းနိုင်မယ်၊ တခါတလေ လွဲချော်တတ်ပါတယ်။ ကိုယ်က ဂိုးသွင်းနိုင်မယ်ဆိုတဲ့အပေါ် ယုံကြည်နေဖို့ပဲ လိုပါတယ်။ ကံကောင်းစွာပဲ ကျနော် ဂိုးရယူနိုင်ခဲ့တယ် ” လို့ ဂျိုတာက ပျော်ရွှင်စွာ ဖွင့်ဟပါတယ်။
ဂျိုတာဟာ မိနစ် ၈၀ မှာမှ မာနေးနေရာ လူစားဝင် ကစားခွင့်ရခဲ့တာပါ။ ကလော့ပ်က ပြင်းပြင်းထန်ထန် ကစားထားခြင်းကြောင့် သက်လုံကျလာတဲ့ မာနေးနေရာမှာ နည်းစနစ်ပိုင်းအရ ဂျိုတာနဲ့ လူစားလဲခဲ့ခြင်းလို့ ယူဆရပြီး ပေါ်တူဂီသားကလည်း ရလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချခဲ့တယ်။
ဂျိုတာကပဲ ” မန်နေဂျာက ကျနော်တို့ လုပ်နေတဲ့အတိုင်းပဲ ဖိအားပေးမှုကို ဆက်လုပ်ဖို့ မှာခဲ့တယ်။ ဘောလုံးနဲ့ ထိတွေ့ခွင့်ရပြီး ကျနော် ကစားနေကျအတိုင်း ကစားခွင့်ရတာအတွက် ပျော်မိပါတယ်။ ဘောလုံးကို ကောင်းကောင်းကစားနိုင်ခဲ့ပြီး ဘောလုံး မပါချိန်တွေမှာလည်း ဖိအားပေးနိုင်ခဲ့တယ်။
လေ့ကျင့်ရေးမှာ ကျနော် လုပ်ရမယ့် အလုပ်ကို နေ့တိုင်း ကြိုးစားလုပ်ပါမယ်။ ပြင်းပြင်းထန်ထန် ကြိုးစားပြီး ပွဲနေ့တွေမှာ ကျနော် အခွင့်အရေး ရအောင်ယူမယ်။ ပထမဆုံးကတော့ အမြဲတမ်း အခက်ဆုံးပါပဲ။ အရေးကြီးဆုံးကတော့ ဆက်လက်ပြီး ဂိုးတွေ ရဖို့ပါ။ ကျနော် တစ်ဂိုး ရခဲ့ပါပြီ။ အများကြီး ဆက်သွင်းလိုပါတယ်။
ကျနော်တို့ အစကောင်းနေပါတယ်။ သုံးပွဲ ကစားထားတယ်။ ကျနော်တို့ ဆက်ပြီး ကြိုးစားလိုပါတယ်။ နောက်ပွဲမှာလည်း အနိုင် သုံးမှတ်ရဖို့ ကြိုးစားသွားမှာပါ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ZAWGYI