လီဗာပူးနဲ့ အာဆင်နယ် ပွဲအပြီးမှာ စကိုင်းစပေါ့ စတူဒီယိုကနေ ရိုင်ကိန်းက လီဗာပူးကစားဟန်က လျော့ရဲတယ်ဆိုတဲ့ မှတ်ချက်စကား ထုတ်ပြောခဲ့တယ်။

အင်တာဗျူးဖြေဖို့ ပြင်နေတဲ့ ယာဂင်က ရိုင်ကိန်းရဲ့ မှတ်ချက်ကို ကြားခဲ့ပြီး သူ့မိုက်ကနေတစ်ဆင့် မစ္စတာရိုင်ကိန်းက လီဗာပူးကစားဟန်ကို လျော့ရဲတယ်လို့များ ပြောလိုက်ပါသလားဆိုပြီး ပြန်လည် မေးခွန်းထုတ်ခဲ့တယ်။

ပွဲကို အစမှ အဆုံးထိ အပြည့်အဝ လွှမ်းမိုးခဲ့ပြီး အမြင့်ဆုံးသော ဖိအားပေးမှုတွေ လုပ်ခဲ့တဲ့ အသင်းကို ကစားဟန် လျော့ရဲတယ်လို့ ပြောတဲ့ ရိုင်ကိန်းကို ယာဂင်က ပြန်လည် မေးခွန်းထုတ်ခဲ့ခြင်းဖြစ်တယ်။ ဒါ့အပြင် ဒီပွဲမှာ လီဗာပူးက ညံ့ပါတယ်လို့ ထောက်ပြစရာ တစ်ကွက်တောင် မရှိဘူးလို့ ကလော့ပ်က ပြန်တုန့်ပြန်ခဲ့တယ်။

စကိုင်းစပေါ့အတွက် ပွဲပြီး အင်တာဗျူး လုပ်နေစဉ်မှာ ယာဂင်ကလော့ပ်က ” မစ္စတာ ကိန်းက ငါတို့ရဲ့ ကစားဟန်ကို လျော့ရဲရဲနိုင်တယ်လို့ ပြောတာကို ငါကြားလိုက်တာလား။ သူ အဲ့လို ပြောလိုက်တာလား? ငါတို့ ကစားတာ လျော့ရဲတယ်လို့များ သူပြောလိုက်တာလား? ငါ ပြန်ကြားချင်တယ်။ သူက ဒီပွဲအတွက် မယုံနိုင်လောက်တဲ့ ညွှန်းဆိုမှုကို လုပ်လိုက်တာပဲ။

လုံးဝ မဟုတ်ဘူး။ ဒီပွဲက တစ်စက်ကလေးတောင် မသေသပ်ဘူးခဲ့ခြင်း မရှိဘူး။ ပုံစံကောင်းမှာ ရှိနေတဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ကစားပြီး ငါတို့ လွှမ်းမိုးကစားခဲ့တယ်။ ငရဲကျစေမယ့် အာဆင်နယ်ရဲ့ ကောင်တာ-တိုက်စစ်တွေကနေ ငါတို့ အမိဖမ်းမခံရဖို့ ဂရုတစိုက်ကို ကိုင်တွယ်ခဲ့တာဖြစ်တယ်။

အယ်လီဆန်က တစ်ကြိမ် ကာကွယ်ခဲ့ရတယ်။ သူတို့ ငါတို့ ခံစစ်ကို ၂ ကြိမ် ကျော်ဖြတ်ပြေးခဲ့တယ်။ အဲ့တာကလွဲရင် ငါတို့က ဒီညမှာ သိပ်ကို ထူးချွန်ပြောင်မြောက်တဲ့ ကစားဟန်ကို ကစားခဲ့တာဖြစ်တယ်။ ဒီညပွဲမှာ ညံ့ပါတယ်လို့ ပြောစရာ ဘာတစ်ခုမှ မရှိဘူး။ ရှိခဲ့ရင် ပြိုင်ဘက်အသင်းက လျော့ရဲ့စွ ာကစားခဲ့တယ်လို့ ပြောနိုင်စရာ တစ်ခုပဲရှိမယ် ” လို့ ဒဲ့တိုး ပြန်တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ အာဆင္နယ္ ပြဲအျပီးမွာ စကိုင္းစေပါ့ စတူဒီယိုကေန ရိုင္ကိန္းက လီဗာပူးကစားဟန္က ေလ်ာ့ရဲတယ္ဆိုတဲ့ မွတ္ခ်က္စကား ထုတ္ေျပာခဲ့တယ္။

အင္တာဗ်ဴးေျဖဖို႔ ျပင္ေနတဲ့ ယာဂင္က ရိုင္ကိန္းရဲ႕ မွတ္ခ်က္ကို ၾကားခဲ့ျပီး သူ႔မိုက္ကေနတစ္ဆင့္ မစၥတာရိုင္ကိန္းက လီဗာပူးကစားဟန္ကို ေလ်ာ့ရဲတယ္လို႔မ်ား ေျပာလိုက္ပါသလားဆိုျပီး ျပန္လည္ ေမးခြန္းထုတ္ခဲ့တယ္။

ပြဲကို အစမွ အဆံုးထိ အျပည့္အဝ လႊမ္းမိုးခဲ့ျပီး အျမင့္ဆံုးေသာ ဖိအားေပးမႈေတြ လုပ္ခဲ့တဲ့ အသင္းကို ကစားဟန္ ေလ်ာ့ရဲတယ္လို႔ ေျပာတဲ့ ရိုင္ကိန္းကို ယာဂင္က ျပန္လည္ ေမးခြန္းထုတ္ခဲ့ျခင္းျဖစ္တယ္။ ဒါ့အျပင္ ဒီပြဲမွာ လီဗာပူးက ညံ့ပါတယ္လို႔ ေထာက္ျပစရာ တစ္ကြက္ေတာင္ မရွိဘူးလို႔ ကေလာ့ပ္က ျပန္တုန္႔ျပန္ခဲ့တယ္။

စကိုင္းစေပါ့အတြက္ ပြဲျပီး အင္တာဗ်ဴး လုပ္ေနစဥ္မွာ ယာဂင္ကေလာ့ပ္က ” မစၥတာ ကိန္းက ငါတို႔ရဲ႕ ကစားဟန္ကို ေလ်ာ့ရဲရဲႏုိင္တယ္လို႔ ေျပာတာကို ငါၾကားလိုက္တာလား။ သူ အဲ့လို ေျပာလိုက္တာလား? ငါတို႔ ကစားတာ ေလ်ာ့ရဲတယ္လို႔မ်ား သူေျပာလိုက္တာလား? ငါ ျပန္ၾကားခ်င္တယ္။ သူက ဒီပြဲအတြက္ မယံုႏုိင္ေလာက္တဲ့ ညႊန္းဆိုမႈကို လုပ္လိုက္တာပဲ။

လံုးဝ မဟုတ္ဘူး။ ဒီပြဲက တစ္စက္ကေလးေတာင္ မေသသပ္ဘူးခဲ့ျခင္း မရွိဘူး။ ပံုစံေကာင္းမွာ ရွိေနတဲ့ အသင္းတစ္သင္းကို ရင္ဆိုင္ကစားျပီး ငါတို႔ လႊမ္းမိုးကစားခဲ့တယ္။ ငရဲက်ေစမယ့္ အာဆင္နယ္ရဲ႕ ေကာင္တာ-တိုက္စစ္ေတြကေန ငါတို႔ အမိဖမ္းမခံရဖို႔ ဂရုတစိုက္ကို ကိုင္တြယ္ခဲ့တာျဖစ္တယ္။

အယ္လီဆန္က တစ္ၾကိမ္ ကာကြယ္ခဲ့ရတယ္။ သူတို႔ ငါတို႔ ခံစစ္ကို ၂ ၾကိမ္ ေက်ာ္ျဖတ္ေျပးခဲ့တယ္။ အဲ့တာကလြဲရင္ ငါတို႔က ဒီညမွာ သိပ္ကို ထူးခၽြန္ေျပာင္ေျမာက္တဲ့ ကစားဟန္ကို ကစားခဲ့တာျဖစ္တယ္။ ဒီညပြဲမွာ ညံ့ပါတယ္လို႔ ေျပာစရာ ဘာတစ္ခုမွ မရွိဘူး။ ရွိခဲ့ရင္ ျပိဳင္ဘက္အသင္းက ေလ်ာ့ရဲ႕စြ ာကစားခဲ့တယ္လို႔ ေျပာႏုိင္စရာ တစ္ခုပဲရွိမယ္ ” လို႔ ဒဲ့တိုး ျပန္တုန္႔ျပန္ခဲ့တာျဖစ္ပါတယ္။