Month

September 2020

ကြီး ၆ ကြီးမှာ King ဖြစ်လာတဲ့ ကလော့ပ်နဲ့ စီနီယာအသင်းသား တစ်ဦးကို ဖယ်ထုတ်ရမယ့် လီဗာပူး

လီဗာပူးအသင်းက လန်ဒန်ကလပ်တွေဖြစ်တဲ့ ချယ်ဆီးနဲ့ အာဆင်နယ်တို့ကို ဆက်တိုက် ရင်ဆိုင်ပြီး အနိုင်ယူခဲ့တာကြောင့် ကြီး ၆ ကြီးကြား ထိပ်တိုက်တွေ့မှုမှာ အမြင့်ဆုံး မှတ်တမ်းကို ရလာခဲ့ပါပြီ။ ယာဂင်ကလော့ပ်ဟာ လီဗာပူးကို တာဝန်ယူပြီးနောက်ပိုင်းမှာ ကြီး ၆ ကြီးကြား ထိပ်တိုက်တွေ့မှုအဖြစ် ပွဲပေါင်း ၅၀ ရှိလာခဲ့ပြီဖြစ်ကာ ၈ ပွဲကိုပဲ အရေးနိမ့်ထားပါတယ်။ တူညီတဲ့ အပိုင်းအခြားမှာ မန်စီးတီးက ကြီး ၆ ကြီး ထိပ်တိုက်တွေ့မှု ၄၈ ပွဲ အတွင်း ရံှူးပွဲ ၁၇ ပွဲထိ… Continue Reading →

ကမ္ဘာပေါ်က လူတိုင်းအတွက် အန်ဖီးကွင်းက ခက်ခဲတဲ့ နေရာပါလို့ အာတီတာ ဝန်ခံ

အာဆင်နယ်မန်နေဂျာ အာတီတာက လီဗာပူးအသင်းကို ရံှူးနိမ့်အပြီးမှ အန်ဖီးကွင်းက ကစားရ သိပ်ခက်တဲ့ နေရာဖြစ်ကာ ဒီကွင်းမှာ ကစားရင် ရလာတဲ့ အခွင့်အရေးတိုင်းကို အသုံးချဖို့ လိုအပ်မယ်လို့ ဝန်ခံသွားပါတယ်။ ပွဲမစခင်တုန်းက အာတီတာက အန်ဖီးရဲ့ လွှမ်းမိုးမှု သိပ်ကြီးတာကို သိပေမယ့် ဒီကွင်းမှာ ကစားပြီး အနိုင်ရလဒ် ယူလိုတယ်လို့ ဆိုထားခဲ့တယ်။ ပွဲအပြီးမှာတော့ အန်ဖီးမှာ လီဗာပူးကို အနိုင်ယူဖို့ဆိုတာ ခက်ခဲကြောင်း အာတီတာက ဖွင့်ဟခဲ့တယ်။ အာတီတာက ” ကမ္ဘာပေါ်က ဘယ်သူ့အတွက်မဆို အန်ဖီးကွင်းက အရမ်းကို ခက်ခဲတဲ့… Continue Reading →

ပွဲစဉ် ၃ မှာတင် ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးဖြစ်မယ် ဟောကိန်းကို ပြောင်းလဲလိုက်တဲ့ နဗီး

ဂယ်ရီနဗီးက ရာသီစတုန်းက ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံက မန်စီးတီးဖြစ်မယ်ဆိုတဲ့ ဟောကိန်းကို ပြောင်းလိုက်ပါပြီလို့ ဆိုပါတယ်။ ရာသီသစ်မစခင်မှာ နဗီးက မန်စီးတီးက ကစားသမားသစ်တွေ အားဖြည့်နေပြီး လီဗာပူးက နှောင့်နှေးနေတာကြောင့် ချန်ပီယံဆုကို ကာကွယ်နိုင်မှာ မဟုတ်ပါဘူးလို့ ဆိုခဲ့တာပါ။ ဒါပေမယ့် လိဂ်ပွဲ ၃ ပွဲ ကစားပြီးချိန်မှာ နဗီးက သူ့ရဲ့ ဟောကိန်းကို ပြောင်းလဲလိုက်ပြီး ချန်ပီယံက မန်စီးတီး မဟုတ်ဘဲ လီဗာပူးပဲ ဖြစ်မယ်လို့ ပြောပါတယ်။ ဂယ်ရီနဗီးက “ ရာသီစတုန်းက မန်စီးတီးက ချန်ပီယံဖြစ်မယ်လို့ ကျနော်… Continue Reading →

အာဆင်နယ်က နေရာဟောင်း ပြန်ရောက်သွားခဲ့ပြီး လီဗာပူးက ပြိုင်ဘက်ကင်းဆိုတာ ပြသခဲ့တယ်

အန်ဖီးပွဲမှာ ချန်ပီယံခြေစွမ်းကိုပြခဲ့ပြီး အာတီတာရဲ့ ကောင်တာဗျူဟာကို အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့တဲ့ လီဗာပူးအသင်းကို ဂန်းနားဟောင်းကြီး ဆက်တန်က ဒေးလီးမေလ်းကနေ အခုလို ချီးကျူးခဲ့ပါတယ်။ ဒီပွဲကတော့ လီဗာပူးရဲ့ စစ်မှန်တဲ့ ချန်ပီယံခြေစွမ်းကို မြင်ခဲ့ရပြီး ယာဂန်ကလော့ပ်ရဲ့ အသင်းက အာတီတာရဲ့ ပုံစံအသစ်နဲ့ အာဆင်နယ်ကို သူတို့နေရာဟောင်းဆီ ပြန်ပို့ခဲ့တာပဲ ဖြစ်ပါတယ်။ ချန်ပီယံကာကွယ်သူတွေဟာ အန်ဖီးမှာ သူတို့ရဲ့ ပွဲကို လွှမ်းမိုးထားခဲ့ပြီး အကောင်းဆုံးရာသီ စတင်မှုကို မြင်တွေ့ခဲ့ရတာပါ။ သူတို့တွေ ခက်ခက်ခဲခဲ ကစားရလိမ့်မယ်လို့ သူများတွေက ထင်ခဲ့ကြပေမယ့် လီဗာပူးဟာ သူတို့… Continue Reading →

စည်းမျဉ်းသစ် နှစ်ခုကို သဘောမကျပေမယ့် လက်ခံနိုင်ဖို့ ကြိုးစားနေရကြောင်း ကလော့ပ် ဝန်ခံ

မန်နေဂျာ ယာဂင်ကလော့ပ်က အာဆင်နယ်ပွဲမှာ ကစားခဲ့တဲ့ ကစားဟန်ကို သဘောကျမှုနဲ့အတူ စည်းမျဉ်းတွေနဲ့ ပက်သက်လို့ ထုတ်ပြောမှုတွေ လုပ်သွားပါတယ်။ ကလော့ပ်က ” ပွဲတိုင်းကိုတော့ တူညီတဲ့ ကစားပုံ တည်ဆောက်မှုတွေ မလုပ်နိုင်ပါဘူး။ ကျနေ်ာတို့ ပထမဘောလုံးတွေကို အနိုင်ရဖို့ ကြိုးစားခဲ့ပြီး ဒုတိယဘောတွေအတွက်လည်း အဆင်သင့်ဖြစ်ဖို့ ပြင်ဆင်ထားရတယ်။ အာဆင်နယ်ကို ပြဿနာပေးဖို့ လုံလောက်စွာ ရဲရင့်နေဖို့လည်း လိုပါတယ်။ ဒီပွဲကို ကြိုက်ပါတယ်။ ဒုတိယပိုင်းမှာ ကျနေ်ာတို့ ဆက်ပြီး မကစားနိုင်တော့မှာကို စိတ်ပူခဲ့ပေမယ့် ကစားနိုင်ခဲ့တယ်။ ရာသီကြိုက လူတိုင်းအတွက် ခက်ခဲပါတယ်။… Continue Reading →

အာဆင်နယ်ပွဲမှ လီဗာပူး ကစားဟန်ကို လျော့ရဲတယ်လို့ ဝေဖန်တဲ့ ရိုင်ကိန်းကို ဒဲ့ ပြန်ဖိုက်တဲ့ ယာဂင်

လီဗာပူးနဲ့ အာဆင်နယ် ပွဲအပြီးမှာ စကိုင်းစပေါ့ စတူဒီယိုကနေ ရိုင်ကိန်းက လီဗာပူးကစားဟန်က လျော့ရဲတယ်ဆိုတဲ့ မှတ်ချက်စကား ထုတ်ပြောခဲ့တယ်။ အင်တာဗျူးဖြေဖို့ ပြင်နေတဲ့ ယာဂင်က ရိုင်ကိန်းရဲ့ မှတ်ချက်ကို ကြားခဲ့ပြီး သူ့မိုက်ကနေတစ်ဆင့် မစ္စတာရိုင်ကိန်းက လီဗာပူးကစားဟန်ကို လျော့ရဲတယ်လို့များ ပြောလိုက်ပါသလားဆိုပြီး ပြန်လည် မေးခွန်းထုတ်ခဲ့တယ်။ ပွဲကို အစမှ အဆုံးထိ အပြည့်အဝ လွှမ်းမိုးခဲ့ပြီး အမြင့်ဆုံးသော ဖိအားပေးမှုတွေ လုပ်ခဲ့တဲ့ အသင်းကို ကစားဟန် လျော့ရဲတယ်လို့ ပြောတဲ့ ရိုင်ကိန်းကို ယာဂင်က ပြန်လည် မေးခွန်းထုတ်ခဲ့ခြင်းဖြစ်တယ်။ ဒါ့အပြင်… Continue Reading →

၁၀ မိနစ် ဝင်ကစားပြီး လီဗာပူးကစားသမားဘဝ အဖွင့်ဂိုး သွင်းယူသွားနိုင်တဲ့ ဂျိုတာရဲ့ ပီတိ စကား

လီဗာပူး တိုက်စစ်သမားသစ်လေး ဂျိုတာက အနီရောင်ဂျာစီဖြင့် ပထမဆုံး ကစားရတဲ့ အမှတ်ပေးပွဲမှာတင် ဂိုးရယူနိုင်ခဲ့တာကို အတော်လေး ပျော်နေပါတယ်။ ဂျိုတာက ” သိပ်ကောင်းတဲ့ ခံစားချက်ပါပဲ။ အန်ဖီးကွင်းတစ်ခုလုံး ပရိသတ်တွေ ပြည့်နေဖို့တောင်း ဆုတောင်းမိလိုက်ပါသေးတယ်ဗျာ။ ဒါပေမယ့် အသင်းအတွက် နိုင်ပွဲဆိုတာ ရလဒ်ကောင်းကို သေချာစေခဲ့တာအတွက် ပျော်မိပါတယ်။ ဘောလုံးမှာ တခါတလေ ကိုယ်က ဂိုးသွင်းနိုင်မယ်၊ တခါတလေ လွဲချော်တတ်ပါတယ်။ ကိုယ်က ဂိုးသွင်းနိုင်မယ်ဆိုတဲ့အပေါ် ယုံကြည်နေဖို့ပဲ လိုပါတယ်။ ကံကောင်းစွာပဲ ကျနော် ဂိုးရယူနိုင်ခဲ့တယ် ” လို့ ဂျိုတာက… Continue Reading →

ယာဂင်ကလော့ပ် အတည်ပြုတဲ့ လီဗာပူးအတွက် သီယာဂို ပြန်ကစားနိုင်မယ့် အချိန်

လီဗာပူးအသင်းနဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားပြီး ၃-၁ အနိုင်ရလဒ် ထွက်ပေါ်တဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ကွင်းလယ်လူ သီယာဂိုဟာ အရန်စာရင်းမှာတောင် မပါနိုင်ခဲ့ပါဘူး။ သီယာဂိုနဲ့ အယ်လီဆန်တို့ဟာ စနေနေ့ လေ့ကျင့်ရေးက စတင်ကာ မပါနိုင်ခဲ့ကြတာဖြစ်ပြီး လီဗာပူးဘက်က သတင်းထုတ်ပြန်ခြင်း မရှိပေမယ့် ကိုဗစ် သံသယကြောင့် လူစာရင်းက ထုတ်ထားခဲ့တာလို့ သိထားရတယ်။ ပွဲနေ့မှာတော့ အယ်လီဆန်က ပြန်လည် ပါဝင်လာခဲ့ပြီး သီယာဂိုကတော့ လုံးဝ မပါလာနိုင်ခဲ့တာဖြစ်ပါတယ်။ နွေဈေးကွက်မှာ ဘိုင်ယန်ကနေ ပေါင် သန်း ၂၀ ဖြင့် လီဗာပူး ခေါ်ယူထားခဲ့တဲ့… Continue Reading →

အာဆင်နယ်ကို အနိုင်ရပြီး စကားလုံး ခပ်ကြမ်းကြမ်းတွေ ပြောဆိုခဲ့တဲ့ ယာဂင်

အာဆင်နယ်ကို ၃-၁ နဲ့ အနိုင်ရတဲ့ပွဲက ယာဂင်ကို အတော်လေး စိတ်လှုပ်ရှားစေခဲ့ပုံပါ။ မယ်တယ်သမားကြီး ယာဂင်က ပွဲအပြီး အင်တာဗျူးမှာ ခပ်ကြမ်းကြမ်း စကားလုံးတွေကို မာန်ပါပါ ထည့်ပြောခဲ့တယ်။ အထူးသဖြင့် အာဆင်နယ်ရဲ့ ကစားဟန်ကို လုံးဝ ဖျက်ဆီးပစ်ခဲ့တာဆိုတဲ့ ကလော့ပ်ရဲ့ ဂုဏ်ယူစွာ ပြောဆိုမှုအပြင် လီဗာပူးရဲ့ ကစားနိုင်စွမ်းကို သူကိုယ်တိုင် အံ့အားသင့်ခဲ့ရတယ်ဆိုတဲ့ ချီးကျူးမှုတွေကို ခပ်ကြမ်းကြမ်း ပြောခဲ့ပါတယ်။ ကလော့ပ်က ” ကျနေ်ာတို့ သိပ်ကောင်းတဲ့ အခိုက်အတန့်ကောင်းတွေ အများကြီးကို ပိုင်ဆိုင်ခဲ့တယ်။ အခွင့်အရေးတိုင်းကို အဆုံးသတ်နိုင်ဖို့ဆိုတာတော့ ကျနေ်ာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!