ဂယ်ရီနဗီးက ရာသီစတုန်းက ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံက မန်စီးတီးဖြစ်မယ်ဆိုတဲ့ ဟောကိန်းကို ပြောင်းလိုက်ပါပြီလို့ ဆိုပါတယ်။

ရာသီသစ်မစခင်မှာ နဗီးက မန်စီးတီးက ကစားသမားသစ်တွေ အားဖြည့်နေပြီး လီဗာပူးက နှောင့်နှေးနေတာကြောင့် ချန်ပီယံဆုကို ကာကွယ်နိုင်မှာ မဟုတ်ပါဘူးလို့ ဆိုခဲ့တာပါ။ ဒါပေမယ့် လိဂ်ပွဲ ၃ ပွဲ ကစားပြီးချိန်မှာ နဗီးက သူ့ရဲ့ ဟောကိန်းကို ပြောင်းလဲလိုက်ပြီး ချန်ပီယံက မန်စီးတီး မဟုတ်ဘဲ လီဗာပူးပဲ ဖြစ်မယ်လို့ ပြောပါတယ်။

ဂယ်ရီနဗီးက “ ရာသီစတုန်းက မန်စီးတီးက ချန်ပီယံဖြစ်မယ်လို့ ကျနော် ရွေးခဲ့တယ်။ ကြိုတင်ခန့်မှန်းမှုလုပ်ဖို့ မေးခံရတုန်းက ကျနော်က သူတို့တွေရဲ့ တုန့်ပြန်မှုပေါ် အခြေခံပြီး ရွေးချယ်ခဲ့တာပါ။ မန်စီးတီးက ခေါ်ယူမှုတွေ ပိုလုပ်မယ်လို့ ကျနော် ထင်ခဲ့တယ်။

ဒါပေမယ့် ရာသီစ သုံးပွဲ ကစားပြီးချိန်မှာ မန်စီးတီး ချန်ပီယံဖြစ်မယ်ဆိုတဲ့ ခန့်မှန်းမှုနဲ့ ပက်သက်လို့ ကျနော် စိတ်ပြောင်းသွားပါပြီ။ ကျနော်ရဲ့ စိတ် ပြောင်းသွားတာက တနင်္ဂနွေနေ့ပွဲနဲ့ မဆိုင်ပါဘူး။ အဲ့နေ့တုန်းက အီသီဟတ်မှာ လက်စတာက မန်စီးတီးကို ၅-၂ နဲ့ အနိုင်ယူသွားတာကို ကျနော် ကြည့်ခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးကို ကြည့်ပါ။ လိဒ်ယူနိုက်တက်နဲ့ ရင်ဆိုင်ကစားတဲ့ ပထမဆုံးပွဲမှာ သူတို့ကို ကြည့်ပြီး လူတိုင်းက လီဗာပူးက အကောင်းဆုံး မဟုတ်ဘူး။ သူတို့ကစားတာ ပေါ့လျော့တယ်လို့ မှတ်ချက်ပေးခဲ့ကြတယ်။ အဲ့ပွဲက စိတ်ဆိုးစရာပါပဲ။ ကျနော် ကိုယ်တိုင်လည်း သူတို့ကို ဝေဖန်ခဲ့တယ်။

ကိုယ်က အကောင်းဆုံး မလုပ်နိုင်ရင် ဝေဖန်သံတွေကတော့ ထွက်လာမှာပဲလေ။ အဲ့ပွဲအပြီး သူတို့ ကစားသမား လက်မှတ်ထိုးမှု နှစ်ခုကို လုပ်ခဲ့တယ်။ အဲ့နောက် သူတို့ ချယ်ဆီးနဲ့ ရင်ဆိုင်ဖို့ စတမ်းဖိုဒ့်ဘရစ်ကို သွားရောက်ပြီး သူတို့ လုပ်ရမယ့် အလုပ်ဖြစ်တဲ့ အနိုင်ယူဖို့ကို လုပ်ခဲ့တယ်။

အဲ့နောက် အိမ်ကွင်းမှာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်တယ်။ လိဂ်ရဲ့ ထိပ်ဆုံးနားက အသင်းတစ်သင်းကို သူတို့ရဲ့ ပုံစံအတိုင်းပဲ အနိုင်ယူခဲ့ပြန်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဂယ္ရီနဗီးက ရာသီစတုန္းက ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံက မန္စီးတီးျဖစ္မယ္ဆိုတဲ့ ေဟာကိန္းကို ေျပာင္းလိုက္ပါျပီလို႔ ဆိုပါတယ္။

ရာသီသစ္မစခင္မွာ နဗီးက မန္စီးတီးက ကစားသမားသစ္ေတြ အားျဖည့္ေနျပီး လီဗာပူးက ေႏွာင့္ေႏွးေနတာေၾကာင့္ ခ်န္ပီယံဆုကို ကာကြယ္ႏုိင္မွာ မဟုတ္ပါဘူးလို႔ ဆိုခဲ့တာပါ။ ဒါေပမယ့္ လိဂ္ပြဲ ၃ ပြဲ ကစားျပီးခ်ိန္မွာ နဗီးက သူ႔ရဲ႕ ေဟာကိန္းကို ေျပာင္းလဲလိုက္ျပီး ခ်န္ပီယံက မန္စီးတီး မဟုတ္ဘဲ လီဗာပူးပဲ ျဖစ္မယ္လို႔ ေျပာပါတယ္။

ဂယ္ရီနဗီးက “ ရာသီစတုန္းက မန္စီးတီးက ခ်န္ပီယံျဖစ္မယ္လို႔ က်ေနာ္ ေရြးခဲ့တယ္။ ၾကိဳတင္ခန္႔မွန္းမႈလုပ္ဖို႔ ေမးခံရတုန္းက က်ေနာ္က သူတို႔ေတြရဲ႕ တုန္႔ျပန္မႈေပၚ အေျခခံျပီး ေရြးခ်ယ္ခဲ့တာပါ။ မန္စီးတီးက ေခၚယူမႈေတြ ပိုလုပ္မယ္လို႔ က်ေနာ္ ထင္ခဲ့တယ္။

ဒါေပမယ့္ ရာသီစ သံုးပြဲ ကစားျပီးခ်ိန္မွာ မန္စီးတီး ခ်န္ပီယံျဖစ္မယ္ဆိုတဲ့ ခန္႔မွန္းမႈနဲ႔ ပက္သက္လို႔ က်ေနာ္ စိတ္ေျပာင္းသြားပါျပီ။ က်ေနာ္ရဲ႕ စိတ္ ေျပာင္းသြားတာက တနဂၤေႏြေန႔ပြဲနဲ႔ မဆိုင္ပါဘူး။ အဲ့ေန႔တုန္းက အီသီဟတ္မွာ လက္စတာက မန္စီးတီးကို ၅-၂ နဲ႔ အႏုိင္ယူသြားတာကို က်ေနာ္ ၾကည့္ခဲ့ပါတယ္။

ဒါေပမယ့္ လီဗာပူးကို ၾကည့္ပါ။ လိဒ္ယူႏုိက္တက္နဲ႔ ရင္ဆိုင္ကစားတဲ့ ပထမဆံုးပြဲမွာ သူတို႔ကို ၾကည့္ျပီး လူတိုင္းက လီဗာပူးက အေကာင္းဆံုး မဟုတ္ဘူး။ သူတို႔ကစားတာ ေပါ့ေလ်ာ့တယ္လို႔ မွတ္ခ်က္ေပးခဲ့ၾကတယ္။ အဲ့ပြဲက စိတ္ဆိုးစရာပါပဲ။ က်ေနာ္ ကိုယ္တိုင္လည္း သူတို႔ကို ေဝဖန္ခဲ့တယ္။

ကိုယ္က အေကာင္းဆံုး မလုပ္ႏုိင္ရင္ ေဝဖန္သံေတြကေတာ့ ထြက္လာမွာပဲေလ။ အဲ့ပြဲအျပီး သူတို႔ ကစားသမား လက္မွတ္ထိုးမႈ ႏွစ္ခုကို လုပ္ခဲ့တယ္။ အဲ့ေနာက္ သူတို႔ ခ်ယ္ဆီးနဲ႔ ရင္ဆိုင္ဖို႔ စတမ္းဖိုဒ့္ဘရစ္ကို သြားေရာက္ျပီး သူတို႔ လုပ္ရမယ့္ အလုပ္ျဖစ္တဲ့ အႏုိင္ယူဖို႔ကို လုပ္ခဲ့တယ္။

အဲ့ေနာက္ အိမ္ကြင္းမွာ အာဆင္နယ္နဲ႔ ယွဥ္ျပိဳင္တယ္။ လိဂ္ရဲ႕ ထိပ္ဆံုးနားက အသင္းတစ္သင္းကို သူတို႔ရဲ႕ ပံုစံအတိုင္းပဲ အႏုိင္ယူခဲ့ျပန္ပါတယ္ ” လို႔ မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။