အာဆင်နယ်မန်နေဂျာ အာတီတာက လီဗာပူးအသင်းကို ရံှူးနိမ့်အပြီးမှ အန်ဖီးကွင်းက ကစားရ သိပ်ခက်တဲ့ နေရာဖြစ်ကာ ဒီကွင်းမှာ ကစားရင် ရလာတဲ့ အခွင့်အရေးတိုင်းကို အသုံးချဖို့ လိုအပ်မယ်လို့ ဝန်ခံသွားပါတယ်။

ပွဲမစခင်တုန်းက အာတီတာက အန်ဖီးရဲ့ လွှမ်းမိုးမှု သိပ်ကြီးတာကို သိပေမယ့် ဒီကွင်းမှာ ကစားပြီး အနိုင်ရလဒ် ယူလိုတယ်လို့ ဆိုထားခဲ့တယ်။ ပွဲအပြီးမှာတော့ အန်ဖီးမှာ လီဗာပူးကို အနိုင်ယူဖို့ဆိုတာ ခက်ခဲကြောင်း အာတီတာက ဖွင့်ဟခဲ့တယ်။

အာတီတာက ” ကမ္ဘာပေါ်က ဘယ်သူ့အတွက်မဆို အန်ဖီးကွင်းက အရမ်းကို ခက်ခဲတဲ့ နေရာဖြစ်ပါတယ်။ သူတို့က သိပ်ကောင်းတဲ့ အဆင့်မှာရှိပြီး ပွဲရဲ့ အခိုက်အတန့်တိုင်းကို လွှမ်းမိုးနိုင်ခဲ့တယ်။ အန်ဖီးကွင်းကို လာရောက်ပြီဆိုရင် အခွင့်အရေးက ၁၀ ကြိမ်လောက် ရမှာ မဟုတ်ပါဘူး။ ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့တဲ့ အခွင့်အရေးမျိုးမှာ ဂိုးသွင်းနိုင်ရပါမယ် ” လို့ ဆိုခဲ့တယ်။

အာဆင်နယ်ဟာ မနှစ်က ရာသီမှာနဲ့ ကွန်မြူနတီဒိုင်းမှာ လီဗာပူးကို အနိုင်ယူနိုင်ခဲ့တယ်။ ဒါပေမယ့်လို့ ပရီးမီးယားလိဂ်မှာ ထိပ်တိုက် ပြန်တွေ့စဉ် လီဗာပူးရဲ့ ကစားပြမှုအရ နှစ်သင်းကြားမှာ စွမ်းဆောင်ရည်ပိုင်းက အများကြီး ကွာခြားနေသေးကြောင်းလည်း နှိုင်းယှဉ်ခဲ့တယ်။

အာတီတာက “ ကျနော်တို့နဲ့ လီဗာပူးအသင်းက မတူညီတဲ့ ခရီးလမ်းတွေမှာ ရှိနေတဲ့ အသင်းတွေ ဖြစ်ပါတယ်။ လီဗာပူးက အတူတကွ ရှိလာကြတာ ၅ နှစ်လောက် ရှိနေပါပြီ။ သူတို့အသင်း ဒီညမှာ လုပ်ခဲ့သလိုမျိုးကို အရင် ၂ နှစ် ၃ နှစ်လောက်တုန်းက မလုပ်နိုင်ခဲ့သေးပါဘူး။ ဒါက သေချာပါတယ်။

လီဗာပူးက အရမ်းကောင်းတဲ့ အလုပ်တွေကို အများကြီး လုပ်ထားခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ကစားဟန်အပေါ်မှာ သူတို့တွေ အများကြီး ယုံကြည်မှုရှိပါတယ်။ သူတို့ရဲ့ လူစာရင်းကို ပိုမို တိုးတက်လာစေဖို့အတွက် သိပ်ကောင်းတဲ့ ကစားသမားသစ် ခေါ်ယူမှုတွေလည်း လုပ်ထားနိုင်တယ်။

အဲ့တာကပဲ ကျနေ်ာတို့ ကြိုးစားလုပ်လိုတာ ဖြစ်ပါတယ်။ လီဗာပူးက အကောင်းဆုံးအဆင့်မှာ ရှိနေတာပါ။ နှစ်တွေ အများကြီးအတွင်း ကျနေ်ာတို့ မြင်ထားသမျှထဲမှာ အကောင်းဆုံး အဆင့်မျိုးထိကို ရောက်နေတာလို့ ပြောလို့ရပါတယ်။ ကျနေ်ာတို့ကတော့ လိုက်မှီဖို့ အဝေးကြီး လိုနေပါသေးတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ZAWGYI

အာဆင္နယ္မန္ေနဂ်ာ အာတီတာက လီဗာပူးအသင္းကို ရံွဴးနိမ့္အျပီးမွ အန္ဖီးကြင္းက ကစားရ သိပ္ခက္တဲ့ ေနရာျဖစ္ကာ ဒီကြင္းမွာ ကစားရင္ ရလာတဲ့ အခြင့္အေရးတိုင္းကို အသံုးခ်ဖို႔ လိုအပ္မယ္လို႔ ဝန္ခံသြားပါတယ္။

ပြဲမစခင္တုန္းက အာတီတာက အန္ဖီးရဲ႕ လႊမ္းမိုးမႈ သိပ္ၾကီးတာကို သိေပမယ့္ ဒီကြင္းမွာ ကစားျပီး အႏုိင္ရလဒ္ ယူလိုတယ္လို႔ ဆိုထားခဲ့တယ္။ ပြဲအျပီးမွာေတာ့ အန္ဖီးမွာ လီဗာပူးကို အႏိုင္ယူဖို႔ဆိုတာ ခက္ခဲေၾကာင္း အာတီတာက ဖြင့္ဟခဲ့တယ္။

အာတီတာက ” ကမၻာေပၚက ဘယ္သူ႔အတြက္မဆို အန္ဖီးကြင္းက အရမ္းကို ခက္ခဲတဲ့ ေနရာျဖစ္ပါတယ္။ သူတို႔က သိပ္ေကာင္းတဲ့ အဆင့္မွာရွိျပီး ပြဲရဲ႕ အခိုက္အတန္႔တိုင္းကို လႊမ္းမိုးႏုိင္ခဲ့တယ္။ အန္ဖီးကြင္းကို လာေရာက္ျပီဆိုရင္ အခြင့္အေရးက ၁၀ ၾကိမ္ေလာက္ ရမွာ မဟုတ္ပါဘူး။ ဂိုးသမားနဲ႔ တစ္ဦးခ်င္းေတြ႔တဲ့ အခြင့္အေရးမ်ိဳးမွာ ဂိုးသြင္းႏုိင္ရပါမယ္ ” လို႔ ဆိုခဲ့တယ္။

အာဆင္နယ္ဟာ မႏွစ္က ရာသီမွာနဲ႔ ကြန္ျမဴနတီဒိုင္းမွာ လီဗာပူးကို အႏုိင္ယူႏုိင္ခဲ့တယ္။ ဒါေပမယ့္လို႔ ပရီးမီးယားလိဂ္မွာ ထိပ္တိုက္ ျပန္ေတြ႔စဥ္ လီဗာပူးရဲ႕ ကစားျပမႈအရ ႏွစ္သင္းၾကားမွာ စြမ္းေဆာင္ရည္ပိုင္းက အမ်ားၾကီး ကြာျခားေနေသးေၾကာင္းလည္း ႏိႈင္းယွဥ္ခဲ့တယ္။

အာတီတာက “ က်ေနာ္တို႔နဲ႔ လီဗာပူးအသင္းက မတူညီတဲ့ ခရီးလမ္းေတြမွာ ရွိေနတဲ့ အသင္းေတြ ျဖစ္ပါတယ္။ လီဗာပူးက အတူတကြ ရွိလာၾကတာ ၅ ႏွစ္ေလာက္ ရွိေနပါျပီ။ သူတို႔အသင္း ဒီညမွာ လုပ္ခဲ့သလိုမ်ိဳးကို အရင္ ၂ ႏွစ္ ၃ ႏွစ္ေလာက္တုန္းက မလုပ္ႏုိင္ခဲ့ေသးပါဘူး။ ဒါက ေသခ်ာပါတယ္။

လီဗာပူးက အရမ္းေကာင္းတဲ့ အလုပ္ေတြကို အမ်ားၾကီး လုပ္ထားခဲ့တာျဖစ္ပါတယ္။ သူတို႔ရဲ႕ ကစားဟန္အေပၚမွာ သူတို႔ေတြ အမ်ားၾကီး ယံုၾကည္မႈရွိပါတယ္။ သူတို႔ရဲ႕ လူစာရင္းကို ပိုမို တိုးတက္လာေစဖို႔အတြက္ သိပ္ေကာင္းတဲ့ ကစားသမားသစ္ ေခၚယူမႈေတြလည္း လုပ္ထားႏုိင္တယ္။

အဲ့တာကပဲ က်ေန္ာတို႔ ၾကိဳးစားလုပ္လိုတာ ျဖစ္ပါတယ္။ လီဗာပူးက အေကာင္းဆံုးအဆင့္မွာ ရွိေနတာပါ။ ႏွစ္ေတြ အမ်ားၾကီးအတြင္း က်ေန္ာတို႔ ျမင္ထားသမွ်ထဲမွာ အေကာင္းဆံုး အဆင့္မ်ိဳးထိကို ေရာက္ေနတာလို႔ ေျပာလို႔ရပါတယ္။ က်ေန္ာတို႔ကေတာ့ လိုက္မွီဖို႔ အေဝးၾကီး လိုေနပါေသးတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။