လီဗာပူးအသင်းက လန်ဒန်ကလပ်တွေဖြစ်တဲ့ ချယ်ဆီးနဲ့ အာဆင်နယ်တို့ကို ဆက်တိုက် ရင်ဆိုင်ပြီး အနိုင်ယူခဲ့တာကြောင့် ကြီး ၆ ကြီးကြား ထိပ်တိုက်တွေ့မှုမှာ အမြင့်ဆုံး မှတ်တမ်းကို ရလာခဲ့ပါပြီ။

ယာဂင်ကလော့ပ်ဟာ လီဗာပူးကို တာဝန်ယူပြီးနောက်ပိုင်းမှာ ကြီး ၆ ကြီးကြား ထိပ်တိုက်တွေ့မှုအဖြစ် ပွဲပေါင်း ၅၀ ရှိလာခဲ့ပြီဖြစ်ကာ ၈ ပွဲကိုပဲ အရေးနိမ့်ထားပါတယ်။ တူညီတဲ့ အပိုင်းအခြားမှာ မန်စီးတီးက ကြီး ၆ ကြီး ထိပ်တိုက်တွေ့မှု ၄၈ ပွဲ အတွင်း ရံှူးပွဲ ၁၇ ပွဲထိ ရှိထားတာဖြစ်တယ်။

နောက်ထပ် အသင်းတွေအဖြစ် ယူနိုက်တက်က ၄၇ ပွဲအတွင်း ၁၅ ပွဲ အရံှူး၊ ချယ်ဆီးက ၄၉ ပွဲအတွင်း ပွဲ ၂၀ အရံှူး၊ စပါးက ၄၈ ပွဲအတွင်း ပွဲ ၂၀ အရံှူး၊ အာဆင်နယ်က ၄၈ ပွဲအတွင်း ၂၃ ပွဲ အရံှူးရလဒ်တွေ ရထားတာဖြစ်တယ်။ ဒါကြောင့် ယာဂင်ကလော့ပ်ဟာ အင်္ဂလန်ကို ပြောင်းလာပြီးကတည်းက ကြီး ၆ ကြီးကြားမှာ ထိပ်တိုက်တွေ့မှုရဲ့ ကင်းအဖြစ် မှတ်တမ်းကောင်း ရထားပါတယ်။

အပြောင်းအရွှေ့ ပိတ်ဖို့ တစ်ပတ်တောင် မလိုတော့တဲ့ အချိန်မှာ ထပ်မံ သိလာရတဲ့ သတင်းကတော့ လီဗာပူးအသင်းမှာ သီယာဂိုနဲ့ ဂျိုတာတို့ ထပ်ရောက်လာတဲ့နောက် non home grown ကစားသမားက ၁၈ ဦးတောင် ရှိနေပါတယ်။ ဒါတောင် လီဗာပူးက ကားရီးယက်စ်ကို ဘွန်ဒက်လီဂါထံ အငှားချနိုင်ခဲ့ပြီဖြစ်တယ်။

အယ်လီဆန်၊ အတ်ဒရီယန်၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်၊ မာတစ်၊ ကိုစတက်၊ ဖာဘင်ညို၊ ဝိုက်နယ်ဒမ်၊ ကိတ်တာ၊ ဂရုဂျစ်၊ ဖာမင်နို၊ မာနေး၊ ဆာလက်၊ မီနာမီနို၊ အိုရီဂီ၊ ရှာကွီရီတို့ထဲ တစ်ဦးဟာ ဒီနွေမှာ မထွက်ဘူးဆိုရင် သူတို့ထဲက တစ်ဦးဟာ ရာသီသစ်အတွက် လီဗာပူးလူစာရင်းမှာ ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။

ပရီးမီးယားလိဂ် စည်းမျဉ်းအရ non home grown ကစားသမားကို အမြင့်ဆုံး ၁၇ ဦးထိပဲ ထားခွင့်ရမှာဖြစ်တယ်။ လောလောဆယ်တော့ သုံးခွင့်ရနေဦးမှာ ဖြစ်ပေမယ့် ဈေးကွက်ပိတ်ချိန်ထိ မထူးခြားရင် ဂရုဂျစ်၊ ရှာကွီရီ တို့ နှစ်ဦးထဲက တစ်ဦးကို လူစာရင်းကနေ ထုတ်ပယ်ရဖွယ် ရှိပါတယ်။

ZAWGYI

လီဗာပူးအသင္းက လန္ဒန္ကလပ္ေတြျဖစ္တဲ့ ခ်ယ္ဆီးနဲ႔ အာဆင္နယ္တို႔ကို ဆက္တိုက္ ရင္ဆိုင္ျပီး အႏုိင္ယူခဲ့တာေၾကာင့္ ၾကီး ၆ ၾကီးၾကား ထိပ္တိုက္ေတြ႔မႈမွာ အျမင့္ဆံုး မွတ္တမ္းကို ရလာခဲ့ပါျပီ။

ယာဂင္ကေလာ့ပ္ဟာ လီဗာပူးကို တာဝန္ယူျပီးေနာက္ပိုင္းမွာ ၾကီး ၆ ၾကီးၾကား ထိပ္တိုက္ေတြ႔မႈအျဖစ္ ပြဲေပါင္း ၅၀ ရွိလာခဲ့ျပီျဖစ္ကာ ၈ ပြဲကိုပဲ အေရးနိမ့္ထားပါတယ္။ တူညီတဲ့ အပိုင္းအျခားမွာ မန္စီးတီးက ၾကီး ၆ ၾကီး ထိပ္တိုက္ေတြ႔မႈ ၄၈ ပြဲ အတြင္း ရံွဴးပြဲ ၁၇ ပြဲထိ ရွိထားတာျဖစ္တယ္။

ေနာက္ထပ္ အသင္းေတြအျဖစ္ ယူႏုိက္တက္က ၄၇ ပြဲအတြင္း ၁၅ ပြဲ အရံွဴး၊ ခ်ယ္ဆီးက ၄၉ ပြဲအတြင္း ပြဲ ၂၀ အရံွဴး၊ စပါးက ၄၈ ပြဲအတြင္း ပြဲ ၂၀ အရံွဴး၊ အာဆင္နယ္က ၄၈ ပြဲအတြင္း ၂၃ ပြဲ အရံွဴးရလဒ္ေတြ ရထားတာျဖစ္တယ္။ ဒါေၾကာင့့္ ယာဂင္ကေလာ့ပ္ဟာ အဂၤလန္ကို ေျပာင္းလာျပီးကတည္းက ၾကီး ၆ ၾကီးၾကားမွာ ထိပ္တိုက္ေတြ႔မႈရဲ႕ ကင္းအျဖစ္ မွတ္တမ္းေကာင္း ရထားပါတယ္။

အေျပာင္းအေရႊ႔ ပိတ္ဖို႔ တစ္ပတ္ေတာင္ မလိုေတာ့တဲ့ အခ်ိန္မွာ ထပ္မံ သိလာရတဲ့ သတင္းကေတာ့ လီဗာပူးအသင္းမွာ သီယာဂိုနဲ႔ ဂ်ိဳတာတို႔ ထပ္ေရာက္လာတဲ့ေနာက္ non home grown ကစားသမားက ၁၈ ဦးေတာင္ ရွိေနပါတယ္။ ဒါေတာင္ လီဗာပူးက ကားရီးယက္စ္ကို ဘြန္ဒက္လီဂါထံ အငွားခ်ႏုိင္ခဲ့ျပီျဖစ္တယ္။

အယ္လီဆန္၊ အတ္ဒရီယန္၊ ဗန္ဒိုက္၊ ေရာ္ဘတ္ဆန္၊ မာတစ္၊ ကိုစတက္၊ ဖာဘင္ညိဳ၊ ဝိုက္နယ္ဒမ္၊ ကိတ္တာ၊ ဂရုဂ်စ္၊ ဖာမင္ႏို၊ မာေနး၊ ဆာလက္၊ မီနာမီႏို၊ အိုရီဂီ၊ ရွာကီြရီတို႔ထဲ တစ္ဦးဟာ ဒီေႏြမွာ မထြက္ဘူးဆိုရင္ သူတို႔ထဲက တစ္ဦးဟာ ရာသီသစ္အတြက္ လီဗာပူးလူစာရင္းမွာ ပါဝင္ခြင့္ရမွာ မဟုတ္ပါဘူး။

ပရီးမီးယားလိဂ္ စည္းမ်ဥ္းအရ non home grown ကစားသမားကို အျမင့္ဆံုး ၁၇ ဦးထိပဲ ထားခြင့္ရမွာျဖစ္တယ္။ ေလာေလာဆယ္ေတာ့ သံုးခြင့္ရေနဦးမွာ ျဖစ္ေပမယ့္ ေစ်းကြက္ပိတ္ခ်ိန္ထိ မထူးျခားရင္ ဂရုဂ်စ္၊ ရွာကီြရီ တို႔ ႏွစ္ဦးထဲက တစ္ဦးကို လူစာရင္းကေန ထုတ္ပယ္ရဖြယ္ ရွိပါတယ္။