အန်ဖီးပွဲမှာ ချန်ပီယံခြေစွမ်းကိုပြခဲ့ပြီး အာတီတာရဲ့ ကောင်တာဗျူဟာကို အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့တဲ့ လီဗာပူးအသင်းကို ဂန်းနားဟောင်းကြီး ဆက်တန်က ဒေးလီးမေလ်းကနေ အခုလို ချီးကျူးခဲ့ပါတယ်။

ဒီပွဲကတော့ လီဗာပူးရဲ့ စစ်မှန်တဲ့ ချန်ပီယံခြေစွမ်းကို မြင်ခဲ့ရပြီး ယာဂန်ကလော့ပ်ရဲ့ အသင်းက အာတီတာရဲ့ ပုံစံအသစ်နဲ့ အာဆင်နယ်ကို သူတို့နေရာဟောင်းဆီ ပြန်ပို့ခဲ့တာပဲ ဖြစ်ပါတယ်။

ချန်ပီယံကာကွယ်သူတွေဟာ အန်ဖီးမှာ သူတို့ရဲ့ ပွဲကို လွှမ်းမိုးထားခဲ့ပြီး အကောင်းဆုံးရာသီ စတင်မှုကို မြင်တွေ့ခဲ့ရတာပါ။ သူတို့တွေ ခက်ခက်ခဲခဲ ကစားရလိမ့်မယ်လို့ သူများတွေက ထင်ခဲ့ကြပေမယ့် လီဗာပူးဟာ သူတို့ ဘာကြောင့် ဖလားကာကွယ်နိုင်မယ့် အသင်းအဖြစ် ဆက်ရှိနေတာလဲဆိုတာကို ပြသခဲ့ပါတယ်။

မာနေးဟာ အန္တရာယ်ပေးနိုင်တဲ့ ကြောက်စရာ တိုက်စစ်မှူးဖြစ်နေပြီး ဒီရာသီ အဆုံးသတ်ပိုင်း ဇုန်ထဲမှာ သူ့ထက် ဘောလုံးပိုင်ဆိုင်မှု ရယူနိုင်တဲ့ ပရီးမီးယားလိဂ်ကစားသမား မရှိတာနဲ့အတူ နောက်ခံလူတွေအနေနဲ့သူ့ကို သေချာပေါက် လန့်နေရမှာပါ။

ဒီယိုဂို ဂျိုတာက မာနေးအစား ဝင်လာခဲ့ပြီးနောက် နောက်ဆုံး ၁၀ မိနစ်အတွင်း ဟက်ထရစ်ရနိုင်ခြေတောင် ရှိခဲ့ပါတယ်။ သူက အသင်းရဲ့ အရန်ခုံမှာ အားကိုးစရာ ကစားသမားဖြစ်သလို သီယာဂို အယ်ကန်တာရာကလဲ ကလော့ပ်ကို ကူညီမယ့် အဆင့်အတန်းမြင့် ကွင်းလယ်ပဲ့ကိုင်သူ ဖြစ်ပါတယ်။

လီဗာပူးအတွက် ရာသီအစကတော့ လွယ်ကူမယ့်ပုံမပေါ်ခဲ့ပါဘူး။ သူတို့ရဲ့ပထမဆုံး လိဂ်၃ပွဲက လိဒ်(အိမ်ကွင်း)၊ ချဲလ်ဆီး(အဝေးကွင်း)နဲ့ အခု အာဆင်နယ် (အိမ်ကွင်း) ပွဲတွေပဲ ဖြစ်ပါတယ်။ ၃ ပွဲလုံးမှာ သူတို့တွေအနေနဲ့ မချောင်ခဲ့ပေမယ့် အနိုင် ၃မှတ်တွေချည်း ရယူနိုင်ခဲ့တာပါ။

စီးတီးကတော့ မနှစ်က အဖြစ်ကြောင့် လီဗာပူးနဲ့ သိပ်အလှမ်းကွာလို့ မရဘူးဆိုတာ သိမှာပါ။ ဒီနေရာမှာ မေးခွန်းထုတ်ရမှာက ဘယ်သူကများ ကလော့ပ်ရဲ့ အသင်းကို ရပ်တန့်နိုင်မှာလဲ?

အာတီတာကတော့ သူ့ကစားသမားတွေအနေနဲ့ လိုက်လျောညီထွေ ကစားတတ်ဖို့ လိုတယ်ဆိုတာရယ်၊ လီဗာပူးလိုအသင်းကို ခြေရည်တူ ယှဉ်မကစားနိုင်ဘူးဆိုတာကို သိတယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့်ပဲ အာတီတာက ဘောလုံးကိုင်ကစားတာကို ပိုနှစ်သက်သည့်တိုင်အောင် ကလော့ပ်ရဲ့အသင်းနဲ့ရင်ဆိုင်တဲ့အခါမှာ ဘောလုံးမကိုင်ပဲ အဆုံးရှုံးခံခဲ့တာပါ။

ဒီနည်းလမ်းက ယခင် အမ်းမရိတ်စ်နဲ့ ဝင်ဘလေမှာ လီဗာပူးကိုရင်ဆိုင်ခဲ့စဉ်က အလုပ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ့ ၂ ပွဲမှာ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု ၃၁ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းလောက်နဲ့ ရလဒ်ကောင်းရယူနိုင်ခဲ့တာပါ။ ဒါပေမယ့် အခုပွဲမှာတော့ ဒီဗျူဟာက အလုပ်မဖြစ်ခဲ့ပါဘူး။

အာဆင်နယ်ဟာ ဒီပွဲမှာ ပိုင်ဆိုင်မှု ၃၄ ရာခိုင်နှုန်း ရှိခဲ့ပြီးတော့ အထူးသဖြင့် ပထမပိုင်းမှာ တိုက်စစ်ဆင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အူဘာမီးယန်းဆိုရင် ဂိုးပေါက်ကန်သွင်းမှုတောင် လုံးဝမလုပ်နိုင်ခဲ့တဲ့အထိပါ။

လီဗာပူးဟာ တစ်ပွဲလုံး အရှိန်ပြင်းပြင်းထန်ထန်နဲ့ ဆော့ခဲ့ပြီး ကောင်းကောင်းခြိမ်းခြောက်နိုင်ခဲ့ပြီးတော့ သူတို့နဲ့ထိုက်တန်တဲ့ အနိုင်ရလဒ်ကို ရရှိခဲ့တာပဲဖြစ်ပါတယ်။

ZAWGYI

အန္ဖီးပြဲမွာ ခ်န္ပီယံေျခစြမ္းကိုျပခဲ့ၿပီး အာတီတာရဲ႕ ေကာင္တာဗ်ဴဟာကို အေကာင္းဆံုး ကိုင္တြယ္ႏိုင္ခဲ့တဲ့ လီဗာပူးအသင္းကို ဂန္းနားေဟာင္းၾကီး ဆက္တန္က ေဒးလီးေမလ္းကေန အခုလို ခ်ီးက်ူးခဲ့ပါတယ္။

ဒီပြဲကေတာ့ လီဗာပူးရဲ႕ စစ္မွန္တဲ့ ခ်န္ပီယံေျခစြမ္းကို ျမင္ခဲ့ရျပီး ယာဂန္ကေလာ့ပ္ရဲ႕ အသင္းက အာတီတာရဲ႕ ပုံစံအသစ္နဲ႔ အာဆင္နယ္ကို သူတို႔ေနရာေဟာင္းဆီ ျပန္ပို႔ခဲ့တာပဲ ျဖစ္ပါတယ္။

ခ်န္ပီယံကာကြယ္သူေတြဟာ အန္ဖီးမွာ သူတို႔ရဲ႕ ပြဲကို လႊမ္းမိုးထားခဲ့ၿပီး အေကာင္းဆုံးရာသီ စတင္မႈကို ျမင္ေတြ႕ခဲ့ရတာပါ။ သူတို႔ေတြ ခက္ခက္ခဲခဲ ကစားရလိမ့္မယ္လို႔ သူမ်ားေတြက ထင္ခဲ့ၾကေပမယ့္ လီဗာပူးဟာ သူတို႔ ဘာေၾကာင့္ ဖလားကာကြယ္ႏိုင္မယ့္ အသင္းအျဖစ္ ဆက္ရွိေနတာလဲဆိုတာကို ျပသခဲ့ပါတယ္။

မာေနးဟာ အႏၲရာယ္ေပးႏိုင္တဲ့ ေၾကာက္စရာ တိုက္စစ္မႉးျဖစ္ေနၿပီး ဒီရာသီ အဆံုးသတ္ပိုင္း ဇုန္ထဲမွာ သူ႔ထက္ ေဘာလုံးပိုင္ဆိုင္မႈ ရယူႏိုင္တဲ့ ပရီးမီးယားလိဂ္ကစားသမား မရွိတာနဲ႔အတူ ေနာက္ခံလူေတြအေနနဲ႔သူ႔ကို ေသခ်ာေပါက္ လန႔္ေနရမွာပါ။

ဒီယိုဂို ဂ်ိဳတာက မာေနးအစား ဝင္လာခဲ့ၿပီးေနာက္ ေနာက္ဆုံး ၁၀ မိနစ္အတြင္း ဟက္ထရစ္ရႏိုင္ေျခေတာင္ ရွိခဲ့ပါတယ္။ သူက အသင္းရဲ႕ အရန္ခုံမွာ အားကိုးစရာ ကစားသမားျဖစ္သလို သီယာဂို အယ္ကန္တာရာကလဲ ကေလာ့ပ္ကို ကူညီမယ့္ အဆင့္အတန္းျမင့္ ကြင္းလယ္ပဲ့ကိုင္သူ ျဖစ္ပါတယ္။

လီဗာပူးအတြက္ ရာသီအစကေတာ့ လြယ္ကူမယ့္ပုံ မေပၚခဲ့ပါဘူး။ သူတို႔ရဲ႕ပထမဆုံး လိဂ္၃ပြဲက လိဒ္(အိမ္ကြင္း)၊ ခ်ဲလ္ဆီး(အေဝးကြင္း)နဲ႔ အခု အာဆင္နယ္ (အိမ္ကြင္း) ပြဲေတြပဲ ျဖစ္ပါတယ္။ ၃ ပြဲလုံးမွာ သူတို႔ေတြအေနနဲ႔ မေခ်ာင္ခဲ့ေပမယ့္ အႏိုင္ ၃မွတ္ေတြခ်ည္း ရယူႏိုင္ခဲ့တာပါ။

စီးတီးကေတာ့ မႏွစ္က အျဖစ္ေၾကာင့္ လီဗာပူးနဲ႔ သိပ္အလွမ္းကြာလို႔ မရဘူးဆိုတာ သိမွာပါ။ ဒီေနရာမွာ ေမးခြန္းထုတ္ရမွာက ဘယ္သူကမ်ား ကေလာ့ပ္ရဲ႕ အသင္းကို ရပ္တန႔္ႏိုင္မွာလဲ?

အာတီတာကေတာ့ သူ႔ကစားသမားေတြအေနနဲ႔ လိုက္ေလ်ာညီေထြ ကစားတတ္ဖို႔ လိုတယ္ဆိုတာရယ္၊ လီဗာပူးလိုအသင္းကို ေျခရည္တူ ယွဥ္မကစားႏိုင္ဘူးဆိုတာကို သိတယ္လို႔ ေျပာခဲ့ပါတယ္။ ဒါေၾကာင့္ပဲ အာတီတာက ေဘာလုံးကိုင္ကစားတာကို ပိုႏွစ္သက္သည့္တိုင္ေအာင္ ကေလာ့ပ္ရဲ႕အသင္းနဲ႔ရင္ဆိုင္တဲ့အခါမွာ ေဘာလုံးမကိုင္ပဲ အဆုံးရႈံးခံခဲ့တာပါ။

ဒီနည္းလမ္းက ယခင္ အမ္းမရိတ္စ္နဲ႔ ဝင္ဘေလမွာ လီဗာပူးကိုရင္ဆိုင္ခဲ့စဥ္က အလုပ္ျဖစ္ခဲ့ပါတယ္။ အဲ့ဒီ့ ၂ ပြဲမွာ အာဆင္နယ္က ေဘာလုံးပိုင္ဆိုင္မႈ ၃၁ ရာခိုင္ႏႈန္း၊ ၄၀ ရာခိုင္ႏႈန္းေလာက္နဲ႔ ရလဒ္ေကာင္းရယူႏိုင္ခဲ့တာပါ။ ဒါေပမယ့္ အခုပြဲမွာေတာ့ ဒီဗ်ဴဟာက အလုပ္မျဖစ္ခဲ့ပါဘူး။

အာဆင္နယ္ဟာ ဒီပြဲမွာ ပိုင္ဆိုင္မႈ ၃၄ ရာခိုင္ႏႈန္း ရွိခဲ့ၿပီးေတာ့ အထူးသျဖင့္ ပထမပိုင္းမွာ တိုက္စစ္ဆင္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ အူဘာမီးယန္းဆိုရင္ ဂိုးေပါက္ကန္သြင္းမႈေတာင္ လုံးဝမလုပ္ႏိုင္ခဲ့တဲ့အထိပါ။

လီဗာပူးဟာ တစ္ပြဲလုံး အရွိန္ျပင္းျပင္းထန္ထန္နဲ႔ ေဆာ့ခဲ့ၿပီး ေကာင္းေကာင္းၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီးေတာ့ သူတို႔နဲ႔ထိုက္တန္တဲ့ အႏိုင္ရလဒ္ကို ရရွိခဲ့တာပဲျဖစ္ပါတယ္။