Month

October 2020

လီဗာပူးရဲ့ ခံစစ်ပြဿနာကို သီယာဂိုက ဖြေရှင်းပေးနိုင်ကြောင်း သုံးသပ်ပြမှု

မနှစ်တုန်းက လီဗာပူးအသင်းကို ပြိုင်ဘက်အသင်းတွေက ရပ်တန့်မရခဲ့ဘဲ အသင်းသမိုင်းမှာ ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ခပ်စောစောတည်းက အနိုင်ရဖို့ ခွင့်ပြုခဲ့ရတယ်။ ဒီရာသီမှာတော့ လီဗာပူးအသင်းမှာ ဒဏ်ရာပြဿနာတွေ ရလာခြင်းက တူညီတဲ့ လွှမ်းမိုးမှုမျိုး ဖြစ်လာဖို့ မျှော်လင့်ရ ခက်ပါတယ်။ အရေးပါတဲ့ ကစားသမားတွေ ဒဏ်ရာ ဆက်တိုက်ရနေတာက ယာဂင်အတွက်လည်း မလွယ်ကူဘူး။ ဒါပေမယ့်လည်း ခံစစ်ပိုင်းဝန်တွေကို ကူထမ်းပေးဖို့ သီယာဂိုလို ကစားသမားလည်း ရှိနေပြီလို့ Echo က သုံးသပ်ပါတယ်။ ဗန်ဒိုက် ဒဏ်ရာမရခင်မှာ အယ်လီဆန်နဲ့ ဟန်ဒါဆန်တို့က ကြံ့ခိုင်မှုအတွက် ကုသမှုတွေ… Continue Reading →

လီဗာပူးရဲ့ ပွဲထွက် လူစာရင်းထုတ်မှုက ကလော့ပ် တစ်ဦးတည်းထံက လာတော့မှာ မဟုတ်ပါဘူး

၂၀၂၀-၂၀၂၁ ဘောလုံးရာသီဟာ စိန်ခေါ်မှု သိပ်များတဲ့ ဘောလုံးရာသီ ဖြစ်လာခဲ့ပြီး ဒဏ်ရာပြဿနာဟာ ယခင်ရာသီတွေထက်စာရင် အမြင့်ဆုံးကို ရောက်လာမှာဖြစ်တယ်။ ရက်အတိုဆုံးနဲ့ ပုံမှန်ပွဲစဉ်တွေ အားလုံးကို ယှဉ်ပြိုင်ရမယ့် ဒီရာသီမှာ ပရီးမီးယားလိဂ်ကလပ်တွေက လူစားလဲမှု ၃ ခုထက် ပိုလုပ်ခွင့် မရခြင်းကလည်း ပြိုင်ဘက် လိဂ်တွေကို တစ်ပန်းရံှူးနေစေတယ်။ ဒါပေမယ့်လို့ ဘယ်လို ပြဿနာကမှ လီဗာပူးအသင်းကို သက်ရောက်မှု ရှိမလာဖို့ ကလော့ပ်က သတိပေးထားပြီဖြစ်ပါတယ်။ Teh Athletic မှ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ကလော့ပ်ဟာ ဗန်ဒိုက် ဒဏ်ရာရသွားတာကြောင့်နဲ့… Continue Reading →

လီဗာပူးအသင်း အလိုအပ်ဆုံး အပိုင်းမှာမှ ထူးချွန်နေတဲ့ ခံစစ်မှူး ရိုင်စ် ဝီလီယမ်

မန်နေဂျာကလော့ပ်ဟာ ခံစစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေကြောင့် ခေါင်းခဲနေရပေမယ့် သူ့ရဲ့ ထုံးစံအတိုင်း အခက်အခဲတွေကို တွေးပူနေမယ့်အစား လူစာရင်းထဲက အကောင်းဆုံး ကစားသမားတွေကို စင်တင်လာဖို့ ရှိနေပါတယ်။ ချန်ပီယံလိဂ်ပွဲတွေမှာတော့ လူငယ်လေး ရိုင်စ်ကို နေရာပေးလာခဲ့ပြီး ၁၉ နှစ်အရွယ် အင်္ဂလန်သားဟာ အခုချိန်ထိ ပရီးမီးယားလိဂ်မှာ လုံးဝ မကစားရသေးပါဘူး။ ဒီအပတ် ဝက်ဟမ်းနဲ့ပွဲမှာတော့ ဂိုးမက်စ်ရဲ့ တွဲဘက်အဖြစ် ရိုင်စ်ကို ထုတ်သုံးလာနိုင်ပြီး သီတင်းပတ် ၂ ပတ်အတွက် သူဟာ လီဗာပူးရဲ့ အဓိက ခံစစ်မှူး ဖြစ်လာနိုင်ပါတယ်။ ဝီလီယမ်ဟာ ဒီရာသီ… Continue Reading →

ခံစစ်သမားတွေ ဘာလုပ်လို့ ဘာကိုင်ရမယ် မသိ ဖြစ်တတ်တဲ့ နည်းစနစ်ပိုင်းကို ထရန့် ပြောပြ

လီဗာပူးအစွန်လူ ထရန့်က သူ့ရဲ့ ကွင်းကို ကျော်ဖြတ် ပေးပို့နေတဲ့ ဖြတ်တင်ဘောတွေက ကစားပွဲကို ဘယ်လောက်ထိ သက်ရောက်မှုရှိသလဲဆိုတာကို ပြောပြလာပါတယ်။ ထရန့်က သူကိုယ်တိုင်လည်း ခံစစ်သမားဖြစ်လို ဘယ်လို ကစားဟန်က ကိုယ်ကို ပြဿနာဖြစ်စေမလဲကို တွေးပြီး ကွင်းထဲမှာ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။ ထရန့်ဟာ တိုက်စစ်အတွက် လိုင်းတွေကို ကျော်ဖြတ်ပေးတဲ့ ဖြတ်တင်ဘော အစွန်ကနေ ဧရိယာထဲကို ပေးတဲ့ ဖြတ်တင်ဘောနဲ့ ညာဝန်းကနေ ဘယ်ဝန်းကို ပေးတဲ့ ဖြတ်တင်ဘောတွေကို ထူးချွန်စွာ လုပ်ဆောင်နေသူပါ။ ထရန့်က “ အဲ့တာက… Continue Reading →

လီဗာပူးမှာ အားကိုးနေရတဲ့ ဖာဘင်ညိုအတွက် ဘရာဇီးမန်နေဂျာကို ကလော်တုတ်တဲ့ ကလော့ပ်

လီဗာပူးကွင်းလယ်လူ ဖာဘင်ညိုဟာ တံကောက်ကြောမှာ ဒဏ်ရာရခဲ့ပြီး ဒဏ်ရာအဆင့် သက်မှတ်ချက်က အဆင့် ၃ ထိ မရှိဘဲ အဆင့် ၁ (သို့) အဆင့် ၂ ပဲရှိတယ်လို့ သိရပါတယ်။ အဆိုပါအဆင့် ဒဏ်ရာက မပြင်းထန်သော်လည်း အနားယူဖို့က လိုအပ်တယ်။ ဒါကြောင့် နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် ၂ ပတ်လောက်ထိ အနားယူဖို့လိုပြီး လက်ရွေးစင်တာဝန်တွေကို လွဲချော်ဖွယ်လည်း ရှိပါတယ်။ သတင်းသမားတွေက ဖာဘင်ညိုကို လက်လွတ်ရတာက ဘရာဇီးအသင်းအတွက် နစ်နာမှုဖြစ်မလားလို့ မေးမြန်းခဲ့ကြတယ်။ ကလော့ပ်က ဖာဘင်ညို… Continue Reading →

ဗုဒ္ဓဟူးနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

ဖာဘင်ညိုရဲ့ ဒဏ်ရာက မျှော်လင့်ထားတာထက် အခြေအနေ ပိုကောင်းတယ်လို့ သိရပါတယ်။ ဒါပေမယ့်လို့ တံကောက်ကြောဒဏ်ရာဖြစ်လို့ အရဲစွန့် သုံးနိုင်ဖွယ်မရှိဘဲ လအတန်ကြာ နားရမှာထက် နှစ်ပတ်ကနေ သုံးပတ်ထိ နားရနိုင်ကြောင်း လီဗာပူးသတင်းထောက် ဒေးဗစ် မက်ဒေါ့က ဖော်ပြပါတယ်။ ဘိုင်ယန်နဲ့ အလာဘာကြား စာချုပ်သစ်မပြေလည်မှုက ကစားသမားရဲ့ ၅ နှစ်စာချုပ်လိုချင်မှုကို ဘိုင်ယန်ဘက်က ၄ နှစ်ပဲပေးခြင်းနဲ့ လုပ်ခပိုင်း ထပ်တိုးလိုချင်နေတာလို့ သိရတယ်။ အလာဘာ က ပေါင် ၂ သိန်းခွဲကျော်ထိ လိုချင်နေတာကြောင့် အဆိုပါ လုပ်ခအရ လီဗာပူးက… Continue Reading →

ဒီရာသီ ချန်ပီယံလိဂ်မှာ မန်စီးတီးထက် လီဗာပူးက ပိုရေပန်းစားကြောင်း ဖာဒီနန် ပြော

ရီယို ဖာဒီနန်က ဒီရာသီ ချန်ပီယံလိဂ်ကို အနိုင်ရဖို့ ဘိုင်ယန်နဲ့ လီဗာပူးက မန်စီးတီးထက် ပိုမို အခြေအနေကောင်းတယ်လို့ ယုံကြည်နေပါတယ်။ လီဗာပူးဟာ ချန်ပီယံလိဂ်မှာတော့ ရာနှုန်းပြည့် နိုင်ပွဲဆက်နေပြီး နှစ်ပွဲလုံး clean sheet တွေ ရထားခဲ့တယ်။ မနှစ်ကရာသီ ချန်ပီယံလိဂ် ရံှူးထွက်မှာ တီကို ကို အရေးနိမ့်ခဲ့တဲ့ လီဗာပူးက အုပ်စုအဆင့်မှာတော့ အကောင်းဆုံး မဟုတ်သေးပေမယ့် နိုင်ပွဲ ရယူဖို့ကတော့ လုံလောက်အောင် ကောင်းနေဆဲဖြစ်တယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ အင်္ဂလန်အသင်းတွေရဲ့ အခြေအနေကို သုံးသပ်ရင်းမှ ဖာဒီနန်က… Continue Reading →

ခံစစ်မှူးနေရာအတွက် လီဗာပူးနဲ့ အလာဘာကြား သတင်းတွေ စတင်ထွက်ပေါ်

လီဗာပူးဟာ ခံစစ်ပိုင်း ပြဿနာအတွက် အဖြေရှာဖို့ ဘိုင်ယန်မြူးနစ် ခံစစ်သမား အလာဘာကို ကြိုးစားမယ်ဆိုတဲ့ သတင်းတွေ ပြန်လည် ထွက်ပေါ်လာခဲ့ပြီဖြစ်တယ်။ ဒီသတင်းတွေက လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းဌာနတွေ၊ သတင်းသမားတွေထံက မဟုတ်ဘဲ ပြင်ပ သတင်းဌာနတွေက ဖော်ပြလာနေကြခြင်းဖြစ်တယ်။ နွေဈေးကွက်တုန်းက လီဗာပူးဟာ ဗဟိုခံစစ်မှူးအတွက် ဂါဘက်၊ အလာဘာတို့နဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် အလာဘာကို သက်တမ်းတိုးမှာဖြစ်ကြောင်း ဘိုင်ယန်ဘက်က ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လို့ ဂျာမနီချန်ပီယံရဲ့ ကြိုးစားမှု အရာမရောက်ခဲ့ကာ ဒီကနေ့မှာပဲ အလာဘာက စာချုပ်သစ်အတွက် တတိယအကြိမ် ကမ်းလှမ်းမှုကို… Continue Reading →

တိုက်စစ်မှူး တောရက်စ်ရဲ့ လွှမ်းမိုးမှုနဲ့ သူ့ရဲ့ အန်ဖီးနောင်တကို ပီတာခရော့ ဖွင့်ဟ

လီဗာပူးတိုက်စစ်မှူးဟောင်း ပီတာခရော့က အန်ဖီးကနေ ထွက်ခွာဖို့ ရွေးချယ်ခဲ့တာအတွက် နာကျင်ရမှုအကြောင်းကို ပြန်လည် ပြောဆိုမှု လုပ်လာခဲ့တယ်။ ခရော့ဟာ လီဗာပူးပရိသတ်တွေရဲ့ အချစ်တော် ဖြစ်ခဲ့ဖူးပြီး ၂၀၀၅ ကနေ ၂၀၀၈ ဝန်းကျင်အဖြစ် အိုဝင်နဲ့ တောရက်စ် ကြားကာလမှာ လီဗာပူးတိုက်စစ်ကို ဦးဆောင်ခဲ့သူပါ။ သူဟာ ၂၀၀၇ ချန်ပီယံလိဂ်မှာ အရန်ခုံကနေ ထလာခဲ့ပြီး အသင်းအတွက် ကြိုးစားပေးခဲ့သေးသူဖြစ်တယ်။ တောရက်စ်ကို အသင်းက စံချိန်တင်ကြေးနဲ့ ခေါ်ယူပြီးနောက်မှာ ခရော့က အသင်းကနေ ထွက်ခွာသွားခဲ့တယ်။ ထိုစဉ်မန်နေဂျာ ဘင်နီတက်စ်က အထောင်တိုက်စစ်မှူး တစ်ဦးတည်းကစားတဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!