Month

October 2020

လီဗာပူး V ဝက်ဟမ်း ပရီးမီးယားလိဂ် ပွဲစဉ် ၇ အတွက် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီအပတ်မှာတော့ လီဗာပူးအသင်းဟာ ဝက်ဟမ်းအသင်းကို အန်ဖီးကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ လီဗာပူးမှာ ခံစစ်ပိုင်း ပြဿနာတွေရှိနေပြီး ဗန်ဒိုက်၊ ဖာဘင်ညိုတို့ မပါဝင်နိုင်တာ သေချာသလို ဝက်ဟမ်းဘက်မှာလည်း အဓိက တိုက်စစ်သမား အန်တိုနီယို ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ လီဗာပူးမှာ အားအကောင်းဆုံးအဖြစ် တိုက်စစ်ကတော့ လူအပြည့်ရှိနေတာကြောင့် တိုက်စစ်အားသန် ပုံစံဖြင့် ပွဲထွက်လာမယ် ခန့်မှန်းရတယ်။ ပွဲနဲ့ ပက်သက်လို့ အိုဝင်က ” ဒီအပတ် ရင်ဆိုင်ကစားရမယ့် ဝက်ဟမ်းနဲ့ပွဲမှာ လီဗာပူးအသင်းက ထိခိုက်မှုကြီး ၂ ခုကို ဖြေရှင်းသွားရမှာ… Continue Reading →

လျှို့ဝှက် လူမှုကွန်ယက်အကောင့်ကနေ အားလုံးကို စောင့်ကြည့်နေတဲ့ ယာဂင်ကလော့ပ်

လီဗာပူးမန်နေဂျာကြီး ယာဂင်ကလော့ပ်က သူဟာ လူမှုကွန်ယက်တွေ သုံးဖို့က အသက်အရွယ် အိုသွားပြီဖြစ်ပေမယ့် အင်စတာဂရမ်ကိုတော့ သုံးစွဲနေတယ်လို့ ဝန်ခံပါတယ်။ သူ့အကောင့်နာမည်ကို မပြောပြပေမယ့် အသင်းသားတိုင်းကို ဖော်လိုးလုပ်ထားပြီး စောင့်ကြည့်တယ်လို့ ပြောပြတယ်။ ဒါ့အပြင် ကစားသမားတွေရဲ့ လူနေမှုပြင်ပက ထူးဆန်းကိစ္စတွေကိုလည်း ကလော့ပ်က သိနေတယ်။ ဒီတိုင်းဆိုရင်တော့ ကလော့ပ်ဟာ အသင်းနဲ့ ပက်သက်လို့ ပရိသတ်တွေထံက လာတဲ့ အသံကိုလည်း အင်စတာဂရမ်ကနေ နားစွင့်နေမယ်လို့ ယုံကြည်ရတယ်။ မန်နေဂျာ ကလော့ပ်က “ မနှစ်က နွေကစပြီး ကျနော် အင်စတာဂရမ်ကို စသုံးပါတယ်။… Continue Reading →

ဝက်ဟမ်း ပွဲကြို မဲဝုဒ် လေ့ကျင့်ရေး အစီအစဉ်မှာ ဗဟိုခံစစ်မှူး ၃ ဦး ပါဝင်

လီဗာပူးအသင်းရဲ့ ကြာသပတေးနေ့ မဲဝုဒ် လေ့ကျင့်ရေး အစီအစဉ်ဟာ အဆုံးသတ်ပိုင်းအတွက် အသားပေးလေ့ကျင့်တဲ့ အစီအစဉ်ဖြစ်ခဲ့ပါတယ်။ ဟန်ဒါဆန်၊ ရှာကွီရီလို ကြံ့ခိုင်မှု သံသယရှိထားတဲ့ အဓိက ကစားသမားတွေ အပြည့်အဝ ပါဝင်ခဲ့ပေမယ့် သီယာဂို၊ မာတစ်၊ ဖာဘင်ညို၊ ကိတ်တာတို့ မပါခဲ့ပါဘူး။ လူငယ်ကစားသမား အချို့ကလည်း စီနီယာအသင်းသားတွေနဲ့ တွဲဘက် ပါဝင်သွားခဲ့ပါတယ်။ လီဗာပူးအသင်းမှာ ဗန်ဒိုက်၊ မာတစ်၊ ဖာဘင်ညိုတို့ ဒဏ်ရာရသွားခဲ့တာကြောင့် စီနီယာခံစစ်မှူးက ဂိုးမက်စ် တစ်ဦးတည်း ကျန်ရှိနေတာပါ။ မဲဝုဒ်လေ့ကျင့်ရေးမှာတော့ ရိုင်စ် ဝီလီယမ်နဲ့ နက်ဖီးလစ်တို့က ဂိုးမက်စ်နဲ့အတူ… Continue Reading →

အနာဂတ်နဲ့ ပက်သက်ပြီး မတင်မကျစကား ပြောဆိုသွားတဲ့ ခံစစ်မှူး ကိုလီဘာလီ

ဆီနီဂေါ ခံစစ်မှူး ကိုလီဘာလီက ပရီးမီးယားလိဂ်ကလပ် လီဗာပူးနဲ့ သတင်းတွေ ထွက်နေပေမယ့်လည်း အနာဂတ်ကို သေချာတဲ့ အဖြေပေးဖို့ ရှောင်ဖယ်ခဲ့ပါတယ်။ ယူရိုပါလိဂ်မှာ ပါဝင်သွားတဲ့ ကိုလီဘာလီဟာ အသက် ၂၉ နှစ်အရွယ် ရှိနေပြီဖြစ်ကာ လီဗာပူးနဲ့ ဇာတ်လမ်းတွေက ပြန်စနေတာပါ။ ကိုလီဘာလီက အသင်းကြီးတွေက သူ့ကို စိတ်ဝင်စားပေမယ့် အဆုံးထိ သူက နာပိုလီမှာပဲ ဆက်ရှိနေခဲ့ကြောင်းနဲ့ နေပယ်ကို ချစ်ပါတယ်လို့ ဖွင့်ဟသွားခဲ့တယ်။ ကိုလီဘာလီက ” နေပယ်နဲ့ နေပယ်သားတွေကို မြတ်နိုးပါတယ်။ အဲ့တာက အရေးကြီးဆုံးပါပဲ။ ပွဲတိုင်းမှာ… Continue Reading →

လီဗာပူး V ဝက်ဟမ်း ပရီးမီးယားလိဂ် ပွဲစဉ် ၇ အတွက် လော်ရိုးရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီအပတ် စနေနေ့ည ၁၂ နာရီ အန်ဖီးကွင်းမှာတော့ လီဗာပူးနဲ့ ဝက်ဟမ်းတို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၇ ကို ယှဉ်ပြိုင်ကြမှာဖြစ်တယ်။ အဆိုပါပွဲအတွက် လော်ရိုးရဲ့ ပွဲကြို ခန့်မှန်း သုံးသပ်ချက်ကို ဖော်ပြလိုက်ပါတယ်။ လော်ရိုးက ” ဒဏ်ရာရနေတဲ့ ဗန်ဒိုက် မပါဘဲ ကစားရတာက ခံစစ်ကြောင်းမှာ အနည်းငယ် ဟာပေါက်တွေရှိနေတယ်ဆိုတဲ့ အသိနဲ့ လီဗာပူးက ကစားနေတာ ဖြစ်ပါတယ်။ ဖာဘင်ညို ဒဏ်ရာရသွားတာကလည်း လီဗာပူးရဲ့ ခံစစ်အတွက် အခက်တွေ့စေပါတယ်။ ဖာဘင်ညိုက ဒီအပတ်ပွဲမှာ ပါဝင်ကစားဖွယ် မရှိပေမယ့်… Continue Reading →

ရော်ဘတ်ဆန်က တစ်ဦးချင်းတွေမှာ ညံ့တယ်ဆိုတဲ့ မှတ်ချက်ပေးမှုကို ကလော့ပ် တုန့်ပြန်

မန်နေဂျာ ယာဂင်ကလော့ပ်က ရော်ဘတ်ဆန်က တစ်ဦးချင်း မကောင်းဘူးဆိုတဲ့ ဝေဖန်မှုတွေကို ဝက်ဟမ်းနဲ့ပွဲကြိုမှာ အဆုံးသတ်ပေးလိုက်ပါတယ်။ ရော်ဘတ်ဆန်ဟာ ပရီးမီးယားလိဂ် အကောင်းဆုံး နောက်ခံလူ၊ ချန်ပီယံလိဂ် အကောင်းဆုံး နောက်ခံလူစာရင်းတွေထဲ ပါဝင်ခဲ့ဖူးသူပါ။ ဒါပေမယ့်လို့ ဆီလိုအပေါက်ရှာတဲ့ လူတွေကတော့ ရိုဘိုဟာ တစ်ဦးချင်းတွေမှာ မကျော်ဖြတ်နိုင်သူဆိုတဲ့ စွပ်စွဲချက်ကို ပေးလာခြင်း ဖြစ်ပါတယ်။ ကလော့ပ်ကတော့ သူ့ရဲ့ ထုံးစံအတိုင်း အသင်းသားတွေကို ချီးကျူးဂုဏ်တင်မှုနဲ့အတူ ရိုဘိုကို ပေးလာတဲ့ ဖိအားတွေကို ဖယ်ထုတ်ပေးလိုက်ပါတယ်။ ကလော့ပ်က ” ရိုဘိုက ထူးချွန်ပါတယ်။ သူက ပရော်ဖက်ရှင်နယ်… Continue Reading →

ကြာသပတေးနေ့ ညနေခင်းအတွက် နောက်ဆုံးရ လီဗာပူး ထူးခြားသတင်းများ

တိုက်စစ်မှူး စတားရစ်ဟာ မန်စီးတီးအသင်းနဲ့ ပူးပေါင်းခြင်းဖြင့် ပရီးမီးယားလိဂ်ကို ပြန်လာနိုင်တဲ့ အသံတွေ ထွက်ပေါ်လာနေပါတယ်။ စတားရစ်ဟာ မန်စီးတီးအကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ တိုက်စစ်သမားလည်း ဖြစ်ပါတယ်။ လီဗာပူးအသင်းက အန်ဖီးကွင်းထဲ ပရိသတ်တွေ ဝင်ခွင့်ရဖို့ ဆက်လက် လုပ်ဆောင်နေမှုတွေကို လာမယ့် အပတ်တွေမှာ ချပြမယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ပရိသတ်တွေကို စိတ်ရှည် နားလည်ပေးကြဖို့လည်း တောင်းဆိုသွားပါတယ်။ ကာဒစ်အသင်းထံ အငှားထွက်ကစားနေတဲ့ လီဗာပူးတိုက်စစ်သမား ဝဲလ်ဆန်ဟာ လေ့ကျင့်ရေးမှာ အသေးစားဒဏ်ရာ ရသွားပါတယ်။ ဘရာဇီးမန်နေဂျာတစ်တီက ဖာဘင်ညိုကို လက်ရွေးစင်မှာ နေရာမပေးလို့ ဝေဖန်ခဲ့တဲ့ ကလော့ပ်ကို… Continue Reading →

ဗန်ဒိုက်ရဲ့ ခွဲစိတ်မှုအပါ သီယာဂို၊ မာတစ်၊ ကိတ်တာတို့ရဲ့ ဒဏ်ရာ အခြေအနေများ

လီဗာပူးအသင်းမှာ ဒဏ်ရာပြဿနာတွေ များနေခဲ့ပြီး လက်တလောမှာတော့ သီယာဂို ပြန်ကောင်းလာကာ ကိတ်တာနဲ့ ဖာဘင်ညိုတို့က ဒဏ်ရာပြဿနာတွေ ရှိနေခဲ့ပြီဖြစ်တယ်။ အသေးစိတ် ဖော်ပြထားမှုတွေ မရှိတာက မာတစ်နဲ့ ဟန်ဒါဆန် အခြေအနေဖြစ်ပြီး မာတစ်က လေ့ကျင့်ရေးတွေမှာ ပြန်လည် ပါဝင်နေကာ ပွဲနေ့တွေမှာ ပါဝင်ဖို့ ကြံ့ခိုင်မှု မလုံလောက်ခြင်းပဲဖြစ်တယ်။ ဟန်ဒါဆန်ကတော့ မစ်ဂျီရန်ပွဲမှာ ဖြတ်လုမှုကြီးကြောင့် လူစားလဲခံခဲ့ရပေမယ့် ဒဏ်ရာရှိမနေဘူးလို့ ကလော့ပ်က ပြောပါတယ်။ စီနီယာအသင်းသားတွေရဲ့ အခြေအနေနဲ့ ပက်သက်လို့ လီဗာပူးအသင်း ဝန်ထမ်းဟောင်းဖြစ်ပြီး အန်ဖီး အသိုင်းအဝိုင်းနဲ့ နီးစပ်သူက အခုလို… Continue Reading →

လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ဆဲလ်တစ်အပြင် စတီဗင်ဂျရတ်ရဲ့ ရိန်းဂျားကိုပါ မြင်တွေ့ရမည်

စကော်တလန်လိဂ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ခြေစစ်ပွဲမှာ ၂ နေရာစာ ပါဝင်ခွင့်အတွက် ယူအီးအက်ဖ်အေရဲ့ အတည်ပြုပေးမှု သတင်းကောင်းကို လက်ခံရခဲ့ပါပြီ။ စကော်တလန်လိဂ်ဟာ ယခင်နှစ်တွေက အမှတ်ပေးချန်ပီယံ တစ်သင်းတည်းက ခြေစစ်ပွဲကို ပါဝင်ခွင့်ရထားတာပါ။ လာမယ့်ရာသီကစပြီး ချန်ပီယံအသင်းက တတိယအဆင့် ခြေစစ်ပွဲကနေ တိုးမြင့် စတင်ရမှာဖြစ်ပြီး အမှတ်ပေးဖလား ဒုတိယအသင်းကတော့ ဒုတိယအဆင့် ခြေစစ်ပွဲက စတင်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွေကို ပါဝင်ရမှာဖြစ်ပါတယ်။ စကော်တလန်ဖလား အနိုင်ရတဲ့အသင်းက ယူရိုပါလိဂ်ကို တတိယအဆင့် ခြေစစ်ပွဲကနေ ပါဝင်ခွင့်ရမှာဖြစ်ကာ အမှတ်ပေးဇယား အဆင့် ၃ နဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!