လီဗာပူးအသင်းရဲ့ ကြာသပတေးနေ့ မဲဝုဒ် လေ့ကျင့်ရေး အစီအစဉ်ဟာ အဆုံးသတ်ပိုင်းအတွက် အသားပေးလေ့ကျင့်တဲ့ အစီအစဉ်ဖြစ်ခဲ့ပါတယ်။

ဟန်ဒါဆန်၊ ရှာကွီရီလို ကြံ့ခိုင်မှု သံသယရှိထားတဲ့ အဓိက ကစားသမားတွေ အပြည့်အဝ ပါဝင်ခဲ့ပေမယ့် သီယာဂို၊ မာတစ်၊ ဖာဘင်ညို၊ ကိတ်တာတို့ မပါခဲ့ပါဘူး။ လူငယ်ကစားသမား အချို့ကလည်း စီနီယာအသင်းသားတွေနဲ့ တွဲဘက် ပါဝင်သွားခဲ့ပါတယ်။

လီဗာပူးအသင်းမှာ ဗန်ဒိုက်၊ မာတစ်၊ ဖာဘင်ညိုတို့ ဒဏ်ရာရသွားခဲ့တာကြောင့် စီနီယာခံစစ်မှူးက ဂိုးမက်စ် တစ်ဦးတည်း ကျန်ရှိနေတာပါ။ မဲဝုဒ်လေ့ကျင့်ရေးမှာတော့ ရိုင်စ် ဝီလီယမ်နဲ့ နက်ဖီးလစ်တို့က ဂိုးမက်စ်နဲ့အတူ ပါဝင်လေ့ကျင့်ခဲ့ကြပြီး ဒဏ်ရာက ပြန်သက်သာလာတဲ့ ကိုမတ်တီယိုကိုတော့ မမြင်ထားရပါဘူး။ ဒီအပတ်ထဲမှာ ကိုမတ်တီယို လေ့ကျင့်ရေး ပြန်စဝင်နေတယ်တော့ ကြားထားရတယ်။

ခံစစ်ပိုင်း အားနည်းနေပေမယ့် တိုက်စစ်သမားတွေကတော့ အစုံအလင် ပါခဲ့ကြပြီး မာနေး၊ ဆာလက်၊ ဖာမင်နို၊ ဂျိုတာတို့အပြင် မီနာမီနိုနဲ့ အိုရီဂီလည်း ပါဝင်ခဲ့တယ်။ မန်နေဂျာကလော့ပ်က မီနာမီနိုကို တစ်ဦးချင်း လမ်းညွှန်မှုတွေပါ လုပ်နေခဲ့ပါတယ်။

မန်နေဂျာကလော့ပ်ဟာ နောက်ပိုင်းပွဲတွေမှာ ၄-၂-၃-၁ ပုံစံကို အသားပေးတဲ့ ကစားကွက်ကို ထုတ်သုံးနေပြီး ကွင်းလယ် နောက်ချန်တိုက်စစ်သမား တစ်ဦးကို ထည့်သွင်းကာ တိုက်စစ်သမား ၄ ဦးထိ ထားကစားလာနေခဲ့တယ်။ ကောင်းကွက်တွေ များပေမယ့် အားနည်းချက်တွေလည်း ရှိနေပါတယ်။

ဝက်ဟမ်းနဲ့ပွဲမှာ အဓိက ရင်ဆိုင်ရမယ့် အချက်က ဗန်ဒိုက်နဲ့ ဖာဘင်ညိုတို့ မပါနိုင်တဲ့ နောက်တန်းရဲ့ ဖြတ်တင်ဘောနဲ့ တည်ကန်ဘောတွေမှာ အမြင့်ဘော အောင်နိုင်ရေးဖြစ်ပြီး ဒုတိယအချက်ကတော့ ခံစစ်ကနေ ဘောလုံးဖြတ်ဝေမှုပိုင်းပဲ ဖြစ်ပါတယ်။

လီဗာပူးက ဂိုးသမား အယ်လီဆန် ပြန်ပါလာတဲ့နောက် ခံစစ်က ဘောလုံးဖြန့်မှုမှာ စိုးထိတ်ရမှု လျော့နည်းသွားခဲ့ပြီး ဂိုးမက်စ်ကို ရိုင်စ် ဝီလီယမ်၊ နက်ဖီးလစ် တစ်ဦးဦးနဲ့ တွဲထုတ်ဖွယ်ရှိတဲ့ ဝက်ဟမ်းနဲ့ပွဲမှာတော့ ခံစစ်အတွဲ ဘယ်လိုထုတ်မလဲက အသင်းပရိသတ်တွေ အတော်လေး စိတ်ဝင်စားနေတဲ့ နေရာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ ၾကာသပေတးေန႔ မဲဝုဒ္ ေလ့က်င့္ေရး အစီအစဥ္ဟာ အဆံုးသတ္ပိုင္းအတြက္ အသားေပးေလ့က်င့္တဲ့ အစီအစဥ္ျဖစ္ခဲ့ပါတယ္။

ဟန္ဒါဆန္၊ ရွာကီြရီလို ၾကံ႕ခိုင္မႈ သံသယရွိထားတဲ့ အဓိက ကစားသမားေတြ အျပည့္အဝ ပါဝင္ခဲ့ေပမယ့္ သီယာဂို၊ မာတစ္၊ ဖာဘင္ညိဳ၊ ကိတ္တာတို႔ မပါခ့ဲပါဘူး။ လူငယ္ကစားသမား အခ်ိဳ႔ကလည္း စီနီယာအသင္းသားေတြနဲ႔ တြဲဘက္ ပါဝင္သြားခဲ့ပါတယ္။

လီဗာပူးအသင္းမွာ ဗန္ဒိုက္၊ မာတစ္၊ ဖာဘင္ညိဳတို႔ ဒဏ္ရာရသြားခဲ့တာေၾကာင့္ စီနီယာခံစစ္မွဴးက ဂိုးမက္စ္ တစ္ဦးတည္း က်န္ရွိေနတာပါ။ မဲဝုဒ္ေလ့က်င့္ေရးမွာေတာ့ ရိုင္စ္ ဝီလီယမ္နဲ႔ နက္ဖီးလစ္တို႔က ဂိုးမက္စ္နဲ႔အတူ ပါဝင္ေလ့က်င့္ခဲ့ၾကျပီး ဒဏ္ရာက ျပန္သက္သာလာတဲ့ ကိုမတ္တီယိုကိုေတာ့ မျမင္ထားရပါဘူး။ ဒီအပတ္ထဲမွာ ကိုမတ္တီယို ေလ့က်င့္ေရး ျပန္စဝင္ေနတယ္ေတာ့ ၾကားထားရတယ္။

ခံစစ္ပိုင္း အားနည္းေနေပမယ့္ တိုက္စစ္သမားေတြကေတာ့ အစံုအလင္ ပါခဲ့ၾကျပီး မာေနး၊ ဆာလက္၊ ဖာမင္ႏို၊ ဂ်ိဳတာတို႔အျပင္ မီနာမီႏိုနဲ႔ အိုရီဂီလည္း ပါဝင္ခဲ့တယ္။ မန္ေနဂ်ာကေလာ့ပ္က မီနာမီႏိုကို တစ္ဦးခ်င္း လမ္းညႊန္မႈေတြပါ လုပ္ေနခဲ့ပါတယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ ေနာက္ပိုင္းပြဲေတြမွာ ၄-၂-၃-၁ ပံုစံကို အသားေပးတဲ့ ကစားကြက္ကို ထုတ္သံုးေနျပီး ကြင္းလယ္ ေနာက္ခ်န္တိုက္စစ္သမား တစ္ဦးကို ထည့္သြင္းကာ တိုက္စစ္သမား ၄ ဦးထိ ထားကစားလာေနခဲ့တယ္။ ေကာင္းကြက္ေတြ မ်ားေပမယ့္ အားနည္းခ်က္ေတြလည္း ရွိေနပါတယ္။

ဝက္ဟမ္းနဲ႔ပြဲမွာ အဓိက ရင္ဆိုင္ရမယ့္ အခ်က္က ဗန္ဒိုက္နဲ႔ ဖာဘင္ညိဳတို႔ မပါႏုိင္တဲ့ ေနာက္တန္းရဲ႕ ျဖတ္တင္ေဘာနဲ႔ တည္ကန္ေဘာေတြမွာ အျမင့္ေဘာ ေအာင္ႏုိင္ေရးျဖစ္ျပီး ဒုတိယအခ်က္ကေတာ့ ခံစစ္ကေန ေဘာလံုးျဖတ္ေဝမႈပိုင္းပဲ ျဖစ္ပါတယ္။

လီဗာပူးက ဂိုးသမား အယ္လီဆန္ ျပန္ပါလာတဲ့ေနာက္ ခံစစ္က ေဘာလံုးျဖန္႔မႈမွာ စိုးထိတ္ရမႈ ေလ်ာ့နည္းသြားခဲ့ျပီး ဂိုးမက္စ္ကို ရိုင္စ္ ဝီလီယမ္၊ နက္ဖီးလစ္ တစ္ဦးဦးနဲ႔ တြဲထုတ္ဖြယ္ရွိတဲ့ ဝက္ဟမ္းနဲ႔ပြဲမွာေတာ့ ခံစစ္အတြဲ ဘယ္လိုထုတ္မလဲက အသင္းပရိသတ္ေတြ အေတာ္ေလး စိတ္ဝင္စားေနတဲ့ ေနရာျဖစ္ပါတယ္။