လီဗာပူးမန်နေဂျာကြီး ယာဂင်ကလော့ပ်က သူဟာ လူမှုကွန်ယက်တွေ သုံးဖို့က အသက်အရွယ် အိုသွားပြီဖြစ်ပေမယ့် အင်စတာဂရမ်ကိုတော့ သုံးစွဲနေတယ်လို့ ဝန်ခံပါတယ်။

သူ့အကောင့်နာမည်ကို မပြောပြပေမယ့် အသင်းသားတိုင်းကို ဖော်လိုးလုပ်ထားပြီး စောင့်ကြည့်တယ်လို့ ပြောပြတယ်။ ဒါ့အပြင် ကစားသမားတွေရဲ့ လူနေမှုပြင်ပက ထူးဆန်းကိစ္စတွေကိုလည်း ကလော့ပ်က သိနေတယ်။ ဒီတိုင်းဆိုရင်တော့ ကလော့ပ်ဟာ အသင်းနဲ့ ပက်သက်လို့ ပရိသတ်တွေထံက လာတဲ့ အသံကိုလည်း အင်စတာဂရမ်ကနေ နားစွင့်နေမယ်လို့ ယုံကြည်ရတယ်။

မန်နေဂျာ ကလော့ပ်က “ မနှစ်က နွေကစပြီး ကျနော် အင်စတာဂရမ်ကို စသုံးပါတယ်။ ကျနော်က အရမ်းတော့ သုံးနေတာ မဟုတ်ဘူး ဒါပေမယ့် အသင်းသားတွေ အားလုံးကို ဖော်လိုးလုပ်ထားတယ်။ ချိန်ဘာလိန်နဲ့ သူ့ရဲ့ ကောင်မလေးကိုလည်း အင်စတာဂရမ်မှာ အတ်ထားတယ်။ သူတို့က အတော်လေး ကောင်းမွန်တဲ့ ပြင်ပဘဝကို ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။

ကျနော့် အကောင့်နာမည်ကတော့ လျှို့ဝှက်လေးပေါ့။ လူမှုကွန်ယက်ရဲ့ သဘောတရားတွေကိုတော့ ကျနော် ပိုနားလည်လာတယ် ဒါပေမယ့် အမြဲသုံးနေတာတော့ မလုပ်ပါဘူး။ သုံးရတာက ပျော်စရာကောင်းပါတယ်။ ကောင်းတဲ့အချက်က ကျနော် ကောင်လေးတွေရဲ့ မွေးနေ့ကို ဘယ်တော့မှ မမေ့တော့ဘူးပေါ့။ အဲ့အချက်က အတော် ကောင်းပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လူမှုကွန်ယက်ကို သုံးရင်းမှပဲ ကလော့ပ်က လီဗာပူးမြို့က ဆီဆိုင်မှာ ဆာလက်က အိမ်ရာမဲ့ လူတစ်ဦးကို ကူညီပေးမှုတွေကိုလည်း လေ့လာခွင့်ရခဲ့တယ်။ အဲ့အတွက်လည်း ကလော့ပ်က ချီးကျူးမှု လုပ်ပါတယ်။

“ မိုဆာလက်။ သူက လမ်းမပေါ်က မတော်တဆ ကိစ္စတွေကိုတောင် ဂရုစိုက်ပါတယ်။ ဓါတ်ဆီဆိုင်မှာ သူဘာလုပ်တယ်ဆိုတာကို အင်စတာဂရမ်ကနေ ကျနော် သိခွင့်ရခဲ့တယ်။ သူ ကျနော်ကို မပြောပါဘူး။ ကျနော်က မြင်ခဲ့တာပါ။ ဘယ်မှာ ဆီဆိုင်ရှိတယ်ဆိုတာကအစ သူသိပြီး ကျနော်ကိုလည်း ကူညီပေးပါတယ် ” လို့ ကလော့ပ်က ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာၾကီး ယာဂင္ကေလာ့ပ္က သူဟာ လူမႈကြန္ယက္ေတြ သံုးဖို႔က အသက္အရြယ္ အိုသြားျပီျဖစ္ေပမယ့္ အင္စတာဂရမ္ကိုေတာ့ သံုးစြဲေနတယ္လို႔ ဝန္ခံပါတယ္။

သူ႔အေကာင့္နာမည္ကို မေျပာျပေပမယ့္ အသင္းသားတိုင္းကို ေဖာ္လိုးလုပ္ထားျပီး ေစာင့္ၾကည့္တယ္လို႔ ေျပာျပတယ္။ ဒါ့အျပင္ ကစားသမားေတြရဲ႕ လူေနမႈျပင္ပက ထူးဆန္းကိစၥေတြကိုလည္း ကေလာ့ပ္က သိေနတယ္။ ဒီတိုင္းဆိုရင္ေတာ့ ကေလာ့ပ္ဟာ အသင္းနဲ႔ ပက္သက္လို႔ ပရိသတ္ေတြထံက လာတဲ့ အသံကိုလည္း အင္စတာဂရမ္ကေန နားစြင့္ေနမယ္လို႔ ယံုၾကည္ရတယ္။

မန္ေနဂ်ာ ကေလာ့ပ္က “ မႏွစ္က ေႏြကစျပီး က်ေနာ္ အင္စတာဂရမ္ကို စသံုးပါတယ္။ က်ေနာ္က အရမ္းေတာ့ သံုးေနတာ မဟုတ္ဘူး ဒါေပမယ့္ အသင္းသားေတြ အားလံုးကို ေဖာ္လိုးလုပ္ထားတယ္။ ခ်ိန္ဘာလိန္နဲ႔ သူ႔ရဲ႕ ေကာင္မေလးကိုလည္း အင္စတာဂရမ္မွာ အတ္ထားတယ္။ သူတို႔က အေတာ္ေလး ေကာင္းမြန္တဲ့ ျပင္ပဘဝကို ပိုင္ဆိုင္ထားၾကသူေတြ ျဖစ္ပါတယ္။

က်ေနာ့္ အေကာင့္နာမည္ကေတာ့ လွ်ိဳ႕ဝွက္ေလးေပါ့။ လူမႈကြန္ယက္ရဲ႕ သေဘာတရားေတြကိုေတာ့ က်ေနာ္ ပိုနားလည္လာတယ္ ဒါေပမယ့္ အျမဲသံုးေနတာေတာ့ မလုပ္ပါဘူး။ သံုးရတာက ေပ်ာ္စရာေကာင္းပါတယ္။ ေကာင္းတဲ့အခ်က္က က်ေနာ္ ေကာင္ေလးေတြရဲ႕ ေမြးေန႔ကို ဘယ္ေတာ့မွ မေမ့ေတာ့ဘူးေပါ့။ အဲ့အခ်က္က အေတာ္ ေကာင္းပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

လူမႈကြန္ယက္ကို သံုးရင္းမွပဲ ကေလာ့ပ္က လီဗာပူးျမိဳ႔က ဆီဆိုင္မွာ ဆာလက္က အိမ္ရာမဲ့ လူတစ္ဦးကို ကူညီေပးမႈေတြကိုလည္း ေလ့လာခြင့္ရခဲ့တယ္။ အဲ့အတြက္လည္း ကေလာ့ပ္က ခ်ီးက်ဴးမႈ လုပ္ပါတယ္။

“ မိုဆာလက္။ သူက လမ္းမေပၚက မေတာ္တဆ ကိစၥေတြကိုေတာင္ ဂရုစိုက္ပါတယ္။ ဓါတ္ဆီဆိုင္မွာ သူဘာလုပ္တယ္ဆိုတာကို အင္စတာဂရမ္ကေန က်ေနာ္ သိခြင့္ရခဲ့တယ္။ သူ က်ေနာ္ကို မေျပာပါဘူး။ က်ေနာ္က ျမင္ခဲ့တာပါ။ ဘယ္မွာ ဆီဆိုင္ရွိတယ္ဆိုတာကအစ သူသိျပီး က်ေနာ္ကိုလည္း ကူညီေပးပါတယ္ ” လို႔ ကေလာ့ပ္က ဆိုခဲ့တာ ျဖစ္ပါတယ္။