ဒီအပတ်မှာတော့ လီဗာပူးအသင်းဟာ ဝက်ဟမ်းအသင်းကို အန်ဖီးကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လီဗာပူးမှာ ခံစစ်ပိုင်း ပြဿနာတွေရှိနေပြီး ဗန်ဒိုက်၊ ဖာဘင်ညိုတို့ မပါဝင်နိုင်တာ သေချာသလို ဝက်ဟမ်းဘက်မှာလည်း အဓိက တိုက်စစ်သမား အန်တိုနီယို ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ လီဗာပူးမှာ အားအကောင်းဆုံးအဖြစ် တိုက်စစ်ကတော့ လူအပြည့်ရှိနေတာကြောင့် တိုက်စစ်အားသန် ပုံစံဖြင့် ပွဲထွက်လာမယ် ခန့်မှန်းရတယ်။

ပွဲနဲ့ ပက်သက်လို့ အိုဝင်က ” ဒီအပတ် ရင်ဆိုင်ကစားရမယ့် ဝက်ဟမ်းနဲ့ပွဲမှာ လီဗာပူးအသင်းက ထိခိုက်မှုကြီး ၂ ခုကို ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ အနီရောင်တွေက ဗန်ဒိုက်ကိုကော၊ ဖာဘင်ညိုကိုပါ ဒဏ်ရာတွေကြောင့် လက်လွတ်ထားရတယ်။ ဒီတော့ ခံစစ်ပိုင်းနဲ့ ပက်သက်ပြီး သူတို့ ဘယ်လို ကိုင်တွယ်မလဲဆိုတာက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

လီဗာပူးက ဒီရာသီအတွင်း ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနေတဲ့ ဝက်ဟမ်းအသင်းကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဝက်ဟမ်းက လီဗာပူးကို ပြဿနာတွေ ပေးနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့်လည်း ယာဂင်ကလော့ပ်ရဲ့ အသင်းက တိုက်စစ်ကစားနိုင်စွမ်း သိပ်များလွန်းပြီး ဒီပွဲမှာတော့ နှစ်သင်းလုံး ဂိုးသွင်းမှာဖြစ်ကာ အိမ်ရှင်အသင်းကပဲ အနိုင်ရသွားမယ်လို့ ထင်ပါတယ် ” လို့ သုံးသပ်ခဲ့တာဖြစ်တယ်။

လီဗာပူးနဲ့ ဝက်ဟမ်းပွဲအတွက် မိုင်ကယ်အိုဝင်ရဲ့ ရလဒ်ခန့်မှန်းကတော့ မာနေး အချိန်မရွေး ဂိုးသွင်းနိုင်ကာ လီဗာပူး အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာေတာ့ လီဗာပူးအသင္းဟာ ဝက္ဟမ္းအသင္းကို အန္ဖီးကြင္းမွာ ဧည့္ခံ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

လီဗာပူးမွာ ခံစစ္ပိုင္း ျပႆနာေတြရွိေနျပီး ဗန္ဒိုက္၊ ဖာဘင္ညိဳတို႔ မပါဝင္ႏုိင္တာ ေသခ်ာသလို ဝက္ဟမ္းဘက္မွာလည္း အဓိက တိုက္စစ္သမား အန္တိုနီယို ဒဏ္ရာေၾကာင့္ ပါဝင္ႏုိင္မွာ မဟုတ္ပါဘူး။ လီဗာပူးမွာ အားအေကာင္းဆံုးအျဖစ္ တိုက္စစ္ကေတာ့ လူအျပည့္ရွိေနတာေၾကာင့့္ တိုက္စစ္အားသန္ ပံုစံျဖင့္ ပြဲထြက္လာမယ္ ခန္႔မွန္းရတယ္။

ပြဲနဲ႔ ပက္သက္လို႔ အိုဝင္က ” ဒီအပတ္ ရင္ဆိုင္ကစားရမယ့္ ဝက္ဟမ္းနဲ႔ပြဲမွာ လီဗာပူးအသင္းက ထိခိုက္မႈၾကီး ၂ ခုကို ေျဖရွင္းသြားရမွာ ျဖစ္ပါတယ္။ အနီေရာင္ေတြက ဗန္ဒိုက္ကိုေကာ၊ ဖာဘင္ညိဳကိုပါ ဒဏ္ရာေတြေၾကာင့္ လက္လြတ္ထားရတယ္။ ဒီေတာ့ ခံစစ္ပိုင္းနဲ႔ ပက္သက္ျပီး သူတို႔ ဘယ္လို ကိုင္တြယ္မလဲဆိုတာက စိတ္ဝင္စားစရာ ျဖစ္ပါတယ္။

လီဗာပူးက ဒီရာသီအတြင္း ထူးခၽြန္တဲ့ စြမ္းေဆာင္ရည္ေတြကို ျပသေနတဲ့ ဝက္ဟမ္းအသင္းကို ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ ဝက္ဟမ္းက လီဗာပူးကို ျပႆနာေတြ ေပးႏုိင္စြမ္း ရွိပါတယ္။ ဒါေပမယ့္လည္း ယာဂင္ကေလာ့ပ္ရဲ႕ အသင္းက တိုက္စစ္ကစားႏုိင္စြမ္း သိပ္မ်ားလြန္းျပီး ဒီပြဲမွာတော့ ႏွစ္သင္းလံုး ဂိုးသြင္းမွာျဖစ္ကာ အိမ္ရွင္အသင္းကပဲ အႏုိင္ရသြားမယ္လို႔ ထင္ပါတယ္ ” လို႔ သံုးသပ္ခဲ့တာျဖစ္တယ္။

လီဗာပူးနဲ႔ ဝက္ဟမ္းပြဲအတြက္ မိုင္ကယ္အိုဝင္ရဲ႕ ရလဒ္ခန္႔မွန္းကေတာ့ မာေနး အခ်ိန္မေရြး ဂိုးသြင္းႏိုင္ကာ လီဗာပူး အႏုိင္ရမယ္လို႔ ျဖစ္ပါတယ္။