ဝက်ဟမ်းပွဲကြို မန်နေဂျာကလော့ပ်ရဲ့ မီဒီယာတွေ့ဆုံမှုမှ အရေးပါတဲ့ မေးခွန်းတွေအတွက် ဖြေဆိုပေးမှုကို ကောက်နုတ် ဖော်ပြပါတယ်။

ဗန်ဒိုက်ကိစ္စ ” ခွဲစိတ်မှု အောင်မြင်ပါတယ်။ ဒါက ငါတို့ရနိုင်တဲ့ သတင်းကောင်းပါ။ ဗန်ဒိုက် ရာနှုန်းပြည့် ပြန်ကောင်းလာဖို့အတွက် ဖြစ်နိုင်တာတွေ အားလုံးကို ကြိုးစားမှာပါ။ ဒီအခြေအနေမှာတော့ စိတ်မကျေနပ်တာတွေ ပြောဖို့ကိစ္စမျိုး မရှိပါဘူး။ ခွဲစိတ်မှု အောင်မြင်တယ်၊ သူအခြေအနေ ကောင်းပါတယ်။ ”

VAR အတွက် မှတ်ချက် ” ဘာကိုမှ ထပ်မပြောချင်တော့ပါဘူး။ ပြောလို့ ပြောင်းလဲသွားမယ်ဆိုရင် ပြောမှာပါ။ အခုက ပြောလဲ ထူးမှာမှ မဟုတ်ဘဲ။ ဒီဇာတ်လမ်းတွေကို ဆက်ပြောနေစရာ လိုသေးမယ်လို့ မထင်ပါဘူး။ ကျျနေ်ာတို့ စိတ်ထဲမှာ အခုချိန်ထိ ခံစားနေရဆဲပါ ဒါပေမယ့် မပြောင်းလဲတော့ပါဘူး။ ဆက်ပြောစရာလဲ မရှိပါဘူး။ ”

ဟန်ဒါဆန်ကိစ္စ ” သူ့မှာ ကြံ့ခိုင်မှုပြဿနာ မရှိပါဘူး။ ပွဲတွေအတွက် ကစားပေးလို့ရပါတယ်။ အောက်တိုဘာ၊ ဒီဇင်ဘာလို ပွဲကြပ်များမယ့် ကာလတွေကြောင့် ဒီအခြေအနေတွေကို အခုတည်းက စီမံဖို့ ကြိုးစားနေတာပါ။ ”

ဖာဘင်ညိုကိစ္စ ” သူက ဒဏ်ရာအနည်းငယ် ရခဲ့ပါတယ်။ ဒီအပတ်တော့ နားရပါမယ်၊ ဒီအပတ်ထက် နည်းနည်း ပိုကြာနိုင်ပါတယ်။ ”

သီယာဂိုနဲ့ ကိတ်တာ အခြေအနေ ” နှစ်ယောက်လုံး အခြေအနေ ကောင်းလာပါပြီ။ သီယာဂိုက မကျိုးသွားပေမယ့် တည်ငြိမ်လာဖို့ အချိန်လိုတယ်။ သူက နောက်ထပ် ခြေလှမ်းတွေအတွင်း စိုင်းပြင်းနေပါတယ်။ ကျနေ်ာတို့ ကြည့်ရမှာပေါ့။ ကိတ်တာအတွက်လည်း အတူတူပါပဲ။ ခြားနားတဲ့ ဒဏ်ရာကိစ္စပါပဲ။ ”

ဒဏ်ရာက သက်သာလာသူတွေကို ဘာလို့ ပွဲမထုတ်လဲ ” ကောင်းလေးတွေ လေ့ကျင့်နေပေမယ့် လာမယ့် ၁၀ ပွဲ၊ ပွဲ၂၀ လောက်ကို ကစားနိုင်ဖို့ထိ ပြင်ဆင်ချိန် လုံလောက်အောင်ပေးဖို့ပါပဲ။ တစ်ယောက်ယောက်က လေ့ကျင့်ရေး ပြန်ဝင်လာတိုင်း ချက်ခြင်းသုံးမယ် မဟုတ်ပါဘူး။ ငါ ဒီလောက် ကြမ်းကြမ်း မကိုင်ပါဘူး။ ဆေးအဖွဲ့က ငါ့ကို သတင်းပေးတဲ့အပေါ် မူတည်ပြီး အလုပ်လုပ်ပါတယ်။ ”

ZAWGYI

ဝက္ဟမ္းပြဲၾကိဳ မန္ေနဂ်ာကေလာ့ပ္ရဲ႕ မီဒီယာေတြ႔ဆံုမႈမွ အေရးပါတဲ့ ေမးခြန္းေတြအတြက္ ေျဖဆိုေပးမႈကို ေကာက္ႏုတ္ ေဖာ္ျပပါတယ္။

ဗန္ဒိုက္ကိစၥ ” ခြဲစိတ္မႈ ေအာင္ျမင္ပါတယ္။ ဒါက ငါတို႔ရႏိုင္တဲ့ သတင္းေကာင္းပါ။ ဗန္ဒိုက္ ရာႏႈန္းျပည့္ ျပန္ေကာင္းလာဖို႔အတြက္ ျဖစ္ႏုိင္တာေတြ အားလံုးကို ၾကိဳးစားမွာပါ။ ဒီအေျခအေနမွာေတာ့ စိတ္မေက်နပ္တာေတြ ေျပာဖို႔ကိစၥမ်ိဳး မရွိပါဘူး။ ခြဲစိတ္မႈ ေအာင္ျမင္တယ္၊ သူအေျခအေန ေကာင္းပါတယ္။ ”

VAR အတြက္ မွတ္ခ်က္ ” ဘာကိုမွ ထပ္မေျပာခ်င္ေတာ့ပါဘူး။ ေျပာလို႔ ေျပာင္းလဲသြားမယ္ဆိုရင္ ေျပာမွာပါ။ အခုက ေျပာလဲ ထူးမွာမွ မဟုတ္ဘဲ။ ဒီဇာတ္လမ္းေတြကို ဆက္ေျပာေနစရာ လိုေသးမယ္လို႔ မထင္ပါဘူး။ က််ေန္ာတို႔ စိတ္ထဲမွာ အခုခ်ိန္ထိ ခံစားေနရဆဲပါ ဒါေပမယ့္ မေျပာင္းလဲေတာ့ပါဘူး။ ဆက္ေျပာစရာလဲ မရွိပါဘူး။ ”

ဟန္ဒါဆန္ကိစၥ ” သူ႔မွာ ၾကံ႕ခိုင္မႈျပႆနာ မရွိပါဘူး။ ပြဲေတြအတြက္ ကစားေပးလို႔ရပါတယ္။ ေအာက္တိုဘာ၊ ဒီဇင္ဘာလို ပြဲၾကပ္မ်ားမယ့္ ကာလေတြေၾကာင့္ ဒီအေျခအေနေတြကို အခုတည္းက စီမံဖို႔ ၾကိဳးစားေနတာပါ။ ”

ဖာဘင္ညိဳကိစၥ ” သူက ဒဏ္ရာအနည္းငယ္ ရခဲ့ပါတယ္။ ဒီအပတ္ေတာ့ နားရပါမယ္၊ ဒီအပတ္ထက္ နည္းနည္း ပိုၾကာႏုိင္ပါတယ္။ ”

သီယာဂိုနဲ႔ ကိတ္တာ အေျခအေန ” ႏွစ္ေယာက္လံုး အေျခအေန ေကာင္းလာပါျပီ။ သီယာဂိုက မက်ိဳးသြားေပမယ့္ တည္ျငိမ္လာဖို႔ အခ်ိန္လိုတယ္။ သူက ေနာက္ထပ္ ေျခလွမ္းေတြအတြင္း စိုင္းျပင္းေနပါတယ္။ က်ေန္ာတို႔ ၾကည့္ရမွာေပါ့။ ကိတ္တာအတြက္လည္း အတူတူပါပဲ။ ျခားနားတဲ့ ဒဏ္ရာကိစၥပါပဲ။ ”

ဒဏ္ရာက သက္သာလာသူေတြကို ဘာလို႔ ပြဲမထုတ္လဲ ” ေကာင္းေလးေတြ ေလ့က်င့္ေနေပမယ့္ လာမယ့္ ၁၀ ပြဲ၊ ပြဲ၂၀ ေလာက္ကို ကစားႏုိင္ဖို႔ထိ ျပင္ဆင္ခ်ိန္ လံုေလာက္ေအာင္ေပးဖို႔ပါပဲ။ တစ္ေယာက္ေယာက္က ေလ့က်င့္ေရး ျပန္ဝင္လာတိုင္း ခ်က္ျခင္းသံုးမယ္ မဟုတ္ပါဘူး။ ငါ ဒီေလာက္ ၾကမ္းၾကမ္း မကိုင္ပါဘူး။ ေဆးအဖြဲ႔က ငါ့ကို သတင္းေပးတဲ့အေပၚ မူတည္ျပီး အလုပ္လုပ္ပါတယ္။ “