မန်နေဂျာကလော့ပ်ဟာ ဝက်ဟမ်းပွဲကြို မီဒီယာတွေ့ဆုံမှုမှာ အသေးစိတ် ကိစ္စတွေကို ဖြေဆိုမှု လုပ်သွားတဲ့အပြင် အချို့ကိစ္စတွေမှာ အရိပ်အမြွက်ပေးခဲ့တယ်လို့ သိရပါတယ်။

” အကောင်းဆုံး တုန့်ပြန်ဖို့လိုပြီး လူစာရင်းကို အကောင်းဆုံး အသုံးချတတ်ဖို့လည်း လိုပါတယ်။ ရှက်ဖီးနဲ့ပွဲမှာ ကျနေ်ာတို့ ပွဲကစားပုံကို အနည်းငယ် ပြောင်းလဲခဲ့တယ်။ တူညီတဲ့ အရာတွေကို ဝက်ဟမ်းနဲ့ပွဲမှာ ဆက်လုပ်ဖို့ ဖြစ်နိုင်ပါတယ်။ ဘာက အလုပ်ဖြစ်မလဲနဲ့ ဘယ်ကစားသမားတွေကို ရွေးလိုရမလဲဆိုတဲ့အပေါ် မူတည်တယ်။

အင်္ဂါနေ့ညမှာ ကျနေ်ာတို့ ကစားခဲ့ပြီး နောက်ရက်မှာ ပြန်လည်အားဖြည့်မှုတွေ လုပ်ခဲ့တယ်။ ဒီနေ့ကတော့ နည်းစနစ်ပိုင်းဆိုင်ရာ ကိစ္စတွေကို လေ့ကျင့်မှုဖြစ်ပါတယ် ” လို့ ကလော့ပ်က ပြောပါတယ်။

လူငယ်လေး ရိုင်စ် တိုးတက်လာပြီး စီနီယာလေ့ကျင့်ရေးထဲ ဝင်ရောက်လာနိုင်ခြင်းက ပထမအသင်းနဲ့ လူငယ်ရေးရာ တိုးတက်မှုနည်းပြ ဗစ်တာ မာတိုစ့်ရဲ့ ထောက်ခံမှုကြောင့် ဖြစ်ကြောင်း ကလော့ပ်က ပြောပြပါသေးတယ်။

” ကုန်ခဲ့တဲ့နှစ်တွေက သူ့ရဲ့ တိုးတက်မှု အခြေအနေကို ငါ အများကြီး မသိဘူး ဒါပေမယ့် ဒီအပတ်တွေထဲမှာနဲ့ ဒီလတွေထဲမှာ သူ့ရဲ့ တိုးတက်မှုကိုတော့ ငါပြောနိုင်တယ်။ သူက အတော်လေး မျှော်လင့်စရာ ကစားသမားပါ။ ဗစ်တာ မားတိုစ့်က သူ့ကို ခေါ်ပြီး စီနီယာအသင်းမှာ လေ့ကျင့်ကြည့်ပါလို့ ငါကို ပြောခဲ့တယ်။

ငါတို့မှာ ကောင်လေး ဘီလီနဲ့ နက်ဖီးလစ်လည်း ရျိပါသေးတယ်။ ဒီကောင်လေးတွေက ငါ့တို့ရဲ့ ကောင်လေးတွေပါ။ အားလုံးလည်း လေ့ကျင့်ရေး ဆင်းထားတယ်။ လူစာရင်းန့ ပက်သက်လို့ ဆုံးဖြတ်ချက်တော့ လုပ်ရပါမယ် ” လို့ မန်နေဂျာက ပြောခဲ့တယ်။

လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ကလော့ပ်ဟာ ဝက်ဟမ်းပွဲမှာ ရိုင်စ် ဝီလီယမ်ကို ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ပေးမယ်လို့ ဆိုတယ်။ ဒါကြောင့် ခံစစ်အထိုင်နေရာမှာ ဂိုးမက်စ်၊ ရိုင်စ်ဖြစ်ပြီး ၄-၂-၃-၁ ပုံစံမှာ တိုက်စစ်သမား ၄ ဦးဖြင့် ပွဲထွက်လာဖို့ နီးစပ်နေပါတယ်။

ZAWGYI

မန္ေနဂ်ာကေလာ့ပ္ဟာ ဝက္ဟမ္းပြဲၾကိဳ မီဒီယာေတြ႔ဆံုမႈမွာ အေသးစိတ္ ကိစၥေတြကို ေျဖဆိုမႈ လုပ္သြားတဲ့အျပင္ အခ်ိဳ႔ကိစၥေတြမွာ အရိပ္အျမြက္ေပးခဲ့တယ္လို႔ သိရပါတယ္။

” အေကာင္းဆံုး တုန္႔ျပန္ဖို႔လိုျပီး လူစာရင္းကို အေကာင္းဆံုး အသံုးခ်တတ္ဖို႔လည္း လိုပါတယ္။ ရွက္ဖီးနဲ႔ပြဲမွာ က်ေန္ာတို႔ ပြဲကစားပံုကို အနည္းငယ္ ေျပာင္းလဲခဲ့တယ္။ တူညီတဲ့ အရာေတြကို ဝက္ဟမ္းနဲ႔ပြဲမွာ ဆက္လုပ္ဖို႔ ျဖစ္ႏုိင္ပါတယ္။ ဘာက အလုပ္ျဖစ္မလဲနဲ႔ ဘယ္ကစားသမားေတြကို ေရြးလိုရမလဲဆိုတဲ့အေပၚ မူတည္တယ္။

အဂၤါေန႔ညမွာ က်ေန္ာတို႔ ကစားခဲ့ျပီး ေနာက္ရက္မွာ ျပန္လည္အားျဖည့္မႈေတြ လုပ္ခဲ့တယ္။ ဒီေန႔ကေတာ့ နည္းစနစ္ပိုင္းဆိုင္ရာ ကိစၥေတြကို ေလ့က်င့္မႈျဖစ္ပါတယ္ ” လို႔ ကေလာ့ပ္က ေျပာပါတယ္။

လူငယ္ေလး ရိုင္စ္ တိုးတက္လာျပီး စီနီယာေလ့က်င့္ေရးထဲ ဝင္ေရာက္လာႏုိင္ျခင္းက ပထမအသင္းနဲ႔ လူငယ္ေရးရာ တိုးတက္မႈနည္းျပ ဗစ္တာ မာတိုစ့္ရဲ႕ ေထာက္ခံမႈေၾကာင့္ ျဖစ္ေၾကာင္း ကေလာ့ပ္က ေျပာျပပါေသးတယ္။

” ကုန္ခဲ့တဲ့ႏွစ္ေတြက သူ႔ရဲ႕ တိုးတက္မႈ အေျခအေနကို ငါ အမ်ားၾကီး မသိဘူး ဒါေပမယ့္ ဒီအပတ္ေတြထဲမွာနဲ႔ ဒီလေတြထဲမွာ သူ႔ရဲ႕ တိုးတက္မႈကိုေတာ့ ငါေျပာႏုိင္တယ္။ သူက အေတာ္ေလး ေမွ်ာ္လင့္စရာ ကစားသမားပါ။ ဗစ္တာ မားတိုစ့္က သူ႔ကို ေခၚျပီး စီနီယာအသင္းမွာ ေလ့က်င့္ၾကည့္ပါလို႔ ငါကို ေျပာခဲ့တယ္။

ငါတို႔မွာ ေကာင္ေလး ဘီလီနဲ႔ နက္ဖီးလစ္လည္း ရ်ိပါေသးတယ္။ ဒီေကာင္ေလးေတြက ငါ့တို႔ရဲ႕ ေကာင္ေလးေတြပါ။ အားလံုးလည္း ေလ့က်င့္ေရး ဆင္းထားတယ္။ လူစာရင္းန႔ ပက္သက္လို႔ ဆံုးျဖတ္ခ်က္ေတာ့ လုပ္ရပါမယ္ ” လို႔ မန္ေနဂ်ာက ေျပာခဲ့တယ္။

လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က ကေလာ့ပ္ဟာ ဝက္ဟမ္းပြဲမွာ ရိုင္စ္ ဝီလီယမ္ကို ပထမဆံုး ပရီးမီးယားလိဂ္ ပြဲထြက္ခြင့္ေပးမယ္လို႔ ဆိုတယ္။ ဒါေၾကာင့္ ခံစစ္အထိုင္ေနရာမွာ ဂိုးမက္စ္၊ ရိုင္စ္ျဖစ္ျပီး ၄-၂-၃-၁ ပံုစံမွာ တိုက္စစ္သမား ၄ ဦးျဖင့္ ပြဲထြက္လာဖို႔ နီးစပ္ေနပါတယ္။