မန်နေဂျာ ယာဂင်ကလော့ပ်က ဝက်ဟမ်းပွဲကြိုမှာပဲ ခံစစ်ပိုင်း ပြဿနာနဲ့ ပက်သက်လို့ ထုတ်ပြောခဲ့ပြန်ပါတယ်။
ဗန်ဒိုက်အပြင် ဖာဘင်ညို မာတစ်တို့ကလည်း ဒဏ်ရာပြဿနာတွေ ရှိနေပေမယ့် ဒီနေ့ညပွဲမှာ ရိုင်စ် ဝီလီယမ်ကို ဂိုးမက်စ်နဲ့ တွဲပေးမှာဖြစ်ကာ နက်ဖီးလစ်က အရန်ကနေ ပါဝင်လာနိုင်ပါတယ်။ သို့သော်လည်း စီနီယာထဲက လေးဦးကလည်း ဗဟိုခံစစ်မှူးတွေအဖြစ် ရွေးချယ်လို့ နိုင်တယ်လို့ ပြောပါတယ်။
မန်နေဂျာကလော့ပ်က “ ကျနေ်ာတို့မှာ ဗဟိုခံစစ်အတွက် အခြားသော ရွေးချယ်စရာတွေအဖြစ် ဟန်ဒါဆန်၊ ဝိုက်နယ်ဒမ်၊ ဂျိမ်းမီလ်နာနဲ့ ရိုဘိုတို့ ရှိပါတယ်။ ရိုဘိုက ဗဟိုခံစစ်မှူးနေရာမှာလည်း ကစားနိုင်ပါတယ်။ သူတို့က မာရှေးယာနိုထက် လူကောင်သေးသူတွေလည်း မဟုတ်ပါဘူး။ အာဂျင်တီးနားသားက ဘာစီလိုနာမှာ ဗဟိုခံစစ်မှူးနေရာအတွက် ကစားခဲ့တာပါ ” လို့ ဆိုခဲ့တယ်။
မန်နေဂျာကပဲ ဖာဘင်ညိုကို လာမယ့် ၃ ပွဲလုံးမှာ အလောတကြီး သုံးမှာ မဟုတ်ဘဲ နိုင်ငံတကာ သီတင်းပတ် အပြီးမှ ထုတ်သုံးတော့မယ်လို့ အတည်ပြုသွားပါတယ်။
ကလော့ပ်က “ ဒဏ်ရာက အသေးစားပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ပါ သူက နိုင်ငံတကာ သီတင်းပတ် အကုန်မှ ပြန်ကစားနိုင်တော့မှာက သေချာပါတယ် ” က ဆိုတယ်။
ဝက်ဟမ်းပွဲကြိုမှာပဲ မာတစ်က လေ့ကျင့်ရေးကို နောက်ထပ် ပါဝင်မှု ထပ်လုပ်နိုင်ခဲ့ပါတယ်။ သို့သော် ဒီနေ့ပွဲမှာ သူ့ကို လုံးဝ ထုတ်သုံးမှာ မဟုတ်ဘဲ ကြံ့ခိုင်မှု တည်ဆောက်နေခြင်းကို အရှိန်ရစေဖို့ ဆက်လက် အချိန်ပေးသွားမှာ ဖြစ်ပါတယ်။
ZAWGYI