မန်နေဂျာကလော့ပ်နဲ့ မန်နေဂျာ ဂွာဒီယိုလာတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ လူစားလဲမှု ၅ ခုထိ လုပ်ခွင့်ရရေးအတွက် ဖိအားပေးမှုတွေကို ဖိအားပေးနေကြပြီဖြစ်ပါတယ်။

စည်းမျဉ်းရေးဆွဲသူတွေထံက ခွင့်ပြုချက်ကိုရဖို့ရာ သောကြာနေ့ မီဒီယာတွေ့ဆုံမှုတွေမှာ မန်နေဂျာ နှစ်ဦးလုံးက ပြန်လည်း သုံးသပ်ပေးကြဖို့ တောင်းဆိုခဲ့ကြတာပါ။ ပရီးမီးယားလိဂ်မှာ ကြွက်သားဒဏ်ရာ ပြဿနာတွေ ဆက်တိုက် မြင့်တက်လာနေပြီး ဒီအခြေအနေက ဥရောပမှာ အင်္ဂလန်အသင်းတွေကို မျက်နှာသာမရစေမယ့် အားနည်းချက်လည်း ဖြစ်လာတယ်။

ဥရောပရဲ့ အဆင့်မြင့်တန်း ကလပ်တိုင်းဟာ လူစားလဲမှု ၅ ခုထိ လုပ်ခွင့်ရချိန်မှာ ပရီးမီးယားလိဂ်က Project Restart နောက်ပိုင်း ခွင့်ပြုထားတဲ့ လူစားလဲမှု ၅ ခုကို အသင်းကြီးတွေ အခွင့်အရေးပိုရစေတဲ့ စည်းမျဉ်းဆိုကာ ဒီရာသီမှာတော့ ခွင့်မပြုတော့ပါဘူး။

သြဂုတ်လ ၆ ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ ပရီးမီးယားလိဂ် အစည်းအဝေးမှာ လူစားလဲမှု ၅ ခုကို ခွင့်ပြုပေးရေး အဆိုပါ ၁၁ မဲ ၉ မဲဖြင့် အရေးနိမ့်ခဲ့တယ်။ စက်တင်ဘာလမှာ ဒုတိယအကြိမ် အဆိုပြုစဉ်ကလည်း အရေးနိမ့်ခဲ့တယ်။ ဒါပေမယ့်လို့ ကြီး ၆ ကြီးက ကလပ် ၁၄ သင်းထိ သဘောတူရမယ့် အဆိုပါကိစ္စအတွက် တတိယအကြိမ် မဲပေးခြင်းကို လုပ်ခွင့်ရဖို့ တွန်းအားပေးနေပါတယ်။

နိုင်ငံတကာ ဘောလုံးအဖွဲ့ ဘုတ်အဖွဲ့ချုပ် (IFAB) က စည်းမျဉ်းတွေကို သက်မှတ်ပေးရသူတွေဖြစ်ပြီး ၎င်းတို့ကတော့ ရာသီဝက်မှာ စည်းမျဉ်းပြောင်းတာကိုလည်း ကန့်ကွက်မှာ မဟုတ်ဘူးလို့ အတည်ပြုထားတယ်။

လူစားလဲမှု ၅ ခုထိ ရခွင့်ကိုတော့ ယာဂင်ကလော့ပ်၊ ဂွာဒီယိုလာအပြင် ချယ်ဆီးမန်နေဂျာ လမ်းပတ်နဲ့ ယူနိုက်တက် မန်နေဂျာ ဆိုးရှားတို့ကလည်း ပူးပေါင်း ပါဝင်ကြမှာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာကေလာ့ပ္နဲ႔ မန္ေနဂ်ာ ဂြာဒီယိုလာတို႔ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ လူစားလဲမႈ ၅ ခုထိ လုပ္ခြင့္ရေရးအတြက္ ဖိအားေပးမႈေတြကို ဖိအားေပးေနၾကျပီျဖစ္ပါတယ္။

စည္းမ်ဥ္းေရးဆြဲသူေတြထံက ခြင့္ျပဳခ်က္ကိုရဖို႔ရာ ေသာၾကာေန႔ မီဒီယာေတြ႔ဆံုမႈေတြမွာ မန္ေနဂ်ာ ႏွစ္ဦးလံုးက ျပန္လည္း သံုးသပ္ေပးၾကဖို႔ ေတာင္းဆိုခဲ့ၾကတာပါ။ ပရီးမီးယားလိဂ္မွာ ၾကြက္သားဒဏ္ရာ ျပႆနာေတြ ဆက္တိုက္ ျမင့္တက္လာေနျပီး ဒီအေျခအေနက ဥေရာပမွာ အဂၤလန္အသင္းေတြကို မ်က္ႏွာသာမရေစမယ့္ အားနည္းခ်က္လည္း ျဖစ္လာတယ္။

ဥေရာပရဲ႕ အဆင့္ျမင့္တန္း ကလပ္တိုင္းဟာ လူစားလဲမႈ ၅ ခုထိ လုပ္ခြင့္ရခ်ိန္မွာ ပရီးမီးယားလိဂ္က Project Restart ေနာက္ပိုင္း ခြင့္ျပဳထားတဲ့ လူစားလဲမႈ ၅ ခုကို အသင္းၾကီးေတြ အခြင့္အေရးပိုရေစတဲ့ စည္းမ်ဥ္းဆိုကာ ဒီရာသီမွာေတာ့ ခြင့္မျပဳေတာ့ပါဘူး။

ၾသဂုတ္လ ၆ ရက္ေန႔တုန္းက ျပဳလုပ္ခ့ဲတဲ့ ပရီးမီးယားလိဂ္ အစည္းအေဝးမွာ လူစားလဲမႈ ၅ ခုကို ခြင့္ျပဳေပးေရး အဆိုပါ ၁၁ မဲ ၉ မဲျဖင့္ အေရးနိမ့္ခဲ့တယ္။ စက္တင္ဘာလမွာ ဒုတိယအၾကိမ္ အဆိုျပဳစဥ္ကလည္း အေရးနိမ့္ခဲ့တယ္။ ဒါေပမယ့္လို႔ ၾကီး ၆ ၾကီးက ကလပ္ ၁၄ သင္းထိ သေဘာတူရမယ့္ အဆိုပါကိစၥအတြက္ တတိယအၾကိမ္ မဲေပးျခင္းကို လုပ္ခြင့္ရဖို႔ တြန္းအားေပးေနပါတယ္။

ႏုိင္ငံတကာ ေဘာလံုးအဖြဲ႔ ဘုတ္အဖြဲ႔ခ်ဳပ္ (IFAB) က စည္းမ်ဥ္းေတြကို သက္မွတ္ေပးရသူေတြျဖစ္ျပီး ၄င္းတို႔ကေတာ့ ရာသီဝက္မွာ စည္းမ်ဥ္းေျပာင္းတာကိုလည္း ကန္႔ကြက္မွာ မဟုတ္ဘူးလို႔ အတည္ျပဳထားတယ္။

လူစားလဲမႈ ၅ ခုထိ ရခြင့္ကိုေတာ့ ယာဂင္ကေလာ့ပ္၊ ဂြာဒီယိုလာအျပင္ ခ်ယ္ဆီးမန္ေနဂ်ာ လမ္းပတ္နဲ႔ ယူႏုိက္တက္ မန္ေနဂ်ာ ဆိုးရွားတို႔ကလည္း ပူးေပါင္း ပါဝင္ၾကမွာ ျဖစ္ပါတယ္။