၂၀၁၁ ခုနှစ်တုန်းက ယူနိုက်တက်ကစားသမားဘဝမှာ ရိုင်ယန်ဂစ်ဟာ စကားတစ်ခွန်း ပြောခဲ့ပါတယ်။ အဲ့တာကတော့ ယူနိုက်တက်ဟာ လီဗာပူးအသင်းလို ပြိုလဲမှု ဘယ်တော့မှဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ စကားပါပဲ။

ထိုစဉ်က လီဗာပူးအသင်းဟာ ကျဆုံးမှုပေါင်း များစွာကြောင့် ထိုးနှက်ခံနေခဲ့ရပြီး FSG က လက်လွဲယူတဲ့ ကာလဖြစ်တယ်။ တစ်ဘက်မှာ ယူနိုက်တက်ကို ဆာအဲလက်စ်က တာဝန်ယူနေဆဲဖြစ်ပြီး မန်ချက်စတာကလပ်ဟာ စကော့သား မန်နေဂျာကြီး မရှိခဲ့ရင် ဘယ်သူ့ကို တာဝန်ပေးမလဲ ဆိုတာအတွက် စတင် အဖြေရှာနေစဉ် ကာလဖြစ်ပါတယ်။

ထိုစဉ်က ရိုင်ယန်ဂစ်က ယူနိုက်တက်ဟာ လီဗာပူးလို ဘယ်တော့မှ ကျဆုံးမှာ မဟုတ်ကြောင်းနဲ့ ဆာအဲလက်စ်ဟာ ယူနိုက်တက် အောင်မြင်မှုတွေ ဆက်ယူဖို့အတွက် ရွန်နီ၊ အန်ဒါဆန်၊ နာနီတို့အပြင် ဟာနန်ဒက်စ်၊ အိုဘာတန်၊ စမောလင်းလို လူငယ်တွေကိုလည်း ပျိုးထောင်ပေးထားကြောင်း ခပ်ကြွားကြွား ပြောဆိုခဲ့တာပါ။

လီဗာပူးအသင်းဟာ နှစ်ပေါင်း ၃၀ ကြာအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြောက်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားကိုလည်း ထပ်မံ ကိုင်မြောက်ခဲ့ပါပြီ။ တစ်ဘက်မှာ ယူနိုက်တက်ကတော့ အဆိုပါ အဓိက ဆုဖလားတွေကို အောင်မြင်ဖို့ ဝေးကွာလာတာဟာ တစ်နှစ်ပြီး တစ်နှစ် ကြာမြင့်လာခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ အခြေအနေတွေကြောင့် နောက်ထပ် နှစ်ပေါင်း ၂၀ လောက်ထိ စောင့်ရနိုင်တယ်ဆိုတာကို ဂစ်က ဝန်ခံခဲ့တယ်။ သူက ” ယူနိုက်တက် ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့က ၁၅ နှစ်၊ နှစ် ၂၀ လောက် စောင့်ရနိုင်ပါတယ်။ အထူးသဖြင့် ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ ဆက်ရှိနေရင်ပေါ့။ ” လို့ သူက ဝန်ခံတယ်။

” ကလော့ပ်တောင်မှ အချိန် ၄ နှစ်ခွဲ ယူရပါတယ်။ အမှတ်ပေးဖလား အနိုင်ရဖို့ဆိုတာက အချိန်လိုပါတယ်။ ကလော့ပ် ဘာတွေလုပ်ခဲ့လဲ ကြည့်ဖို့ လိုတာပေါ့။ ဘောလုံးရာသီတိုင်း အသင်းကို တိုးတက်လာအောင်လုပ်ပြီး ချန်ပီယံလိဂ်လို ဖလားကို အနိုင်ရအောင် လုပ်ခဲ့တယ်။ တိုးတက်လာတာနဲ့အမျှ ဖိအားတွေလည်း လျော့နည်းလာပါတယ်။

မန်နေဂျာတိုင်းနဲ့ လက်မှတ်ထိုးမှုတိုင်းက အသင်းတွေကို ပရီးမီးယားလိဂ်ဖလား အနိုင်ရစေမယ်လို့ မြင်ကြတာတွေရှိပေမယ့် အမြဲ အဲ့လိုဖြစ်နေမှာ မဟုတ်ပါဘူး ” ဆိုပြီးလည်း အောင်မြင်မှုတွေအတွက် အချိန်ယူရမယ်လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

၂၀၁၁ ခုႏွစ္တုန္းက ယူႏိုက္တက္ကစားသမားဘဝမွာ ရိုင္ယန္ဂစ္ဟာ စကားတစ္ခြန္း ေျပာခဲ့ပါတယ္။ အဲ့တာကေတာ့ ယူႏိုက္တက္ဟာ လီဗာပူးအသင္းလို ျပိဳလဲမႈ ဘယ္ေတာ့မွျဖစ္မွာ မဟုတ္ဘူးဆိုတဲ့ စကားပါပဲ။

ထိုစဥ္က လီဗာပူးအသင္းဟာ က်ဆံုးမႈေပါင္း မ်ားစြာေၾကာင့္ ထိုးႏွက္ခံေနခဲ့ရျပီး FSG က လက္လြဲယူတဲ့ ကာလျဖစ္တယ္။ တစ္ဘက္မွာ ယူႏိုက္တက္ကို ဆာအဲလက္စ္က တာဝန္ယူေနဆဲျဖစ္ျပီး မန္ခ်က္စတာကလပ္ဟာ စေကာ့သား မန္ေနဂ်ာၾကီး မရွိခဲ့ရင္ ဘယ္သူ႔ကို တာဝန္ေပးမလဲ ဆိုတာအတြက္ စတင္ အေျဖရွာေနစဥ္ ကာလျဖစ္ပါတယ္။

ထိုစဥ္က ရိုင္ယန္ဂစ္က ယူႏုိက္တက္ဟာ လီဗာပူးလို ဘယ္ေတာ့မွ က်ဆံုးမွာ မဟုတ္ေၾကာင္းနဲ႔ ဆာအဲလက္စ္ဟာ ယူႏိုက္တက္ ေအာင္ျမင္မႈေတြ ဆက္ယူဖို႔အတြက္ ရြန္နီ၊ အန္ဒါဆန္၊ နာနီတို႔အျပင္ ဟာနန္ဒက္စ္၊ အိုဘာတန္၊ စေမာလင္းလို လူငယ္ေတြကိုလည္း ပ်ိဳးေထာင္ေပးထားေၾကာင္း ခပ္ၾကြားၾကြား ေျပာဆိုခဲ့တာပါ။

လီဗာပူးအသင္းဟာ ႏွစ္ေပါင္း ၃၀ ၾကာအတြင္းမွာ ပထမဆံုးအၾကိမ္အျဖစ္ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမာက္ခဲ့ျပီး ခ်န္ပီယံလိဂ္ဖလားကိုလည္း ထပ္မံ ကိုင္ေျမာက္ခဲ့ပါျပီ။ တစ္ဘက္မွာ ယူႏုိက္တက္ကေတာ့ အဆိုပါ အဓိက ဆုဖလားေတြကို ေအာင္ျမင္ဖို႔ ေဝးကြာလာတာဟာ တစ္ႏွစ္ျပီး တစ္ႏွစ္ ၾကာျမင့္လာခဲ့ပါတယ္။

ယူႏိုက္တက္ရဲ႕ အေျခအေနေတြေၾကာင့္ ေနာက္ထပ္ ႏွစ္ေပါင္း ၂၀ ေလာက္ထိ ေစာင့္ရႏုိင္တယ္ဆိုတာကို ဂစ္က ဝန္ခံခဲ့တယ္။ သူက ” ယူႏုိက္တက္ ပရီးမီးယားလိဂ္ဖလား အႏုိင္ရဖို႔က ၁၅ ႏွစ္၊ ႏွစ္ ၂၀ ေလာက္ ေစာင့္ရႏုိင္ပါတယ္။ အထူးသျဖင့္ ကေလာ့ပ္နဲ႔ ဂြာဒီယိုလာတို႔ ဆက္ရွိေနရင္ေပါ့။ ” လို႔ သူက ဝန္ခံတယ္။

” ကေလာ့ပ္ေတာင္မွ အခ်ိန္ ၄ ႏွစ္ခြဲ ယူရပါတယ္။ အမွတ္ေပးဖလား အႏုိင္ရဖို႔ဆိုတာက အခ်ိန္လိုပါတယ္။ ကေလာ့ပ္ ဘာေတြလုပ္ခဲ့လဲ ၾကည့္ဖို႔ လိုတာေပါ့။ ေဘာလံုးရာသီတိုင္း အသင္းကို တိုးတက္လာေအာင္လုပ္ျပီး ခ်န္ပီယံလိဂ္လို ဖလားကို အႏုိင္ရေအာင္ လုပ္ခဲ့တယ္။ တိုးတက္လာတာနဲ႔အမွ် ဖိအားေတြလည္း ေလ်ာ့နည္းလာပါတယ္။

မန္ေနဂ်ာတိုင္းနဲ႔ လက္မွတ္ထိုးမႈတိုင္းက အသင္းေတြကို ပရီးမီးယားလိဂ္ဖလား အႏုိင္ရေစမယ္လို႔ ျမင္ၾကတာေတြရွိေပမယ့္ အျမဲ အဲ့လိုျဖစ္ေနမွာ မဟုတ္ပါဘူး ” ဆိုျပီးလည္း ေအာင္ျမင္မႈေတြအတြက္ အခ်ိန္ယူရမယ္လို႔ ထုတ္ေျပာခဲ့တာ ျဖစ္ပါတယ္။