လီဗာပူးရဲ့ စွယ်စုံရ ကစားသမား ဖာဘင်ညိုဟာ ၂၀၁၈ ခုနှစ်မှာ မိုနာကိုကနေ ပြောင်းလာပြီးနောက် ဒီဘက်နှစ်တွေမှာ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့တယ်။

သူ့ရဲ့ သန်မာမှုတွေက လီဗာပူးခံစစ်ကို အကောင်းဆုံး အင်အားဖြည့်ပေးနေပြီး ကွင်းလယ်ခံစစ်နဲ့ ဗဟိုခံစစ် နှစ်နေရာလုံးအတွက် ခြေစွမ်းပြပေးနေပါတယ်။ သူဟာ လီဗာပူးနဲ့ ၂၀၂၃ ခုနှစ်ထိ စာချုပ်ရှိနေတာဖြစ်ကာ မကြာခင် ကာလတွေမှာ စာချုပ်သစ်ပေးခြင်း ခံလာရမလား စောင့်ကြည့်နေကြတာ ဖြစ်တယ်။

ဖာဘင်ညိုက “ ကျနော်မှာ စာချုပ် နှစ်နှစ်ထပ်ပိုပြီး ကျန်ပါသေးတယ်။ ဒီ သုံးနှစ်မှာ ကြိုးစားလုပ်ဆောင်ပြီး စာချုပ် ထပ်တိုးမလား၊ မတိုးဘူးလားဆိုတာကို ကြည့်ရမှာပေါ့။ ဒါပေမယ့် ကျနော်ကတော့ ဒီကနေ့ လီဗာပူးအတွက်ပဲ အာရုံစိုက်မှာတယ်။ အသင်းမှာ ရှိနေရတာကိုလည်း အရမ်း ပျော်ပါတယ်။

အရမ်းကစားလိုကောင်းပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်မှာ ကျနော် ကစားနေရတာပါ။ ဒီမှာ ကစားပြီးရင် အခြား ဘယ်ကိုမှ ထွက်သွားလိုမှာ မဟုတ်ဘူး။ ဒီနှစ်တွေမှာ လီဗာပူးက တိုးတက်လာပြိး ကျနေ်ာတို့တွေက ဒီအတိုင်း ဆက်သွားနိုင်ရင် ပိုမို အားကောင်းလာမှာ ဖြစ်ပါတယ်။

ကျနေ်ာတို့တွေရဲ့ အောင်မြင်ခဲ့မှုတွေအရ ဒီအဖွဲ့ဟာ အသင်းရဲ့ သမိုင်းထဲမှာ ပါဝင်လာခဲ့ပါပြီ။ ကျနေ်ာတို့ ဆက်ပြီးလည်း သမိုင်းတွေ ရေးထိုးနိုင်ပြီး အဲ့အတွက်လည်း အစိတ်အပိုင်းအဖြစ် ပါဝင်လိုပါတယ်။

လီဗာပူးက သမိုင်းကြောင်းကောင်းတဲ့ ကလပ်ဖြစ်သလို ရပ်တန့်နေမှာလည်း မဟုတ်ဘူး။ မန်နေဂျာက ကျနေ်ာတို့ကို လေ့ကျင့်ရေးမှာ လူတွေပြောနောကို မေ့ထားဖို့နဲ့ ကျနေ်ာတို့ကပဲ အကောင်းဆုံးဆိုတာကို အမြဲ သတိပေးပါတယ် ” လို့ ဆိုခဲ့ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ စြယ္စံုရ ကစားသမား ဖာဘင္ညိဳဟာ ၂၀၁၈ ခုႏွစ္မွာ မိုနာကိုကေန ေျပာင္းလာျပီးေနာက္ ဒီဘက္ႏွစ္ေတြမွာ အေရးပါတဲ့ ကစားသမားတစ္ဦး ျဖစ္လာခဲ့တယ္။

သူ႔ရဲ႕ သန္မာမႈေတြက လီဗာပူးခံစစ္ကို အေကာင္းဆံုး အင္အားျဖည့္ေပးေနျပီး ကြင္းလယ္ခံစစ္နဲ႔ ဗဟိုခံစစ္ ႏွစ္ေနရာလံုးအတြက္ ေျခစြမ္းျပေပးေနပါတယ္။ သူဟာ လီဗာပူးနဲ႔ ၂၀၂၃ ခုႏွစ္ထိ စာခ်ဳပ္ရွိေနတာျဖစ္ကာ မၾကာခင္ ကာလေတြမွာ စာခ်ဳပ္သစ္ေပးျခင္း ခံလာရမလား ေစာင့္ၾကည့္ေနၾကတာ ျဖစ္တယ္။

ဖာဘင္ညိဳက “ က်ေနာ္မွာ စာခ်ဳပ္ ႏွစ္ႏွစ္ထပ္ပိုျပီး က်န္ပါေသးတယ္။ ဒီ သံုးႏွစ္မွာ ၾကိဳးစားလုပ္ေဆာင္ျပီး စာခ်ဳပ္ ထပ္တိုးမလား၊ မတိုးဘူးလားဆိုတာကို ၾကည့္ရမွာေပါ့။ ဒါေပမယ့္ က်ေနာ္ကေတာ့ ဒီကေန႔ လီဗာပူးအတြက္ပဲ အာရံုစိုက္မွာတယ္။ အသင္းမွာ ရွိေနရတာကိုလည္း အရမ္း ေပ်ာ္ပါတယ္။

အရမ္းကစားလိုေကာင္းျပီး ျပိဳင္ဆိုင္မႈျပင္းထန္တဲ့ လိဂ္မွာ က်ေနာ္ ကစားေနရတာပါ။ ဒီမွာ ကစားျပီးရင္ အျခား ဘယ္ကိုမွ ထြက္သြားလိုမွာ မဟုတ္ဘူး။ ဒီႏွစ္ေတြမွာ လီဗာပူးက တိုးတက္လာျပိး က်ေန္ာတို႔ေတြက ဒီအတိုင္း ဆက္သြားႏုိင္ရင္ ပိုမို အားေကာင္းလာမွာ ျဖစ္ပါတယ္။

က်ေန္ာတို႔ေတြရဲ႕ ေအာင္ျမင္ခဲ့မႈေတြအရ ဒီအဖြဲ႔ဟာ အသင္းရဲ႕ သမိုင္းထဲမွာ ပါဝင္လာခဲ့ပါျပီ။ က်ေန္ာတို႔ ဆက္ျပီးလည္း သမိုင္းေတြ ေရးထိုးႏုိင္ျပီး အဲ့အတြက္လည္း အစိတ္အပိုင္းအျဖစ္ ပါဝင္လိုပါတယ္။

လီဗာပူးက သမိုင္းေၾကာင္းေကာင္းတဲ့ ကလပ္ျဖစ္သလို ရပ္တန္႔ေနမွာလည္း မဟုတ္ဘူး။ မန္ေနဂ်ာက က်ေန္ာတို႔ကို ေလ့က်င့္ေရးမွာ လူေတြေျပာေနာကို ေမ့ထားဖို႔နဲ႔ က်ေန္ာတို႔ကပဲ အေကာင္းဆံုးဆိုတာကို အျမဲ သတိေပးပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။