လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ပရီးမီးယားလိဂ် ပွဲစဉ် ၆ အပြီးမှာ သွင်းဂိုး ၆ ဂိုးရထားတဲ့ တိုက်စစ်သမား ဆာလက်ကို ချီးကျူးမှုတစ်ခု ပြုလုပ်သွားပါတယ်။

ဆာလက်ဟာ ဒီရာသီမှာ လီဗာပူးတိုက်စစ်ရဲ့ အဓိကနေရာကိုပါ ပူးတွဲ ကစားလာနေပြီး ကိုယ်တိုင် ဂိုးသွင်းမှုကိုကော ဖန်တီးမှုတွေကိုပါ ပြုလုပ်လာနေတာပါ။ ကလော့ပ်က အီဂျစ်သားရဲ့ လေ့ကျင့်ရေးကွင်းအတွင်း ကြိုးစားမှု၊ တိုးတက်လာမှုတွေက အသင်းဖော်တွေ အားလုံးအတွက် စံနမူနာကောင်းတွေ ဖြစ်နေစေတယ်လို့ ချီးကျူးပါတယ်။

ကလော့ပ်က ” ဒီရာသီမှာ မိုက အရမ်းကောင်းကောင်း ကစားထားပါတယ်။ ဂိုးသွင်းသိပ်ကောင်းတဲ့ စက်တစ်လုံးလို ပုံစံကနေ ချိတ်ဆက်မှုကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်လာနေတယ်။ ကျနေ်ာတို့အတွက် အရမ်းကို အရေးကြီးပါတယ်။

မိုက အရမ်း အလုပ်ကြိုးစားလွန်းသူပါ။ ဆက်တိုက်ကို ကြိုးစားနိုင်တယ်။ သူ့ရဲ့ မြန်နှုန်းကော နည်းစနစ်ကိုပါ အသုံးပြုပြီး လိုင်းတွေကြားမှာ အကောင်းဆုံး ကစားနိုင်သူဖြစ်တယ်။

အသင်းအနေနဲ့ ကျနေ်ာတို့ တိုးတက်လာသလို ကစားသမားတွေကလည်း တိုးတက်လာတယ်။ အတွေ့အကြုံ ပိုရှိလာပြီး ပွဲတွေကို ပိုကစားလာရရင် အဲ့လိုဖြစ်လာတတ်တာက ပုံမှန်ပါပဲ။ ဒါက ပွဲတွေကို ပိုကောင်းကောင်း နားလည်လာပြီဆိုတာနဲ့ ကိုယ်ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ဘယ်လို အသုံးချရမယ်ဆိုတာ ပိုပြီး သိလာတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒီရာသီ မိုရဲ့ တိုးတက်လာမှုတွေကို အရမ်း ပျော်ပါတယ်။ သူ့ကို ကျနေ်ာတို့က လိုအပ်သလို ကျနေ်ာတို့ရဲ့ ပစ်မှတ်တွေကို အောင်မြင်နိုင်ဖို့ အသင်းသားတွေ အားလုံး အကောင်းဆုံး ပုံစံမှာ ရှိနေဖို့လည်း လိုပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ပရီးမီးယားလိဂ္ ပြဲစဥ္ ၆ အျပီးမွာ သြင္းဂိုး ၆ ဂိုးရထားတဲ့ တိုက္စစ္သမား ဆာလက္ကို ခ်ီးက်ဴးမႈတစ္ခု ျပဳလုပ္သြားပါတယ္။

ဆာလက္ဟာ ဒီရာသီမွာ လီဗာပူးတိုက္စစ္ရဲ႕ အဓိကေနရာကိုပါ ပူးတြဲ ကစားလာေနျပီး ကိုယ္တိုင္ ဂိုးသြင္းမႈကိုေကာ ဖန္တီးမႈေတြကိုပါ ျပဳလုပ္လာေနတာပါ။ ကေလာ့ပ္က အီဂ်စ္သားရဲ႕ ေလ့က်င့္ေရးကြင္းအတြင္း ၾကိဳးစားမႈ၊ တိုးတက္လာမႈေတြက အသင္းေဖာ္ေတြ အားလံုးအတြက္ စံနမူနာေကာင္းေတြ ျဖစ္ေနေစတယ္လို႔ ခီ်းက်ဴးပါတယ္။

ကေလာ့ပ္က ” ဒီရာသီမွာ မိုက အရမ္းေကာင္းေကာင္း ကစားထားပါတယ္။ ဂိုးသြင္းသိပ္ေကာင္းတဲ့ စက္တစ္လံုးလို ပံုစံကေန ခ်ိတ္ဆက္မႈေကာင္းတဲ့ ကစားသမားတစ္ဦး ျဖစ္လာေနတယ္။ က်ေန္ာတို႔အတြက္ အရမ္းကို အေရးၾကီးပါတယ္။

မိုက အရမ္း အလုပ္ၾကိဳးစားလြန္းသူပါ။ ဆက္တိုက္ကို ၾကိဳးစားႏုိင္တယ္။ သူ႔ရဲ႕ ျမန္ႏႈန္းေကာ နည္းစနစ္ကိုပါ အသံုးျပဳျပီး လိုင္းေတြၾကားမွာ အေကာင္းဆံုး ကစားႏုိင္သူျဖစ္တယ္။

အသင္းအေနနဲ႔ က်ေန္ာတို႔ တိုးတက္လာသလို ကစားသမားေတြကလည္း တိုးတက္လာတယ္။ အေတြ႔အၾကံဳ ပိုရွိလာျပီး ပြဲေတြကို ပိုကစားလာရရင္ အဲ့လိုျဖစ္လာတတ္တာက ပံုမွန္ပါပဲ။ ဒါက ပြဲေတြကို ပိုေကာင္းေကာင္း နားလည္လာျပီဆိုတာနဲ႔ ကိုယ္ရဲ႕ ကိုယ္ပိုင္အရည္အခ်င္းေတြကို ဘယ္လို အသံုးခ်ရမယ္ဆိုတာ ပိုျပီး သိလာတဲ့ သေဘာပဲ ျဖစ္ပါတယ္။

ဒီရာသီ မိုရဲ႕ တိုးတက္လာမႈေတြကို အရမ္း ေပ်ာ္ပါတယ္။ သူ႔ကို က်ေန္ာတို႔က လိုအပ္သလို က်ေန္ာတို႔ရဲ႕ ပစ္မွတ္ေတြကို ေအာင္ျမင္ႏုိင္ဖို႔ အသင္းသားေတြ အားလံုး အေကာင္းဆံုး ပံုစံမွာ ရွိေနဖို႔လည္း လိုပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။