လီဗာပူးအသင်းဟာ ဒီကနေ့ည မြန်မာစံတော်ချိန် ၁၂ နာရီ မှာ ဝက်ဟမ်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အရေးပါတဲ့ သတင်းအချို့ အသင်းနဲ့ နီးစပ်သူတွေထံက ထွက်ပေါ်လာနေပြီဖြစ်ပါတယ်။

ဝက်ဟမ်းနဲ့ပွဲကြိုမှာ ကွင်းလယ်လူတွေဖြစ်တဲ့ သီယာဂို၊ ကိတ်တာတို့ ပွဲကစားနိုင်ပြီးလားဆိုတဲ့ အခြေအနေအတွက် အသင်းက ကြံ့ခိုင်မှုပိုင်း နောက်ဆုံး စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ သူတို့ နှစ်ဦးဟာ မာတစ်နည်းတူ နောက်ဆုံး လေ့ကျင့်ရေး ၃ ချိန်ကို လုပ်ထားနိုင်ပေမယ့် ရာနှုန်းပြည့် စိတ်မချရသေးတာကြောင့် ပွဲကစားခွင့်တွေ မပေးသေးတာဖြစ်တယ်။

နောက်ဆုံး ထွက်လာတဲ့ သတင်းအရ သီယာဂိုရဲ့ ကြံ့ခိုင်မှုဟာ ပွဲကစားရဖို့ထိ အဆင်ပြေတာကြောင့် ဝက်ဟမ်းနဲ့ပွဲမှာ ပွဲနေ့လူစာရင်းမှာ ထည့်သွင်းသွားမှာဖြစ်ကာ ပွဲထွက်လူစာရင်းထဲ ပါဝင်ဖို့ပါ အခြေအနေကောင်းတယ်လို့ သိလာရတယ်။ ဒါ့အပြင် ဒဏ်ရာရသွားတဲ့ ဖာဘင်ညိုနေရာမှာတော့ ရိုင်းစ် ဝီလီယမ်ကို ထည့်သွင်းကစားစေမှာ ဖြစ်ပါတယ်။

ဒီညပွဲမှာ လီဗာပူးကွင်းလယ်နဲ့ တိုက်စစ်အတွဲဟာ ဆာလက်၊ ဖာမင်နို၊ မာနေးတိုက်စစ်ကို ဟန်ဒါဆန်၊ သီယာဂို၊ ဝိုက်နယ်ဒမ်တို့က ပံ့ပိုးပေးမယ့် ၄-၃-၃ ပုံစံဖြစ်လာမယ်။ ခံစစ်မှာတော့ အယ်လီဆန်၊ ထရန့်၊ ဂိုးမက်စ်၊ ရိုင်းစ်၊ ရော်ဘတ်ဆန် အတွဲဖြစ်မယ်လို့ ကြားလာရပါတယ်။

လီဗာပူးအသင်းဟာ ခံစစ်ကနေ ကစားကွက် တည်ဆောက်တဲ့အသင်းဖြစ်ပေမယ့် ဗန်ဒိုက်နဲ့ ဖာဘင်ညိုတို့ ဒဏ်ရာရနေတာကြောင့် ကွင်းလယ်ကနေ ကစားကွက်ကို ပြောင်းလဲတည်ဆောက်မှာဖြစ်တယ်။ အဲဗာတန်နဲ့ပွဲမှာ ဗန်ဒိုက်ထွက်သွားပြီးနောက် သီယာဂိုနဲ့ ဟန်ဒါဆန်ဟာ လီဗာပူးကစားကွက်ရဲ့ အဓိက ကျောရိုးဖြစ်ခဲ့ပါသေးတယ်။

လီဗာပူးလူငယ်သုံးဦးဖြစ်တဲ့ ရိုင်းစ်၊ နက်ဖီးလစ်နဲ့ ကိုမတ်တီယို တို့ထဲမှာတော့ ကြံ့ခိုင်မှု အကောင်းဆုံးက ရိုင်းစ်နဲ့ နက်ဖီးလစ်တို့ဖြစ်တယ်။ သူတို့ နှစ်ဦးထဲက ခြေစွမ်း အတည်ငြိမ်ဆုံး ခံစစ်သမားကို ပွဲထုတ်ဖို့ ပြင်ဆင်ထားကာ ရိုင်းစ်ကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီကေန႔ည ျမန္မာစံေတာ္ခ်ိန္ ၁၂ နာရီ မွာ ဝက္ဟမ္းနဲ႔ ယွဥ္ျပိဳင္ကစားရမွာျဖစ္ျပီး အေရးပါတဲ့ သတင္းအခ်ိဳ႔ အသင္းနဲ႔ နီးစပ္သူေတြထံက ထြက္ေပၚလာေနျပီျဖစ္ပါတယ္။

ဝက္ဟမ္းနဲ႔ပြဲႀကိဳမွာ ကြင္းလယ္လူေတြျဖစ္တဲ့ သီယာဂို၊ ကိတ္တာတို႔ ပြဲကစားႏိုင္ၿပီးလားဆိုတဲ့ အေျခအေနအတြက္ အသင္းက ၾကံ႕ခိုင္မႈပိုင္း ေနာက္ဆံုး စစ္ေဆးမႈေတြ လုပ္ခဲ့ပါတယ္။ သူတို႔ ႏွစ္ဦးဟာ မာတစ္နည္းတူ ေနာက္ဆံုး ေလ့က်င့္ေရး ၃ ခ်ိန္ကို လုပ္ထားႏုိင္ေပမယ့္ ရာႏႈန္းျပည့္ စိတ္မခ်ရေသးတာေၾကာင့္ ပြဲကစားခြင့္ေတြ မေပးေသးတာျဖစ္တယ္။

ေနာက္ဆံုး ထြက္လာတဲ့ သတင္းအရ သီယာဂိုရဲ႕ ၾကံ႕ခိုင္မႈဟာ ပြဲကစားရဖို႔ထိ အဆင္ေျပတာေၾကာင့္ ဝက္ဟမ္းနဲ႔ပြဲမွာ ပြဲေန႔လူစာရင္းမွာ ထည့္သြင္းသြားမွာျဖစ္ကာ ပြဲထြက္လူစာရင္းထဲ ပါဝင္ဖို႔ပါ အေျခအေနေကာင္းတယ္လို႔ သိလာရတယ္။ ဒါ့အျပင္ ဒဏ္ရာရသြားတဲ့ ဖာဘင္ညိဳေနရာမွာေတာ့ ရိုင္းစ္ ဝီလီယမ္ကို ထည့္သြင္းကစားေစမွာ ျဖစ္ပါတယ္။

ဒီညပြဲမွာ လီဗာပူးကြင္းလယ္နဲ႔ တိုက္စစ္အတြဲဟာ ဆာလက္၊ ဖာမင္ႏို၊ မာေနးတိုက္စစ္ကို ဟန္ဒါဆန္၊ သီယာဂို၊ ဝိုက္နယ္ဒမ္တို႔က ပံ့ပိုးေပးမယ့္ ၄-၃-၃ ပံုစံျဖစ္လာမယ္။ ခံစစ္မွာေတာ့ အယ္လီဆန္၊ ထရန္႔၊ ဂိုးမက္စ္၊ ရိုင္းစ္၊ ေရာ္ဘတ္ဆန္ အတြဲျဖစ္မယ္လို႔ ၾကားလာရပါတယ္။

လီဗာပူးအသင္းဟာ ခံစစ္ကေန ကစားကြက္ တည္ေဆာက္တဲ့အသင္းျဖစ္ေပမယ့္ ဗန္ဒိုက္နဲ႔ ဖာဘင္ညိဳတို႔ ဒဏ္ရာရေနတာေၾကာင့္ ကြင္းလယ္ကေန ကစားကြက္ကို ေျပာင္းလဲတည္ေဆာက္မွာျဖစ္တယ္။ အဲဗာတန္နဲ႔ပြဲမွာ ဗန္ဒိုက္ထြက္သြားျပီးေနာက္ သီယာဂိုနဲ႔ ဟန္ဒါဆန္ဟာ လီဗာပူးကစားကြက္ရဲ႕ အဓိက ေက်ာရိုးျဖစ္ခဲ့ပါေသးတယ္။

လီဗာပူးလူငယ္သံုးဦးျဖစ္တဲ့ ရိုင္းစ္၊ နက္ဖီးလစ္နဲ႔ ကိုမတ္တီယို တို႔ထဲမွာေတာ့ ၾကံ႕ခိုင္မႈ အေကာင္းဆံုးက ရိုင္းစ္နဲ႔ နက္ဖီးလစ္တို႔ျဖစ္တယ္။ သူတို႔ ႏွစ္ဦးထဲက ေျခစြမ္း အတည္ျငိမ္ဆံုး ခံစစ္သမားကို ပြဲထုတ္ဖို႔ ျပင္ဆင္ထားကာ ရိုင္းစ္ကို ေရြးခ်ယ္ထားတယ္လို႔ သိရပါတယ္။