လီဗာပူးကစားသမားဘဝ တာထွက်ကောင်းမှုတွေကို ပိုင်ဆိုင်နေပေမယ့် ဆက်လက်ပြီးလည်း ကြိုးစားရဦးမှာဖြစ်ကြောင်း ဂျိုတာက ဝန်ခံပါတယ်။

ပွဲထွက်ခွင့်တွေ စရလာတဲ့ ဂျိုတာဟာ လီဗာပူးကို ပြောင်းလာတဲ့နောက် လက်ရွေးစင်မှာပါ ပိုမို နေရာပေးခံလာရပါတယ်။ ဂျိုတာကတော့ ကလပ်အတွက် သူ့ရဲ့ စွမ်းဆောင်ပြမှုတွေက အစပိုင်းပဲ ရှိသေးပြီး အသင်းဖော်တွေကြား ပိုမို နားလည်လာမှုတွေနဲ့အတူ တွဲဘက်မှုတွေကို ပိုမို လုပ်ဆောင်နိုင်ဖို့ ကြိုးစားရမယ်ဆိုတာကို နားလည်တယ်။

ဂျိုတာက ” ဒီလက ကျနော်အတွက်တော့ လကောင်းတစ်လ ဖြစ်ခဲ့ပါတယ်။ လီဗာပူးနဲ့ လက်မှတ်ထိုးနိုင်ခဲ့တာတင် မဟုတ်ဘဲ ကိစ္စတွေ အများကြီး ဖြစ်ပွားခဲ့တယ်။ အသင်းကို ကူညီပေးဖို့ဆိုတာက လီဗာပူးကို ပြောင်းလာကတည်းက ကျနော်ရဲ့ အပြင်းပြဆုံး လိုအင်ဆန္ဒပဲ ဖြစ်ပါတယ်။

ဒါတွေကို ခပ်မြန်မြန်ပဲ လုပ်နိုင်ခဲ့တာအတွက် ကျနော် အတော်လေး ဝမ်းမြောက်မိပါတယ်။ အရေးကြီးဆုံးကတော့ အမြဲတမ်း ယုံကြည်နေဖို့ပါပဲ။ လီဗာပူးကို ရောက်လာတဲ့ ပထမဆုံးနေ့တည်းက မန်နေဂျာက ကျနော် လုပ်ရမှာတွေကို သတိပေးခဲ့တယ်။ အသင်းပြောင်းချိန်မှာ အထိုင်ကျဖို့ သင်ယူစရာတွေ များပြားတာကြောင့်လည်း ကျနော် အစွမ်းကုန် အာရုံစိုက် ကြိုးစားခဲ့ပါတယ်။

အသင်းဖော်တိုင်းရဲ့ အကြောင်းကို သိဖို့လည်း အရေးကြီးပါတယ် ဒါမှလည်း ကွင်းထဲမှာ ချိတ်ဆက်ကစားမှုတွေကို လုပ်နိုင်မှာပါ။ ခြားနားတဲ့ ကစားသမားတွေနဲ့ ခြားနားတဲ့ အသင်းကို ပူးပေါင်းရတာဖြစ်လို့ ကျနော် အသားကျဖို့လိုပြီး ပုံမှန် ခံစားချက်တွေ ရနေဖို့ဆိုတာက ဝေးကွာနေသေးကြောင်း သိထားတယ်။ ဒါပေမယ့် ပွဲတွေမှာ ကျနော် ပိုကောင်းကောင်း လုပ်လာနိုင်မယ်လို့ ယုံကြည်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဂျိုတာဟာ လီဗာပူးကစားသမားဘဝမှာ အရန်ခုံကနေ ပါဝင်ရမှုတွေ အပါအဝင် ပွဲပေါင်း ၈ ပွဲကစားထားပြီး သွင်းဂိုး ၃ ဂိုး သွင်းယူထားပါတယ်။ သူဟာ လီဗာပူးရဲ့ fabulous four တိုက်စစ်အတွဲသစ်မှာ အစိတ်အပိုင်းအဖြစ် ပါဝင်နိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကစားသမားဘဝ တာထြက္ေကာင္းမႈေတြကို ပိုင္ဆိုင္ေနေပမယ့္ ဆက္လက္ျပီးလည္း ၾကိဳးစားရဦးမွာျဖစ္ေၾကာင္း ဂ်ိဳတာက ဝန္ခံပါတယ္။

ပြဲထြက္ခြင့္ေတြ စရလာတဲ့ ဂ်ိဳတာဟာ လီဗာပူးကို ေျပာင္းလာတဲ့ေနာက္ လက္ေရြးစင္မွာပါ ပိုမို ေနရာေပးခံလာရပါတယ္။ ဂ်ိဳတာကေတာ့ ကလပ္အတြက္ သူ႔ရဲ႕ စြမ္းေဆာင္ျပမႈေတြက အစပိုင္းပဲ ရွိေသးျပီး အသင္းေဖာ္ေတြၾကား ပိုမို နားလည္လာမႈေတြနဲ႔အတူ တြဲဘက္မႈေတြကို ပိုမို လုပ္ေဆာင္ႏုိင္ဖို႔ ၾကိဳးစားရမယ္ဆိုတာကို နားလည္တယ္။

ဂ်ိဳတာက ” ဒီလက က်ေနာ္အတြက္ေတာ့ လေကာင္းတစ္လ ျဖစ္ခဲ့ပါတယ္။ လီဗာပူးနဲ႔ လက္မွတ္ထိုးႏုိင္ခဲ့တာတင္ မဟုတ္ဘဲ ကိစၥေတြ အမ်ားၾကီး ျဖစ္ပြားခဲ့တယ္။ အသင္းကို ကူညီေပးဖို႔ဆိုတာက လီဗာပူးကို ေျပာင္းလာကတည္းက က်ေနာ္ရဲ႕ အျပင္းျပဆံုး လိုအင္ဆႏၵပဲ ျဖစ္ပါတယ္။

ဒါေတြကို ခပ္ျမန္ျမန္ပဲ လုပ္ႏုိင္ခဲ့တာအတြက္ က်ေနာ္ အေတာ္ေလး ဝမ္းေျမာက္မိပါတယ္။ အေရးၾကီးဆံုးကေတာ့ အျမဲတမ္း ယံုၾကည္ေနဖို႔ပါပဲ။ လီဗာပူးကို ေရာက္လာတဲ့ ပထမဆံုးေန႔တည္းက မန္ေနဂ်ာက က်ေနာ္ လုပ္ရမွာေတြကို သတိေပးခဲ့တယ္။ အသင္းေျပာင္းခ်ိန္မွာ အထိုင္က်ဖို႔ သင္ယူစရာေတြ မ်ားျပားတာေၾကာင့္လည္း က်ေနာ္ အစြမ္းကုန္ အာရံုစိုက္ ၾကိဳးစားခဲ့ပါတယ္။

အသင္းေဖာ္တိုင္းရဲ႕ အေၾကာင္းကို သိဖို႔လည္း အေရးၾကီးပါတယ္ ဒါမွလည္း ကြင္းထဲမွာ ခ်ိတ္ဆက္ကစားမႈေတြကို လုပ္ႏုိင္မွာပါ။ ျခားနားတဲ့ ကစားသမားေတြနဲ႔ ျခားနားတဲ့ အသင္းကို ပူးေပါင္းရတာျဖစ္လို႔ က်ေနာ္ အသားက်ဖို႔လိုျပီး ပံုမွန္ ခံစားခ်က္ေတြ ရေနဖို႔ဆိုတာက ေဝးကြာေနေသးေၾကာင္း သိထားတယ္။ ဒါေပမယ့္ ပြဲေတြမွာ က်ေနာ္ ပိုေကာင္းေကာင္း လုပ္လာႏုိင္မယ္လို႔ ယံုၾကည္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ဂ်ိဳတာဟာ လီဗာပူးကစားသမားဘဝမွာ အရန္ခံုကေန ပါဝင္ရမႈေတြ အပါအဝင္ ပြဲေပါင္း ၈ ပြဲကစားထားျပီး သြင္းဂိုး ၃ ဂိုး သြင္းယူထားပါတယ္။ သူဟာ လီဗာပူးရဲ႕ fabulous four တိုက္စစ္အတြဲသစ္မွာ အစိတ္အပိုင္းအျဖစ္ ပါဝင္ႏုိင္ဖို႔ ေမွ်ာ္လင့္ေနတာလည္း ျဖစ္ပါတယ္။