အန်ဖီးကွင်းမှာ ဝက်ဟမ်းကို ဆာလက်ရဲ့ ပင်နယ်တီ၊ ဂျိုတာရဲ့ လှပတဲ့ သွင်းဂိုးတို့ဖြင့် အနိုင်ယူပြီးနောက် လီဗာပူးဟာ အမှတ်ပေးဇယားကို လွဲပြောင်း ဦးဆောင်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးဟာ ပွဲဆက်တွေကို ဆက်တိုက် ယှဉ်ပြိုင်နေရပေမယ့် ဝက်ဟမ်းကတော့ တစ်ပတ်လုံး အေးအေးဆေးဆေး အနေအထားနဲ့ ယှဉ်ပြိုင်လာတယ်ဆိုတာကို ကနဦး ပြောလိုပါတယ်။ ချန်ပီယံလိဂ် လူစာရင်းမှာ မထည့်နိုင်ခဲ့ဘဲ ပရီးမီးယားလိဂ် လူစာရင်းမှာ ပါဝင်နေတဲ့ နက်ဖီးလစ်အပြင် လူငယ်ကွင်းလယ်လူ ကာတစ်ဂျုံးတို့ကို ထည့်သုံးပြီး အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထုတ်လာခဲ့တယ်။

လီဗာပူးက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားခဲ့ပြီး ဝက်ဟမ်းရဲ့ အမြင့်ဘော အားပြုကစားမယ့် အနေအထားကို ကြိုတွက်ချက်ထားတဲ့ ပြင်ဆင်မှုတွေကို မြင်ခဲ့ရတယ်။ ထိန်းချုပ်မှုက လီဗာပူးခြေထဲဖြစ်သော်ညား လန်းဆန်းနေတဲ့ ခြေထောက်တွေက ဝက်ဟမ်းအသင်းသားတွေဖြစ်လို့ တိုက်စစ် ခံစစ် အကူအပြောင်းမှာ ဝက်ဟမ်းက အနည်းငယ် ပိုသွက်နေခဲ့တယ်။

အဖွင့်ဂိုးကတော့ ဝက်ဟမ်းက စရခဲ့တာဖြစ်ပြီး ဒါဟာ ခံစစ်မှူး ဂိုးမက်စ်ရဲ့ အမှားဆိုတာကို ဘက်မလိုက်ဘဲ ပြောလိုတယ်။ အခြားသော ရှုထောင့်မှာတော့ ဂိုးမက်စ်ဟာ ဖြတ်တင်ဘောကို ရှင်းလင်းစွာ မမြင်ခဲ့ရတာကြောင့် ခပ်မြန်မြန် ရှင်းထုတ်ရာက ဖော်နယ် ဧရိယာထိပ်မှာ ရှိနေတာ မြင်ဟန်မရှိဘူး။ သူက အသင်းဖော် ဟန်ဒို ဘောလုံးကိုင်ရအောင်လောက် ရှင်းထုတ်ခဲ့တာဖြစ်ပြီး အားပျော့ခဲ့တဲ့ ဘောလုံးကို ဖော်နယ်က လွတ်လွတ်ကျွတ်ကျွတ် ဦးသွားပြီး အပြင်းပိတ်သွင်းကာ အဖွင့်ဂိုး ယူပါတယ်။

အသင်းက ဘောလုံးပိုင်ဆိုင်မှု သိပ်ကောင်းသလို၊ ဘောလုံးထိချက်၊ ဘောလုံးပေးမှု အားလုံးမှာ သာပါတယ်။ ပေးမှုတွေလည်း တိကျပါတယ်။ ပြဿနာက အသင်းသားတွေက ဝက်ဟမ်းထက်စာရင် ပွဲပန်းနေတာပါ။ ကောင်တာတိုက်စစ် ပြေးဖို့မှာကော ပြေးလမ်းတွေကို ထုတ်ဖို့ရာမှာ မသွက်လက်ပဲ နှေးကွေးနေတာကြောင့် ခံစစ်ကို ၅-၄-၁ ပုံစံဖြင့် ထိန်းကစားတဲ့ ဝက်ဟမ်းကို မဖောက်နိုင်ပါဘူး။

အသင်း ဖန်တီးမှုပိုင်း ညံ့တာကို ဝန်ခံရမယ်။ သို့သော် ပွဲကစားနိုင်စွမ်း ကွာနေတဲ့ကြားက အသင်းက အသာစီးရဖို့ ကြိုးစားခဲ့တာကလည်း အမှန်တရားပဲဖြစ်တယ်။ ခြေပဂိုးကတော့ ဧရိယာထဲမှာ ဆာလက်ကို ဝက်ဟမ်းအသင်းသားဘက်က ထိတွေ့မှုလုပ်ခဲ့ခြင်းကြောင့် ရလာတဲ့ ပင်နယ်တီကို အီဂျစ်သားက သွင်းယူပါတယ်။ VAR ကလည်း ပင်နယ်တီ ခွင့်ပြုတာကြောင့် ထူးပြီး ပြောမနေတော့ပါဘူး။

ပထမပိုင်းမှာ လီဗာပူးရဲ့ ကစားဟန်ဟာ ပွဲပန်းနေတာကြောင့် နှေးကွေးနေတာက ပွဲကို မမြိုင်စေဘဲ ပရိသတ်တွေကို အားမရမှုတွေ ဖြစ်စေခဲ့တာပါ။ ဒါပေမယ့် အသင်းက အချိန်မှီ ခြေပဂိုး ယူနိုင်ခဲ့တယ်။

ဒုတိယပိုင်းမှာတော့ ကစားပုံ ပိုကောင်းလာပါတယ်။ ဒါပေမယ့် အဆုံးသတ်ပိုင်းအတွက် လုံလောက်အောင်တော့ မကောင်းပါဘူး။ မိနစ် ၆၀ ကျော်မှာတည်းက အသင်းရဲ့ သက်လုံပိုင်းကော ကစားကွက် မြန်ဆန်မှုပိုင်းပါ အတော်ကျလာတာက မြင်သာပါတယ်။ ဒါကို ရိပ်မိတဲ့ မန်နေဂျာကလော့ပ် အသင်းသားတွေကို ဘေးကနေ အော်နေခဲ့ပြီး လူစားလဲဖို့ကိုလည်း အဆင်သင့် ပြင်ဆင်လာတယ်။

တစ်ပွဲလုံး ခြေပျောက်နေတဲ့ ဖာမင်နိုနဲ့ တိုက်စစ်ကို ပံ့ပိုးပေးနိုင်ခြင်းမရှိတဲ့ ဂျုံးတို့ နောမှာ ဂျိုတာ၊ ရှာကွီရီတို့ဖြင့် လူစားလဲခဲ့တယ်။ ဖာမင်နိုဟာ တောက်လျှောက် ပွဲပန်းနေပြီး ခြေဆက်တိုက် ကျဆင်းနေတာပါ။ ဆိုးဆိုးရွားရွား ကျနေတာ မဟုတ်ပေမယ့် ပုံမှန် သူလုပ်နေကျ ကစားကွက် တည်ဆောက်မှု ပုံစံတွေ မမြင်ထားရဘူး။ ဂျုံးကတော့ လူငယ်ကစားသမားဖြစ်လို ဝါပိုင်းမှာ လိုအပ်ချက်ရှိသော်လည်း သူ့လို တိုက်စစ်အားသန် ကစားသမားက ရဲရင့်မှုပိုင်းတွေမှာ ဒိထက်ပို လုပ်ရဲဖို့လိုပါတယ်။

မိနစ် ၇၀ ဝန်းကျင်ထိမှာ ခံစစ်သမား နက်ဖီးလစ်၊ ဘယ်အစွန်လူ ရော်ဘတ်ဆန်၊ ကွင်းလယ်လူ ဟန်ဒါဆနတို့ရဲ့ စွမ်းဆောင်ရည်က အကောင်းဆုံးလောက်မှာ ရှိနေတယ်။ နက်ဖီးလစ်က ဟေလာလို ကစားသမားကို အကောင်းဆုံး ထိန်းထားခဲ့ပြီး ရော်ဘတ်ဆန်ကတော့ ပွဲဆက်များပေမယ့် ဖိအားပေးနှုန်း မကျတဲ့အပိုင်းမှာ ချီးကျူးမိပါတယ်။ လီဗာပူးရဲ့ ကစားကွက်က ဟန်ဒါဆန်ရဲ့ ပေးမှုတွေကို မှီခိုနေရပြီး ကွင်းလယ်လူတွေထဲက သူတစ်ဦးတည်း တိုက်စစ်ကို အဓိက ဘောလုံးပေးနေခဲ့ရတာပါ။

ဂျိုတာနဲ့ ရှာကွီရီ ဝင်လာတဲ့နောက် လီဗာပူး ကစားပုံက ပိုကောင်းလာခဲ့တယ်။ တိုက်စစ်က ပြန်တွဲလာနိုင်ပြီး အနည်းငယ် ပိုမြန်လာခဲ့တယ်။ ဂျိုတာ လူစားဝင်လာပြီးနောက် မကြာခင်မှာ ဦးဆောင်ဂိုး သွင်းပေမယ့် ဖေဘီယန်စကီးကို မာနေးက ဖောင်းလုပ်တဲ့ သဘောမျိုး မြင်ရတာကြောင့် အဆိုပါဂိုးကို VAR က ခွင့်မပြုပါဘူး။ ဒါကိုလည်း ထူးပြီး မငြင်းလိုပါဘူး။ ကိုယ်ဘက်ကကြည့်ရင် လက်ဝါးဖြစ်ပေမယ့် သူ့ဘက်ကကြည့်ရင် လက်ဖမိုးဆိုတဲ့ အနေအထား ဖြစ်ပါတယ်။

ဂျိုတာက အလှုပ်ကစားမှုပိုင်း ကောင်းသလို ရှာကွီရီက တိုက်စစ်ပိုင်း အမြင်ရှိပါတယ်။ အသင်းဖော်တွေ ပြိုင်းကျလာတဲ့ အချိန်မှာ သူတို့ ဝင်လာတာကပဲ အကျိုးထူးခဲ့ပြီး ရှာကွီရီရဲ့ အတော်လှတဲ့ ပေးမှုကနေ ပဲ ဂျိုတာက ခပ်သွက်သွက် ပြေးဝင်ပြီး ပိတ်သွင်းကာ ဦးဆောင်ဂိုး ရယူခဲ့တယ်။ အဆိုပါ သွင်းဂိုးကြောင့်ပဲ အန်ဖီးမှာ ၃ ပွဲကစား ၃ ပွဲဂိုးသွင်းတဲ့ ဂျိုတာက လီဗာပူးကို နိုင်ပွဲရစေခဲ့တယ်။ ဒီနေ့ပွဲမှာ ဆာလက် ဂျိုတာကို ဘောလုံးပေးလို့ရတဲ့ အနေအထားမှာ မပေးခဲ့တာကတော့ အနည်းငယ် စိတ်ပျက်စရာပါပဲ။

ဒီကနေ့ပွဲမှာ လီဗာပူးက အရမ်းကောင်းပါတယ်တော့ မပြောလိုပါဘူး။ အထူးသဖြင့် လိဂ်မှာ ဂိုးအပေးရဆုံး ခံစစ်ဖြစ်နေတာကြောင့်တောင် ဝေဖန်မှုတွေ ရှိနေနိုင်ပါတယ်။ သို့သော်လည်း အသင်းဟာ လူကုန်နီးပါးကို အလှည့်ကျနဲ့ ထုတ်သုံးပြီး နိုင်ပွဲရအောင် ကြိုးစားနေတာပါ။ ခံစစ်က အမှားတွေရှိပေမယ့် နိုင်ပွဲကိုတော့ ဆက်ယူနေပြီး ဥရောပမှာကော ပြည်တွင်းမှာပါ ဦးဆောင်အသင်းအဖြစ် ဆက်ရှိနေတာ ဖြစ်ပါတယ်။

အန္ဖီးကြင္းမွာ ဝက္ဟမ္းကို ဆာလက္ရဲ႕ ပင္နယ္တီ၊ ဂ်ိဳတာရဲ႕ လွပတဲ့ သြင္းဂိုးတို႔ျဖင့္ အႏုိင္ယူျပီးေနာက္ လီဗာပူးဟာ အမွတ္ေပးဇယားကို လြဲေျပာင္း ဦးေဆာင္ခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးဟာ ပြဲဆက္ေတြကို ဆက္တိုက္ ယွဥ္ျပိဳင္ေနရေပမယ့္ ဝက္ဟမ္းကေတာ့ တစ္ပတ္လံုး ေအးေအးေဆးေဆး အေနအထားနဲ႔ ယွဥ္ျပိဳင္လာတယ္ဆိုတာကို ကနဦး ေျပာလိုပါတယ္။ ခ်န္ပီယံလိဂ္ လူစာရင္းမွာ မထည့္ႏုိင္ခဲ့ဘဲ ပရီးမီးယားလိဂ္ လူစာရင္းမွာ ပါဝင္ေနတဲ့ နက္ဖီးလစ္အျပင္ လူငယ္ကြင္းလယ္လူ ကာတစ္ဂ်ံဳးတို႔ကို ထည့္သံုးျပီး အဓိက ကစားသမား အစံုအလင္ျဖင့္ ပြဲထုတ္လာခဲ့တယ္။

လီဗာပူးက ေဘာလံုးပိုင္ဆိုင္မႈ အသာနဲ႔ ကစားခဲ့ျပီး ဝက္ဟမ္းရဲ႕ အျမင့္ေဘာ အားျပဳကစားမယ့္ အေနအထားကို ၾကိဳတြက္ခ်က္ထားတဲ့ ျပင္ဆင္မႈေတြကို ျမင္ခဲ့ရတယ္။ ထိန္းခ်ဳပ္မႈက လီဗာပူးေျခထဲျဖစ္ေသာ္ညား လန္းဆန္းေနတဲ့ ေျခေထာက္ေတြက ဝက္ဟမ္းအသင္းသားေတြျဖစ္လို႔ တိုက္စစ္ ခံစစ္ အကူအေျပာင္းမွာ ဝက္ဟမ္းက အနည္းငယ္ ပိုသြက္ေနခဲ့တယ္။

အဖြင့္ဂိုးကေတာ့ ဝက္ဟမ္းက စရခဲ့တာျဖစ္ျပီး ဒါဟာ ခံစစ္မွဴး ဂိုးမက္စ္ရဲ႕ အမွားဆိုတာကို ဘက္မလိုက္ဘဲ ေျပာလိုတယ္။ အျခားေသာ ရႈေထာင့္မွာေတာ့ ဂိုးမက္စ္ဟာ ျဖတ္တင္ေဘာကို ရွင္းလင္းစြာ မျမင္ခဲ့ရတာေၾကာင့္ ခပ္ျမန္ျမန္ ရွင္းထုတ္ရာက ေဖာ္နယ္ ဧရိယာထိပ္မွာ ရွိေနတာ ျမင္ဟန္မရွိဘူး။ သူက အသင္းေဖာ္ ဟန္ဒို ေဘာလံုးကိုင္ရေအာင္ေလာက္ ရွင္းထုတ္ခဲ့တာျဖစ္ျပီး အားေပ်ာ့ခဲ့တဲ့ ေဘာလံုးကို ေဖာ္နယ္က လြတ္လြတ္ကၽြတ္ကၽြတ္ ဦးသြားျပီး အျပင္းပိတ္သြင္းကာ အဖြင့္ဂိုး ယူပါတယ္။

အသင္းက ေဘာလံုးပိုင္ဆုိင္မႈ သိပ္ေကာင္းသလို၊ ေဘာလံုးထိခ်က္၊ ေဘာလံုးေပးမႈ အားလံုးမွာ သာပါတယ္။ ေပးမႈေတြလည္း တိက်ပါတယ္။ ျပႆနာက အသင္းသားေတြက ဝက္ဟမ္းထက္စာရင္ ပြဲပန္းေနတာပါ။ ေကာင္တာတိုက္စစ္ ေျပးဖို႔မွာေကာ ေျပးလမ္းေတြကို ထုတ္ဖို႔ရာမွာ မသြက္လက္ပဲ ေႏွးေကြးေနတာေၾကာင့္ ခံစစ္ကို ၅-၄-၁ ပံုစံျဖင့္ ထိန္းကစားတဲ့ ဝက္ဟမ္းကို မေဖာက္ႏုိင္ပါဘူး။

အသင္း ဖန္တီးမႈပိုင္း ညံ့တာကို ဝန္ခံရမယ္။ သို႔ေသာ္ ပြဲကစားႏုိင္စြမ္း ကြာေနတဲ့ၾကားက အသင္းက အသာစီးရဖို႔ ၾကိဳးစားခဲ့တာကလည္း အမွန္တရားပဲျဖစ္တယ္။ ေျခပဂိုးကေတာ့ ဧရိယာထဲမွာ ဆာလက္ကို ဝက္ဟမ္းအသင္းသားဘက္က ထိေတြ႔မႈလုပ္ခဲ့ျခင္းေၾကာင့္ ရလာတဲ့ ပင္နယ္တီကို အီဂ်စ္သားက သြင္းယူပါတယ္။ VAR ကလည္း ပင္နယ္တီ ခြင့္ျပဳတာေၾကာင့္ ထူးျပီး ေျပာမေနေတာ့ပါဘူး။

ပထမပိုင္းမွာ လီဗာပူးရဲ႕ ကစားဟန္ဟာ ပြဲပန္းေနတာေၾကာင့္ ေႏွးေကြးေနတာက ပြဲကို မျမိဳင္ေစဘဲ ပရိသတ္ေတြကို အားမရမႈေတြ ျဖစ္ေစခဲ့တာပါ။ ဒါေပမယ့္ အသင္းက အခ်ိန္မွီ ေျခပဂိုး ယူႏုိင္ခဲ့တယ္။

ဒုတိယပိုင္းမွာေတာ့ ကစားပံု ပိုေကာင္းလာပါတယ္။ ဒါေပမယ့္ အဆံုးသတ္ပိုင္းအတြက္ လံုေလာက္ေအာင္ေတာ့ မေကာင္းပါဘူး။ မိနစ္ ၆၀ ေက်ာ္မွာတည္းက အသင္းရဲ႕ သက္လံုပိုင္းေကာ ကစားကြက္ ျမန္ဆန္မႈပိုင္းပါ အေတာ္က်လာတာက ျမင္သာပါတယ္။ ဒါကို ရိပ္မိတဲ့ မန္ေနဂ်ာကေလာ့ပ္ အသင္းသားေတြကုိ ေဘးကေန ေအာ္ေနခဲ့ျပီး လူစားလဲဖို႔ကိုလည္း အဆင္သင့္ ျပင္ဆင္လာတယ္။

တစ္ပြဲလံုး ေျခေပ်ာက္ေနတဲ့ ဖာမင္ႏိုနဲ႔ တိုက္စစ္ကို ပံ့ပိုးေပးႏုိင္ျခင္းမရွိတဲ့ ဂ်ံဳးတို႔ ေနာမွာ ဂ်ိဳတာ၊ ရွာကီြရီတို႔ျဖင့္ လူစားလဲခဲ့တယ္။ ဖာမင္ႏိုဟာ ေတာက္ေလွ်ာက္ ပြဲပန္းေနျပီး ေျခဆက္တိုက္ က်ဆင္းေနတာပါ။ ဆိုးဆိုးရြားရြား က်ေနတာ မဟုတ္ေပမယ့္ ပံုမွန္ သူလုပ္ေနက် ကစားကြက္ တည္ေဆာက္မႈ ပံုစံေတြ မျမင္ထားရဘူး။ ဂ်ံဳးကေတာ့ လူငယ္ကစားသမားျဖစ္လို ဝါပိုင္းမွာ လိုအပ္ခ်က္ရွိေသာ္လည္း သူ႔လို တိုက္စစ္အားသန္ ကစားသမားက ရဲရင့္မႈပိုင္းေတြမွာ ဒိထက္ပို လုပ္ရဲဖို႔လိုပါတယ္။

မိနစ္ ၇၀ ဝန္းက်င္ထိမွာ ခံစစ္သမား နက္ဖီးလစ္၊ ဘယ္အစြန္လူ ေရာ္ဘတ္ဆန္၊ ကြင္းလယ္လူ ဟန္ဒါဆနတို႔ရဲ႕ စြမ္းေဆာင္ရည္က အေကာင္းဆံုးေလာက္မွာ ရွိေနတယ္။ နက္ဖီးလစ္က ေဟလာလို ကစားသမားကို အေကာင္းဆံုး ထိန္းထားခဲ့ျပီး ေရာ္ဘတ္ဆန္ကေတာ့ ပြဲဆက္မ်ားေပမယ့္ ဖိအားေပးႏႈန္း မက်တဲ့အပိုင္းမွာ ခ်ီးက်ဴးမိပါတယ္။ လီဗာပူးရဲ႕ ကစားကြက္က ဟန္ဒါဆန္ရဲ႕ ေပးမႈေတြကို မွီခိုေနရျပီး ကြင္းလယ္လူေတြထဲက သူတစ္ဦးတည္း တိုက္စစ္ကို အဓိက ေဘာလံုးေပးေနခဲ့ရတာပါ။

ဂ်ိဳတာနဲ႔ ရွာကီြရီ ဝင္လာတဲ့ေနာက္ လီဗာပူး ကစားပံုက ပိုေကာင္းလာခဲ့တယ္။ တိုက္စစ္က ျပန္တြဲလာႏုိင္ျပီး အနည္းငယ္ ပိုျမန္လာခဲ့တယ္။ ဂ်ိဳတာ လူစားဝင္လာျပီးေနာက္ မၾကာခင္မွာ ဦးေဆာင္ဂိုး သြင္းေပမယ့္ ေဖဘီယန္စကီးကို မာေနးက ေဖာင္းလုပ္တဲ့ သေဘာမ်ိဳး ျမင္ရတာေၾကာင့္ အဆိုပါဂိုးကို VAR က ခြင့္မျပဳပါဘူး။ ဒါကိုလည္း ထူးျပီး မျငင္းလိုပါဘူး။ ကိုယ္ဘက္ကၾကည့္ရင္ လက္ဝါးျဖစ္ေပမယ့္ သူ႔ဘက္ကၾကည့္ရင္ လက္ဖမိုးဆိုတဲ့ အေနအထား ျဖစ္ပါတယ္။

ဂ်ိဳတာက အလႈပ္ကစားမႈပိုင္း ေကာင္းသလို ရွာကီြရီက တိုက္စစ္ပိုင္း အျမင္ရွိပါတယ္။ အသင္းေဖာ္ေတြ ျပိဳင္းက်လာတဲ့ အခ်ိန္မွာ သူတို႔ ဝင္လာတာကပဲ အက်ိဳးထူးခဲ့ျပီး ရွာကီြရီရဲ႕ အေတာ္လွတဲ့ ေပးမႈကေန ပဲ ဂ်ိဳတာက ခပ္သြက္သြက္ ေျပးဝင္ျပီး ပိတ္သြင္းကာ ဦးေဆာင္ဂိုး ရယူခဲ့တယ္။ အဆုိပါ သြင္းဂိုးေၾကာင့္ပဲ အန္ဖီးမွာ ၃ ပြဲကစား ၃ ပြဲဂိုးသြင္းတဲ့ ဂိ်ဳတာက လီဗာပူးကို ႏုိင္ပြဲရေစခဲ့တယ္။ ဒီေန႔ပြဲမွာ ဆာလက္ ဂ်ိဳတာကို ေဘာလံုးေပးလို႔ရတဲ့ အေနအထားမွာ မေပးခဲ့တာကေတာ့ အနည္းငယ္ စိတ္ပ်က္စရာပါပဲ။

ဒီကေန႔ပြဲမွာ လီဗာပူးက အရမ္းေကာင္းပါတယ္ေတာ့ မေျပာလိုပါဘူး။ အထူးသျဖင့္ လိဂ္မွာ ဂိုးအေပးရဆံုး ခံစစ္ျဖစ္ေနတာေၾကာင့္ေတာင္ ေဝဖန္မႈေတြ ရွိေနႏုိင္ပါတယ္။ သို႔ေသာ္လည္း အသင္းဟာ လူကုန္နီးပါးကို အလွည့္က်နဲ႔ ထုတ္သံုးျပီး ႏုိင္ပြဲရေအာင္ ၾကိဳးစားေနတာပါ။ ခံစစ္က အမွားေတြရွိေပမယ့္ ႏုိင္ပြဲကိုေတာ့ ဆက္ယူေနျပီး ဥေရာပမွာေကာ ျပည္တြင္းမွာပါ ဦးေဆာင္အသင္းအျဖစ္ ဆက္ရွိေနတာ ျဖစ္ပါတယ္။