လီဗာပူးက ဝက်ဟမ်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာတော့ မန်နေဂျာကလော့ပ်က နက်ဖီးလစ်နဲ့ အနိုင်ဂိုးရှင် ဂျိုတာတို့ကို ချီးကျူးခဲ့တယ်။

မန်နေဂျာက ချန်ပီယံလိဂ်လူစာရင်းမှာ မပါတဲ့ နက်ဖီးလစ်ကို ပထမဆုံး ပရီးမီးယားလိဂ် ပွဲထုတ်မှုအဖြစ် နေရာပေးခဲ့တယ်။ နက်ဖီးလစ်ရဲ့ အမြင့်ဘော အောင်နိုင်စွမ်းက အထင်ကြီးစရာ ဖြစ်ခဲ့ပြီး ဒုတိယပိုင်းမှာ သူ့ရဲ့ လုပ်ပြနိုင်စွမ်းတွေက ရိုင်းစ်ကို သတိပေးမှု ဖြစ်လာစေခဲ့ပါတယ်။

ယာဂင်ကလော့ပ်က ” ဖီးလစ်က သိပ်ကောင်းတဲ့ ငနဲပါ။ စမတ်ကျတဲ့ ငနဲ့ပေါ့ကွာ။ ဉာဏ်ရည်ဉာဏ်သွေးလည်း ရှိပါတယ်၊ အားလုံးမှာလည်း ကောင်းပါတယ်။ လူတိုင်း သူ့ကို အကြိုက်တွေ့ဖို့တော့ မလွယ်ပါဘူး။ သူက မက်ဆီမှ မဟုတ်ဘဲ။ ဒါပေမယ့် ဘာဖြစ်လဲ အမြင့်ဘောတွေမှာ သူက မွန်းစတာပဲ။ သူက အံ့မခန်းအောင် ကောင်းခဲ့ပါတယ်။

ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲကို ကစားရချိန်မှာ လူတိုင်းက ဒီ အခိုက်အတန့်အတွက် အကြာကြီး စောင့်ခဲ့ရတော့ တုန့်လှုပ်နေမှာပါ။ ရူးလောက်တဲ့ ဇာတ်လမ်းပေါ့ဗျာ။ ချန်ပီယံရှစ်ကလပ် ၁၂ သင်းလောက်က သူ့ကို လိုချင်ခဲ့တယ်၊ သူကလည်း သွားလိုခဲ့တယ်။ အကြောင်းကြောင်းတွေကြောင့် မဖြစ်ခဲ့ပေမယ့် ငါကတော့ အဆင်ပြေပါတယ်။ ဒီည သူပွဲထွက်ခဲ့ပြီး အသင်းအတွက် မယုံနိုင်လောက်အောင် ကူညီပေးခဲ့ပါတယ် ” လို့ ဆိုခဲ့တယ်။

နက်ဖီးလစ်ဟာ စကိုင်းစပေါ့ကပေးတဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုရခဲ့ပြီး ဒီနေ့ပွဲမှာ နောက်ထပ် အရေးပါခဲ့သူက တိုက်စစ်သမား ဂျိုတာဖြစ်ပါတယ်။ ဂျိုတာဟာ လီဗာပူးကစားသမား အန်ဖီးကွင်းမှာ ၃ ပွဲ ကစားထားရပြီး ၃ ဂိုး သွင်းယူထားနိုင်တာကြောင့် လျော့တွက်ရင် မှားမယ့် ကစားသမားဆိုတာ သက်သေပြခဲ့တယ်။

ကလော့ပ်ကပဲ ” သူ့ကို လက်မှတ်ထိုးဖို့ သူ့ကို ခက်ခက်ခဲခဲ ရှာခဲ့ရတာပါ။ သူ့အကြောင်း အများကြီး ပြောစရာ မရှိပါဘူး ဒါပေမယ့် သူ့ကိုရဖို့ အတော် ကြိုးစားခဲ့ရပါတယ်။ ဂျိုတာက အတော်လေး အလားအလာကောင်းတဲ့ ကစားသမားပါ။ သူ့မှာ မြန်နှုန်း၊ ရုပ်ပိုင်းဆိုင်ရာ၊ နည်စနစ်တွေတင် မကဘဲ ခြေနှစ်ဘက်လုံး ကစားနိုင်တယ်။ သူက ငါ မျှော်လင့်ထားတာထက်ကို ပိုကောင်းပြီး တကယ်ကို အထင်ကြီးစရာပါပဲ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးက ဝက္ဟမ္းကို ၂-၁ နဲ႔ အႏုိင္ရခဲ့တဲ့ ပြဲအျပီးမွာေတာ့ မန္ေနဂ်ာကေလာ့ပ္က နက္ဖီးလစ္နဲ႔ အႏုိင္ဂိုးရွင္ ဂ်ိဳတာတို႔ကို ခ်ီးက်ဴးခဲ့တယ္။

မန္ေနဂ်ာက ခ်န္ပီယံလိဂ္လူစာရင္းမွာ မပါတဲ့ နက္ဖီးလစ္ကို ပထမဆံုး ပရီးမီးယားလိဂ္ ပြဲထုတ္မႈအျဖစ္ ေနရာေပးခဲ့တယ္။ နက္ဖီးလစ္ရဲ႕ အျမင့္ေဘာ ေအာင္ႏုိင္စြမ္းက အထင္ၾကီးစရာ ျဖစ္ခဲ့ျပီး ဒုတိယပိုင္းမွာ သူ႔ရဲ႕ လုပ္ျပႏုိင္စြမ္းေတြက ရိုင္းစ္ကို သတိေပးမႈ ျဖစ္လာေစခဲ့ပါတယ္။

ယာဂင္ကေလာ့ပ္က ” ဖီးလစ္က သိပ္ေကာင္းတဲ့ ငနဲပါ။ စမတ္က်တဲ့ ငနဲ႔ေပါ့ကြာ။ ဥာဏ္ရည္ဥာဏ္ေသြးလည္း ရွိပါတယ္၊ အားလံုးမွာလည္း ေကာင္းပါတယ္။ လူတိုင္း သူ႔ကို အၾကိဳက္ေတြ႔ဖို႔ေတာ့ မလြယ္ပါဘူး။ သူက မက္ဆီမွ မဟုတ္ဘဲ။ ဒါေပမယ့္ ဘာျဖစ္လဲ အျမင့္ေဘာေတြမွာ သူက မြန္းစတာပဲ။ သူက အံ့မခန္းေအာင္ ေကာင္းခဲ့ပါတယ္။

ပထမဆံုးေသာ ပရီးမီးယားလိဂ္ပြဲကို ကစားရခ်ိန္မွာ လူတိုင္းက ဒီ အခိုက္အတန္႔အတြက္ အၾကာၾကီး ေစာင့္ခဲ့ရေတာ့ တုန္႔လႈပ္ေနမွာပါ။ ရူးေလာက္တဲ့ ဇာတ္လမ္းေပါ့ဗ်ာ။ ခ်န္ပီယံရွစ္ကလပ္ ၁၂ သင္းေလာက္က သူ႔ကို လိုခ်င္ခဲ့တယ္၊ သူကလည္း သြားလိုခဲ့တယ္။ အေၾကာင္းေၾကာင္းေတြေၾကာင့္ မျဖစ္ခဲ့ေပမယ့္ ငါကေတာ့ အဆင္ေျပပါတယ္။ ဒီည သူပြဲထြက္ခ့ဲျပီး အသင္းအတြက္ မယံုႏုိင္ေလာက္ေအာင္ ကူညီေပးခဲ့ပါတယ္ ” လို႔ ဆိုခဲ့တယ္။

နက္ဖီးလစ္ဟာ စကိုင္းစေပါ့ကေပးတဲ့ ပြဲစဥ္ရဲ႕ အေကာင္းဆံုး ကစားသမားဆုရခဲ့ျပီး ဒီေန႔ပြဲမွာ ေနာက္ထပ္ အေရးပါခဲ့သူက တိုက္စစ္သမား ဂ်ိဳတာျဖစ္ပါတယ္။ ဂ်ိဳတာဟာ လီဗာပူးကစားသမား အန္ဖီးကြင္းမွာ ၃ ပြဲ ကစားထားရျပီး ၃ ဂိုး သြင္းယူထားႏုိင္တာေၾကာင့္ ေလ်ာ့တြက္ရင္ မွားမယ့္ ကစားသမားဆိုတာ သက္ေသျပခဲ့တယ္။

ကေလာ့ပ္ကပဲ ” သူ႔ကို လက္မွတ္ထိုးဖို႔ သူ႔ကို ခက္ခက္ခဲခဲ ရွာခဲ့ရတာပါ။ သူ႔အေၾကာင္း အမ်ားၾကီး ေျပာစရာ မရွိပါဘူး ဒါေပမယ့္ သူ႔ကိုရဖို႔ အေတာ္ ၾကိဳးစားခဲ့ရပါတယ္။ ဂ်ိဳတာက အေတာ္ေလး အလားအလာေကာင္းတဲ့ ကစားသမားပါ။ သူ႔မွာ ျမန္ႏႈန္း၊ ရုပ္ပိုင္းဆိုင္ရာ၊ နည္စနစ္ေတြတင္ မကဘဲ ေျခႏွစ္ဘက္လံုး ကစားႏုိင္တယ္။ သူက ငါ ေမွ်ာ္လင့္ထားတာထက္ကို ပိုေကာင္းျပီး တကယ္ကို အထင္ၾကီးစရာပါပဲ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။