ဝက်ဟမ်းနဲ့ပွဲမှာ ဂျိုတာဟာ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး လီဗာပူးကို ၂-၁ နဲ့ အနိုင်ရစေခဲ့တယ်။ ဒီပွဲမှာ သူဟာ မှတ်တမ်းကောင်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားခဲ့ပါတယ်။

အဲ့တာကတော့ ၂၀၀၄ ခုနှစ်က ဂါစီယာနောက်ပိုင်းမှာ လီဗာပူးရဲ့ ပထမဆုံး အိမ်ကွင်းပွဲ ၃ ပွဲကို ပါဝင်ကစားပြီး ပွဲတိုင်း ဂိုးသွင်းနိုင်တဲ့ ကစားသမား ဖြစ်လာစေခဲ့တယ်။ သူဟာ သီယာဂို၊ ကိုစတက်တို့နဲ့အတူ အသင်းကို ရောက်လာခဲ့သူဖြစ်ပြီး လက်ရှိ အချိန်ထိတော့ လက်တွေ့အကျဆုံးအဖြစ် အသင်းအတွက် အကျိုးအဖြစ်ဆုံး ခေါ်ယူမှုလည်း ဖြစ်လာခဲ့ပါတယ်။

ဂျိုတာက ” ဂိုးရလိုက်တာက အများကြီး အဓိပ္ပာယ်ရှိပါတယ်။ အရန်ခုံကနေ ပွဲကို ကြည့်နေခဲ့ပြီး အပြောင်းအလဲတွေဖြစ်လာအောင် ဘာလုပ်နိုင်မလဲဆိုတာကို အမြဲတမ်း စဉ်းစားနေခဲ့တယ်။ အရေးကြီးဆုံးကတော့ နိုင်ပွဲရတာပါပဲ။ ဆက်လက်ပြီးလည်း ပွဲတွေကို နိုင်ပွဲ ရလိုပါတယ်။

ပွဲတွေအများကြီးနဲ့အတူ ဆက်ပြီး ယှဉ်ပြိုင်နေရဦးမှာဖစ်တယ်။ ကံကောင်းတာက ပွဲမှာ ဂိုးသွင်းနိုင်ဖို့ နေရာလွတ် ရခဲ့တာပါပဲ။ ရှာကွီရီကလည်း သိပ်ကောင်းတဲ့ ပေးမှုကို လုပ်ပေးခဲ့တာပါ။ ဒီပွဲ မတိုင်ခင်မှာ ၂ ပွဲတိတိ ပွဲထွက်လူစာရင်းကနေ ပါထားပါတယ်။ ကျနေ်ာတို့က အသင်းပါ။ မန်နေဂျာက ပွဲထွက် ၁၁ ဦးကို ရွေးရပါတယ်။ ကျနော်ကို ကိုယ်အလုပ်ကို အကောင်းဆုံးလုပ်ဖို့ လိုပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဂျိုတာဟာ ဒီနေ့ပွဲမှာ ၂ ဂိုးသွင်းခဲ့တာဖြစ်ပြီး ပထမဂိုးက ပယ်ဖျက်ခံခဲ့ရကာ ဒုတိယဂိုးကိုမှ သွင်းဂိုးအဖြစ် အတည်ပြုပေးခြင်း ခံခဲ့ရတာပါ။ ပေါ်တူဂီသား တိုက်စစ်သမားကတော့ ” ဂိုးမပေးစရာ အကြောင်းကို မမြင်ပါဘူး ဒါပေမယ့် ဒါက ဘောလုံးပဲလေ။ ကျနော်တို့ စောင့်ပေးဖို့ လိုခဲ့တာပေါ့ ” လို့ပဲ ဖြေပေးသွားပါတယ်။

ZAWGYI

ဝက္ဟမ္းနဲ႔ပြဲမွာ ဂ်ိဳတာဟာ အႏုိင္ဂိုးကို သြင္းယူေပးခဲ့ျပီး လီဗာပူးကို ၂-၁ နဲ႔ အႏုိင္ရေစခဲ့တယ္။ ဒီပြဲမွာ သူဟာ မွတ္တမ္းေကာင္းတစ္ခုကိုလည္း ပိုင္ဆိုင္ထားခဲ့ပါတယ္။

အဲ့တာကေတာ့ ၂၀၀၄ ခုႏွစ္က ဂါစီယာေနာက္ပိုင္းမွာ လီဗာပူးရဲ႕ ပထမဆံုး အိမ္ကြင္းပြဲ ၃ ပြဲကို ပါဝင္ကစားျပီး ပြဲတိုင္း ဂိုးသြင္းႏိုင္တဲ့ ကစားသမား ျဖစ္လာေစခဲ့တယ္။ သူဟာ သီယာဂို၊ ကိုစတက္တို႔နဲ႔အတူ အသင္းကို ေရာက္လာခဲ့သူျဖစ္ျပီး လက္ရွိ အခ်ိန္ထိေတာ့ လက္ေတြ႔အက်ဆံုးအျဖစ္ အသင္းအတြက္ အက်ိဳးအျဖစ္ဆံုး ေခၚယူမႈလည္း ျဖစ္လာခဲ့ပါတယ္။

ဂ်ိဳတာက ” ဂိုးရလိုက္တာက အမ်ားၾကီး အဓိပၸာယ္ရွိပါတယ္။ အရန္ခံုကေန ပြဲကို ၾကည့္ေနခဲ့ျပီး အေျပာင္းအလဲေတြျဖစ္လာေအာင္ ဘာလုပ္ႏုိင္မလဲဆိုတာကို အျမဲတမ္း စဥ္းစားေနခဲ့တယ္။ အေရးၾကီးဆံုးကေတာ့ ႏုိင္ပြဲရတာပါပဲ။ ဆက္လက္ျပီးလည္း ပြဲေတြကို ႏုိင္ပြဲ ရလိုပါတယ္။

ပြဲေတြအမ်ားၾကီးနဲ႔အတူ ဆက္ျပီး ယွဥ္ျပိဳင္ေနရဦးမွာဖစ္တယ္။ ကံေကာင္းတာက ပြဲမွာ ဂိုးသြင္းႏုိင္ဖို႔ ေနရာလြတ္ ရခဲ့တာပါပဲ။ ရွာကီြရီကလည္း သိပ္ေကာင္းတဲ့ ေပးမႈကို လုပ္ေပးခဲ့တာပါ။ ဒီပြဲ မတိုင္ခင္မွာ ၂ ပြဲတိတိ ပြဲထြက္လူစာရင္းကေန ပါထားပါတယ္။ က်ေန္ာတို႔က အသင္းပါ။ မန္ေနဂ်ာက ပြဲထြက္ ၁၁ ဥိီးကို ေရြးရပါတယ္။ က်ေနာ္ကို ကိုယ္အလုပ္ကို အေကာင္းဆံုးလုပ္ဖို႔ လိုပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဂ်ိဳတာဟာ ဒီေန႔ပြဲမွာ ၂ ဂိုးသြင္းခဲ့တာျဖစ္ျပီး ပထမဂိုးက ပယ္ဖ်က္ခံခဲ့ရကာ ဒုတိယဂိုးကိုမွ သြင္းဂိုးအျဖစ္ အတည္ျပဳေပးျခင္း ခံခဲ့ရတာပါ။ ေပၚတူဂီသား တိုက္စစ္သမားကေတာ့ ” ဂိုးမေပးစရာ အေၾကာင္းကို မျမင္ပါဘူး ဒါေပမယ့္ ဒါက ေဘာလံုးပဲေလ။ က်ေနာ္တို႔ ေစာင့္ေပးဖို႔ လိုခဲ့တာေပါ့ ” လို႔ပဲ ေျဖေပးသြားပါတယ္။