လီဗာပူး လူငယ်ခံစစ်သမား နက်ဖီးလစ်ဟာ သူ့ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ပွဲထွက်မှုကို ဝက်ဟမ်းနဲ့ပွဲမှာ လုပ်နိုင်ခဲ့ပါတယ်။

နက်ဖီးလစ်က သိပ်တော့ မငယ်တော့ဘဲ အသက် ၂၃ နှစ်အရွယ်ကို ရောက်နေပါပြီ။ သူဟာ မနှစ်တုန်းက ဘွန်ဒက်လီဂါ-၂ ကလပ် စတုဂတ်မှာ အငှားထွက်ကစားခဲ့ပြီး လိဂ်-၂ ရဲ့ အမြင့်ဘော အောင်နိုင်မှု အမြင့်ဆုံး ကစားသမားဖြစ်ခဲ့တာပါ။ သူ့ရဲ့ အရည်အချင်းက ဒီကနေ့ပွဲမှာ အသုံးဝင်ခဲ့ပြီး နက်ဖီးလစ်ဟာ ဝက်ဟမ်းရဲ့ အမြင့်ဘောတွေကို တားဆီးနိုင်ခဲ့တယ်။

နွေမှာ အသင်းပြောင်းဖို့ နီးစပ်ခဲ့တာကြောင့် ချန်ပီယံလိဂ် လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နက်ဖီးလစ်ဟာ ကြားရက် အတ္တလန်တာပွဲမှာ ပါဝင်မှာ မဟုတ်ပါဘူး။ သို့သော် နောက်အပတ် မန်စီးတီးနဲ့ပွဲမှာတော့ ပွဲထွက် လူစာရင်းမှာ ပါဝင်သွားနိုင်ပါသေးတယ်။

နက်ဖီးလစ်က ” အရမ်းကို ကြီးကျယ်ပါတယ်။ အရွယ်ရောက်လာကတည်းက အိပ်မက်မက်ခဲ့ရတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို ရလိုက်တာက ကျနော်အတွက်ကော ကျနော်ရဲ့ မိသားစုအတွက်ပါ ကိစ္စကြီး ဖြစ်ပါတယ်။ စိပ်ပျော်ပါတယ်။ ရလဒ်ကောင်းပါရလို့ ပိုပျော်ပါတယ်။

စိုးရိမ်ထိတ်လန့်မနေဘဲ ကြိုးစားဖို့က အစောတည်းက အရေးကြီးဆုံးကိစ္စဖြစ်ပါတယ်။ မိနစ်အနည်းငယ် ကစားပြီးတဲ့နောက် ကျျနော် အသားကျလာခဲ့တယ်။ တကယ်ကို ပျော်ပါတယ်။ ခက်ခဲတဲ့ပွဲပါ အမြင့်ဘောတွေ အများကြီးကို ကြိုးစားခဲ့ရတယ်။ ဒါပေမယ့် ဒါကပဲ ကျနော်ရဲ့ အားသာချက်ဖြစ်လို့ ဒါကို လုပ်ရတာကို ပျော်ခဲ့ပါတယ်။

ဒီအပတ်ကို အရမ်း အာရုံစိုက်နေခဲ့တယ်။ အခွင့်အရေး ထပ်ရလာမယ်ဆိုရင်လည်း အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်သွားမျာပါ။ ထူးဆန်းတဲ့ ခံစားချက်ပါပဲ ဘာလို့လည်းဆိုတော့ ကျနော် အသင်းကနေ ထွက်ခွာလု ဖြစ်ခဲ့တာပါ။ ကျနော်ကို စိတ်ဝင်စားတဲ့ ကလပ်တွေ များခဲ့ပါတယ်။ ကျနော်ကလည်း ကစားသမားဘဝကို ပြန်စဖို့ ပြင်ဆင်ခဲ့တာပါ။ ဒါပေမယ့်လို့ အသင်းပြောင်းဖို့ ဖြစ်မလာခဲ့ဘဲ အဲ့လို မပြောင်းဖြစ်ခဲ့တာကိုပဲ ပျော်မိပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး လူငယ္ခံစစ္သမား နက္ဖီးလစ္ဟာ သူ႔ရဲ႕ ပထမဆံုးေသာ ပရီးမီးယားလိဂ္ ပြဲထြက္မႈကို ဝက္ဟမ္းနဲ႔ပြဲမွာ လုပ္ႏုိင္ခဲ့ပါတယ္။

နက္ဖီးလစ္က သိပ္ေတာ့ မငယ္ေတာ့ဘဲ အသက္ ၂၃ ႏွစ္အရြယ္ကို ေရာက္ေနပါျပီ။ သူဟာ မႏွစ္တုန္းက ဘြန္ဒက္လီဂါ-၂ ကလပ္ စတုဂတ္မွာ အငွားထြက္ကစားခဲ့ျပီး လိဂ္-၂ ရဲ႕ အျမင့္ေဘာ ေအာင္ႏုိင္မႈ အျမင့္ဆံုး ကစားသမားျဖစ္ခဲ့တာပါ။ သူ႔ရဲ႕ အရည္အခ်င္းက ဒီကေန႔ပြဲမွာ အသံုးဝင္ခဲ့ျပီး နက္ဖီးလစ္ဟာ ဝက္ဟမ္းရဲ႕ အျမင့္ေဘာေတြကို တားဆီးႏုိင္ခဲ့တယ္။

ေႏြမွာ အသင္းေျပာင္းဖို႔ နီးစပ္ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ လူစာရင္းကေန ထုတ္ပယ္ခံခဲ့ရတဲ့ နက္ဖီးလစ္ဟာ ၾကားရက္ အတၱလန္တာပြဲမွာ ပါဝင္မွာ မဟုတ္ပါဘူး။ သို႔ေသာ္ ေနာက္အပတ္ မန္စီးတီးနဲ႔ပြဲမွာေတာ့ ပြဲထြက္ လူစာရင္းမွာ ပါဝင္သြားႏုိင္ပါေသးတယ္။

နက္ဖီးလစ္က ” အရမ္းကို ၾကီးက်ယ္ပါတယ္။ အရြယ္ေရာက္လာကတည္းက အိပ္မက္မက္ခဲ့ရတဲ့ ကိစၥလည္း ျဖစ္ပါတယ္။ ဒီအခြင့္အေရးကို ရလိုက္တာက က်ေနာ္အတြက္ေကာ က်ေနာ္ရဲ႕ မိသားစုအတြက္ပါ ကိစၥၾကီး ျဖစ္ပါတယ္။ စိပ္ေပ်ာ္ပါတယ္။ ရလဒ္ေကာင္းပါရလို႔ ပိုေပ်ာ္ပါတယ္။

စိုးရိမ္ထိတ္လန္႔မေနဘဲ ၾကိဳးစားဖို႔က အေစာတည္းက အေရးၾကီးဆံုးကိစၥျဖစ္ပါတယ္။ မိနစ္အနည္းငယ္ ကစားျပီးတဲ့ေနာက္ က််ေနာ္ အသားက်လာခဲ့တယ္။ တကယ္ကို ေပ်ာ္ပါတယ္။ ခက္ခဲတဲ့ပြဲပါ အျမင့္ေဘာေတြ အမ်ားၾကီးကို ၾကိဳးစားခဲ့ရတယ္။ ဒါေပမယ့္ ဒါကပဲ က်ေနာ္ရဲ႕ အားသာခ်က္ျဖစ္လို႔ ဒါကို လုပ္ရတာကို ေပ်ာ္ခဲ့ပါတယ္။

ဒီအပတ္ကို အရမ္း အာရံုစိုက္ေနခဲ့တယ္။ အခြင့္အေရး ထပ္ရလာမယ္ဆိုရင္လည္း အဆင္သင့္ျဖစ္ေနေအာင္ ျပင္ဆင္သြားမ်ာပါ။ ထူးဆန္းတဲ့ ခံစားခ်က္ပါပဲ ဘာလို႔လည္းဆိုေတာ့ က်ေနာ္ အသင္းကေန ထြက္ခြာလု ျဖစ္ခဲ့တာပါ။ က်ေနာ္ကို စိတ္ဝင္စားတဲ့ ကလပ္ေတြ မ်ားခဲ့ပါတယ္။ က်ေနာ္ကလည္း ကစားသမားဘဝကို ျပန္စဖို႔ ျပင္ဆင္ခဲ့တာပါ။ ဒါေပမယ့္လို႔ အသင္းေျပာင္းဖို႔ ျဖစ္မလာခဲ့ဘဲ အဲ့လို မေျပာင္းျဖစ္ခဲ့တာကိုပဲ ေပ်ာ္မိပါတယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။