လီဗာပူးအသင်းဟာ ဗဟိုခံစစ်သမားနေရာအတွက် ရှာဖွေနေရင်းက ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ခြေစွမ်းပြထားတဲ့ လူငယ်ခံစစ်သမားလေး Perr Schuurs ကို သဘောကျနေပါတယ်။

နယ်သာလန် ခံစစ်သမားဟာ ဗန်ဒိုက်လက်သစ်လို့ နာမည်ရနေသူဖြစ်ပြီး သူ့ရဲ့ အမိန့်ပေးနိုင်စွမ်းရှိတဲ့ ခံစစ်စွမ်းရည်တွေကြောင့် နယ်သာလန် လူစာရင်းမှာပါ ရွေးချယ်ခံထားရသူပါ။ မနှစ်ကရာသီမှာ အေဂျက်အတွက် ပွဲကစားခွင့်တွေ အတော်ရလာခဲ့ပြီး ဒီရာသီမှာလည်း ဆက်တိုက် ပါဝင်ခွင့်ရထားပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကျော် အသက် ၁၇ နှစ်အရွယ်မှာ အန်ဖီးကိုလာပြီး ခြေစွမ်း စစ်ဆေးမှု ခံယူခဲ့ဖူးတယ်။ သို့သော် အသင်းဘက်က သူ့ရဲ့ တိုးတက်မှုက နယ်သာလန်မှာပဲ ဆက်နေတာက ပိုကောင်းမယ်လို့ ယူဆခဲ့ပါတယ်။ အဲ့ကတည်းက ဆက်လက် စောင့်ကြည့်နေတဲ့ အသက် ၂၀ အရွယ် ကစားသမားက အရပ် ၆ ပေ ၃ လက်မ မြင့်မားတဲ့ လူငယ်တစ်ဦး ဖြစ်လာခဲ့ပါပြီ။

ဗန်ဒိုက်နေရာ အစားထိုးရမှာဖြစ်ပေမယ့် မန်နေဂျာကလော့ပ်က အလောတကြီး လုပ်တာထက် သွေးသစ်လောင်းဖို့ကို ပိုအားသန်နေတယ်။ လီဗာပူးခံစစ်သမားတွေဖြစ်တဲ့ မာတစ်၊ ဗန်ဒိုက်တို့ဟာ ၂၉ နဲ့ ၃၀ တွေကို ရောက်လာခဲ့ပြီဖြစ်ကာ ဖာဘင်ညိုကလည်း ၂၇ နှစ်ရှိလာပါပြီ။ ဒါကြောင့် အသင်းမှာ လူငယ်ပိုင်းတွေကို အင်အားဖြည့်ဖို့ လိုလာခဲ့ပြီဖြစ်တယ်။

၂၀၁၈ မှာ အေဂျက်ကို ပြောင်းခဲ့တဲ့ Schuurs ဟာ မန်နေဂျာ တန်ဟက် လက်အောက်မှာတော့ ဒီလစ်နေရာ အစားဝင်လာခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လီဗာပူးနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ခြေစွမ်းကောင်းထားသူဖြစ်တယ်။

မနှစ်တုန်းကလည်း ကလော့ပ်ဟာ ချန်ပီယံလိဂ်ပြိုင်ဘက် ဆဲလ်ဘတ်ကနေ မီနာမီနိုကို ခေါ်ယူမှု လုပ်ခဲ့ဖူးပြီး ဒီရာသီမှာကော ချန်ပီယံလိဂ်ပြိုင်ဘက်ထံက ကစားသမားကို ခေါ်ယူဖို့ ကြိုးစားမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဗဟိုခံစစ္သမားေနရာအတြက္ ရွာေဖြေနရင္းက ျပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ ေျခစြမ္းျပထားတဲ့ လူငယ္ခံစစ္သမားေလး Perr Schuurs ကို သေဘာက်ေနပါတယ္။

နယ္သာလန္ ခံစစ္သမားဟာ ဗန္ဒိုက္လက္သစ္လို႔ နာမည္ရေနသူျဖစ္ျပီး သူ႔ရဲ႕ အမိန္႔ေပးႏုိင္စြမ္းရွိတဲ့ ခံစစ္စြမ္းရည္ေတြေၾကာင့္ နယ္သာလန္ လူစာရင္းမွာပါ ေရြးခ်ယ္ခံထားရသူပါ။ မႏွစ္ကရာသီမွာ ေအဂ်က္အတြက္ ပြဲကစားခြင့္ေတြ အေတာ္ရလာခဲ့ျပီး ဒီရာသီမွာလည္း ဆက္တိုက္ ပါဝင္ခြင့္ရထားပါတယ္။

လြန္ခဲ့တဲ့ ၂ ႏွစ္ေက်ာ္ အသက္ ၁၇ ႏွစ္အရြယ္မွာ အန္ဖီးကိုလာျပီး ေျခစြမ္း စစ္ေဆးမႈ ခံယူခဲ့ဖူးတယ္။ သို႔ေသာ္ အသင္းဘက္က သူ႔ရဲ႕ တိုးတက္မႈက နယ္သာလန္မွာပဲ ဆက္ေနတာက ပိုေကာင္းမယ္လို႔ ယူဆခဲ့ပါတယ္။ အဲ့ကတည္းက ဆက္လက္ ေစာင့္ၾကည့္ေနတဲ့ အသက္ ၂၀ အရြယ္ ကစားသမားက အရပ္ ၆ ေပ ၃ လက္မ ျမင့္မားတဲ့ လူငယ္တစ္ဦး ျဖစ္လာခဲ့ပါျပီ။

ဗန္ဒိုက္ေနရာ အစားထိုးရမွာျဖစ္ေပမယ့္ မန္ေနဂ်ာကေလာ့ပ္က အေလာတၾကီး လုပ္တာထက္ ေသြးသစ္ေလာင္းဖို႔ကို ပိုအားသန္ေနတယ္။ လီဗာပူးခံစစ္သမားေတြျဖစ္တဲ့ မာတစ္၊ ဗန္ဒိုက္တို႔ဟာ ၂၉ နဲ႔ ၃၀ ေတြကို ေရာက္လာခဲ့ျပီျဖစ္ကာ ဖာဘင္ညိဳကလည္း ၂၇ ႏွစ္ရွိလာပါျပီ။ ဒါေၾကာင့္ အသင္းမွာ လူငယ္ပိုင္းေတြကို အင္အားျဖည့္ဖို႔ လိုလာခဲ့ျပီျဖစ္တယ္။

၂၀၁၈ မွာ ေအဂ်က္ကို ေျပာင္းခဲ့တဲ့ Schuurs ဟာ မန္ေနဂ်ာ တန္ဟက္ လက္ေအာက္မွာေတာ့ ဒီလစ္ေနရာ အစားဝင္လာခဲ့ပါတယ္။ သူဟာ ျပီးခဲ့တဲ့ လီဗာပူးနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာလည္း ေျခစြမ္းေကာင္းထားသူျဖစ္တယ္။

မႏွစ္တုန္းကလည္း ကေလာ့ပ္ဟာ ခ်န္ပီယံလိဂ္ျပိဳင္ဘက္ ဆဲလ္ဘတ္ကေန မီနာမီႏိုကို ေခၚယူမႈ လုပ္ခဲ့ဖူးျပီး ဒီရာသီမွာေကာ ခ်န္ပီယံလိဂ္ျပိဳင္ဘက္ထံက ကစားသမားကို ေခၚယူဖို႔ ၾကိဳးစားမလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။