လီဗာပူးအသင်းရဲ့ သွင်းဂိုးတွေကို ဆာလက်၊ မာနေးတို့က အဓိက တာဝန်ယူနေပြီး တွဲဘက် တိုက်စစ်သမား ဖာမင်နိုက ဂိုးရယူနိုင်မှု အားနည်းနေပေမယ့် လူစာရင်းကနေ ဖယ်ထုတ်လိုက်လို့ မရပါဘူးလို့ ကာရေဂါက သုံးသပ်သွားခဲ့တယ်။

ဖာမင်နိုဟာ လီဗာပူးမှာ ဂိုးရယူဖို့ထက် တိုက်စစ်တွဲဘက်တွေ ကစားနိုင်ဖို့ ကွင်းလယ်ကို ကူညီပေးဖို့ပဲ အဓိက ကြိုးစားနေရသူဖြစ်တယ်။ ပွဲထဲမှာ ဆာလက်နဲ့ မာနေးတို့ ဂိုးမသွင်းနိုင်တိုင်း ဖာမင်နိုရဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု နည်းပါးခြင်းက ထောက်ပြစရာ ကိစ္စကြီးတစ်ခုလို ဖြစ်လာနေပါတယ်။

ကာရေဂါကတော့ ဖာမင်နိုဟာ ကွင်းထဲမှာ သူလုပ်ရမယ့် သူ့အလုပ်ကို အခုချိန်ထိ အကောင်းဆုံး လုပ်နေဆဲဖြစ်ပြီး အကယ်လို့ သွင်းဂိုးအတွက် ခြိမ်းခြောက်မှုတွေ လိုလာပြီဆိုရင် ဂျိုတာကိုပါ ပေါင်းထည့်ကာ တိုက်စစ်ကို လေးဦးကစားစေဖို့ကို ပိုမို ထောက်ခံသွားပါတယ်။

ကာရေဂါက ” ဘယ်သူကမှ ဖာမင်နိုကို ဖယ်ထုတ်လိုက်ဖို့ တောင်းဆိုကြမယ်လို့ မထင်ပါဘူး။ လီဗာပူးတိုက်စစ်မှာ ဖာမင်နိုက သွင်းဂိုးတွေကို ရယူပေးဖို့ ကြိုးစားသူ မဟုတ်ပါဘူး။ သူက ခြားနားတဲ့ ကိစ္စတွေကို လုပ်ဆောင်နေသူဖြစ်တယ်။ ဖိအားပေးတယ်၊ လှုပ်အားကိုထုတ်တယ်၊ ဘောလုံးပြန်ရအောင် လုယူတယ်၊ တောင်ပံသမားတွေအတွက် ဖြည့်စွက်မှုတွေ လုပ်ပေးတယ်။

ဒါပေမယ့် သူက တိုက်စစ်ပိုင်းမှာ ကစားနေသူဖြစ်လို့ လူတွေက သူ့ထံက သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှုတွေကို ထပ်လိုချင်သေးပြန်တယ်။ ဂျိုတာက သွင်းဂိုးတွေကို ရယူနိုင်ရင် သူက လီဗာပူးမှာ လက်ရှိရှားပါးနေတဲ့ နောက်ထပ် သွင်းဂိုးအတွက် ခြိမ်းခြောက်နိုင်သူ ဖြစ်လာလိမ့်မယ်။

လီဗာပူးက လိဂ်မှာ ဂိုးသွင်းအများဆုံး အသင်းတွေထဲက တစ်သင်းပါ။ ဒါပေမယ့် တစ်ခါတလေမှာ မာနေးနဲ့ ဆာလက်တို့က ဂိုးသွင်းယူဖို့ အရမ်းကို ဖိအားများကြပါတယ် ဘာလို့လည်းဆိုတော့ ကွင်းလယ်လူ သုံးဦးက ဂိုးမရယူနိုင်လို့ပါ။ လီဗာပူးရဲ့ တည်ကန်ဘောတွေကနေ ဗန်ဒိုက်ကလည်း သွင်းဂိုးတွေကို ခြိမ်းခြောက်နိုင်တဲ့သူဖြစ်တယ်။ အခုတော့ သူမရှိဘူး။ အစွန်သမားတွေက ဂိုးထောက်ပံ့မှုတော့ လုပ်နိုင်ပေမယ့် ဂိုးရယူပေးနိုင်သူတွေ မဟုတ်ဘူး။

ဒီတော့ ဖိအားတွေက တိုက်စစ်သမား နှစ်ဦးအပေါ်ပဲ ပုံကျနေတယ်။ ဒါကြောင့်လည်း လူတွေက ဖာမင်နိုထံက သွင်းဂိုးတွေကို မြင်လိုကြတာပါ။ အကယ်လို့ နောက်ထပ် သီတင်းပတ် အနည်းငယ်ထိ ဘော်ဘီက ဒီလိုပဲ ဂိုးတွေ ရှာပါးနေမယ်ဆိုရင် ဂျိုတာကို နောက်ထပ် တိုက်စစ်သမားအဖြစ် ထပ်တိုးပြီး သွင်းဂိုးအတွက် ထည့်သွင်းလို့ ရပါတယ်။ ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ သြင္းဂိုးေတြကို ဆာလက္၊ မာေနးတို႔က အဓိက တာဝန္ယူေနျပီး တြဲဘက္ တိုက္စစ္သမား ဖာမင္ႏိုက ဂိုးရယူႏုိင္မႈ အားနည္းေနေပမယ့္ လူစာရင္းကေန ဖယ္ထုတ္လိုက္လို႔ မရပါဘူးလို႔ ကာေရဂါက သံုးသပ္သြားခဲ့တယ္။

ဖာမင္ႏိုဟာ လီဗာပူးမွာ ဂိုးရယူဖို႔ထက္ တိုက္စစ္တြဲဘက္ေတြ ကစားႏုိင္ဖို႔ ကြင္းလယ္ကို ကူညီေပးဖို႔ပဲ အဓိက ၾကိဳးစားေနရသူျဖစ္တယ္။ ပြဲထဲမွာ ဆာလက္နဲ႔ မာေနးတို႔ ဂိုးမသြင္းႏုိင္တိုင္း ဖာမင္ႏိုရဲ႕ ဂိုးေပါက္ ျခိမ္းေျခာက္မႈ နည္းပါးျခင္းက ေထာက္ျပစရာ ကိစၥၾကီးတစ္ခုလို ျဖစ္လာေနပါတယ္။

ကာေရဂါကေတာ့ ဖာမင္ႏိုဟာ ကြင္းထဲမွာ သူလုပ္ရမယ့္ သူ႔အလုပ္ကို အခုခ်ိန္ထိ အေကာင္းဆံုး လုပ္ေနဆဲျဖစ္ျပီး အကယ္လို႔ သြင္းဂိုးအတြက္ ျခိမ္းေျခာက္မႈေတြ လိုလာျပီဆိုရင္ ဂ်ိဳတာကိုပါ ေပါင္းထည့္ကာ တိုက္စစ္ကို ေလးဦးကစားေစဖို႔ကို ပိုမို ေထာက္ခံသြားပါတယ္။

ကာေရဂါက ” ဘယ္သူကမွ ဖာမင္ႏိုကို ဖယ္ထုတ္လိုက္ဖို႔ ေတာင္းဆိုၾကမယ္လို႔ မထင္ပါဘူး။ လီဗာပူးတိုက္စစ္မွာ ဖာမင္ႏိုက သြင္းဂိုးေတြကို ရယူေပးဖို႔ ၾကိဳးစားသူ မဟုတ္ပါဘူး။ သူက ျခားနားတဲ့ ကိစၥေတြကို လုပ္ေဆာင္ေနသူျဖစ္တယ္။ ဖိအားေပးတယ္၊ လႈပ္အားကိုထုတ္တယ္၊ ေဘာလံုးျပန္ရေအာင္ လုယူတယ္၊ ေတာင္ပံသမားေတြအတြက္ ျဖည့္စြက္မႈေတြ လုပ္ေပးတယ္။

ဒါေပမယ့္ သူက တိုက္စစ္ပိုင္းမွာ ကစားေနသူျဖစ္လို႔ လူေတြက သူ႔ထံက သြင္းဂိုးနဲ႔ ဂိုးေထာက္ပံ့မႈေတြကို ထပ္လိုခ်င္ေသးျပန္တယ္။ ဂ်ိဳတာက သြင္းဂိုးေတြကို ရယူႏုိင္ရင္ သူက လီဗာပူးမွာ လက္ရွိရွားပါးေနတဲ့ ေနာက္ထပ္ သြင္းဂိုးအတြက္ ျခိမ္းေျခာက္ႏုိင္သူ ျဖစ္လာလိမ့္မယ္။

လီဗာပူးက လိဂ္မွာ ဂိုးသြင္းအမ်ားဆံုး အသင္းေတြထဲက တစ္သင္းပါ။ ဒါေပမယ့္ တစ္ခါတေလမွာ မာေနးနဲ႔ ဆာလက္တို႔က ဂိုးသြင္းယူဖို႔ အရမ္းကို ဖိအားမ်ားၾကပါတယ္ ဘာလို႔လည္းဆိုေတာ့ ကြင္းလယ္လူ သံုးဦးက ဂိုးမရယူနုိင္လို႔ပါ။ လီဗာပူးရဲ႕ တည္ကန္ေဘာေတြကေန ဗန္ဒိုက္ကလည္း သြင္းဂိုးေတြကို ျခိမ္းေျခာက္ႏုိင္တဲ့သူျဖစ္တယ္။ အခုေတာ့ သူမရွိဘူး။ အစြန္သမားေတြက ဂိုးေထာက္ပံ့မႈေတာ့ လုပ္ႏုိင္ေပမယ့္ ဂိုးရယူေပးႏုိင္သူေတြ မဟုတ္ဘူး။

ဒီေတာ့ ဖိအားေတြက တိုက္စစ္သမား ႏွစ္ဦးအေပၚပဲ ပံုက်ေနတယ္။ ဒါေၾကာင့္လည္း လူေတြက ဖာမင္ႏိုထံက သြင္းဂိုးေတြကို ျမင္လိုၾကတာပါ။ အကယ္လို႔ ေနာက္ထပ္ သီတင္းပတ္ အနည္းငယ္ထိ ေဘာ္ဘီက ဒီလိုပဲ ဂိုးေတြ ရွာပါးေနမယ္ဆိုရင္ ဂ်ိဳတာကို ေနာက္ထပ္ တိုက္စစ္သမားအျဖစ္ ထပ္တိုးျပီး သြင္းဂိုးအတြက္ ထည့္သြင္းလို႔ ရပါတယ္။ ” ဆိုျပီး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။