ဆီနီဂေါ ခံစစ်မှူး ကိုလီဘာလီက ပရီးမီးယားလိဂ်ကလပ် လီဗာပူးနဲ့ သတင်းတွေ ထွက်နေပေမယ့်လည်း အနာဂတ်ကို သေချာတဲ့ အဖြေပေးဖို့ ရှောင်ဖယ်ခဲ့ပါတယ်။

ယူရိုပါလိဂ်မှာ ပါဝင်သွားတဲ့ ကိုလီဘာလီဟာ အသက် ၂၉ နှစ်အရွယ် ရှိနေပြီဖြစ်ကာ လီဗာပူးနဲ့ ဇာတ်လမ်းတွေက ပြန်စနေတာပါ။ ကိုလီဘာလီက အသင်းကြီးတွေက သူ့ကို စိတ်ဝင်စားပေမယ့် အဆုံးထိ သူက နာပိုလီမှာပဲ ဆက်ရှိနေခဲ့ကြောင်းနဲ့ နေပယ်ကို ချစ်ပါတယ်လို့ ဖွင့်ဟသွားခဲ့တယ်။

ကိုလီဘာလီက ” နေပယ်နဲ့ နေပယ်သားတွေကို မြတ်နိုးပါတယ်။ အဲ့တာက အရေးကြီးဆုံးပါပဲ။ ပွဲတိုင်းမှာ ပါဝင်ခွင့်ရနိုင်ဖို့ ကျနော်က အမြဲတမ်း ကြိုးစားပါတယ်။ စာချုပ်က သုံးနှစ် ကျန်ပါသေးတယ်။ ကျနော်က တည်တည်ငြိမ်ငြိမ်ပါပဲ။ အသင်းတွေက ကျနော်ကို ကြည့်နေပေမယ့် ကျနော်ကတော့ ဒီအသင်းမှာပဲ ရှိနေဆဲဖြစ်ပါတယ်။

ကျနော် ကစားနိုင်တဲ့ အတိုင်းအတာမှာ ကစားပေးနေပြီး နာပိုလီနဲ့ ဒီကလူတွေအတွက် ကူညီပေးနေပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့အတွက် တစ်ခုခု ပြန်ပေးလိုတာကြောင့် ဖြစ်ပါတယ်။ ဘာဖြစ်လာမယ်ဆိုတာ ကြည့်ကြတာပေါ့။ ” လို့ ဆိုသွားတာဖြစ်ပါတယ်။

ကိုလီဘာလီဟာ နာပိုလီအသင်းနဲ့ ၂၀၂၃ ခုနှစ်ထိ ရှိနေမယ့် စာချုပ်ကို ပိုင်ဆိုင်ထားသူပါ။ လီဗာပူးက ဗန်ဒိုက်နေရာ အစားထိုးဖို့ သူ့ကိုလည်း ပြန်လည် စောင့်ကြည့်နေတယ်လို့ သိလာရပေမယ့် ပြောင်းရွှေ့ကြေး မြင့်မားစွာ တောင်းခံရမှာ ဖြစ်ပါတယ်။

မနှစ်တုန်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ကိုလီဘာလီဟာ ဂျန့်ကနေ နာပိုလီကို ပြောင်းပြီးတဲ့နောက်ပိုင်း ပွဲကစားချိန် အနည်းဆုံး ဘောလုံးရာသီကို ပိုင်ဆိုင်ခဲ့ရတယ်။ ဒီရာသီမှာ နာပိုလီဟာ စီးရီးအေလိဂ်ရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ယူရိုပါလိဂ်မှာ ပါဝင်ယှဉ်ပြိုင်နေပါတယ်။

ZAWGYI

ဆီနီေဂါ ခံစစ္မွဴး ကိုလီဘာလီက ပရီးမီးယားလိဂ္ကလပ္ လီဗာပူးနဲ႔ သတင္းေတြ ထြက္ေနေပမယ့္လည္း အနာဂတ္ကို ေသခ်ာတဲ့ အေျဖေပးဖို႔ ေရွာင္ဖယ္ခဲ့ပါတယ္။

ယူရိုပါလိဂ္မွာ ပါဝင္သြားတဲ့ ကိုလီဘာလီဟာ အသက္ ၂၉ ႏွစ္အရြယ္ ရွိေနျပီျဖစ္ကာ လီဗာပူးနဲ႔ ဇာတ္လမ္းေတြက ျပန္စေနတာပါ။ ကိုလီဘာလီက အသင္းၾကီးေတြက သူ႔ကို စိတ္ဝင္စားေပမယ့္ အဆံုးထိ သူက နာပိုလီမွာပဲ ဆက္ရွိေနခဲ့ေၾကာင္းနဲ႔ ေနပယ္ကို ခ်စ္ပါတယ္လို႔ ဖြင့္ဟသြားခဲ့တယ္။

ကိုလီဘာလီက ” ေနပယ္နဲ႔ ေနပယ္သားေတြကို ျမတ္ႏိုးပါတယ္။ အဲ့တာက အေရးၾကီးဆံုးပါပဲ။ ပြဲတိုင္းမွာ ပါဝင္ခြင့္ရႏုိင္ဖို႔ က်ေနာ္က အျမဲတမ္း ၾကိဳးစားပါတယ္။ စာခ်ဳပ္က သံုးႏွစ္ က်န္ပါေသးတယ္။ က်ေနာ္က တည္တည္ျငိမ္ျငိမ္ပါပဲ။ အသင္းေတြက က်ေနာ္ကို ၾကည့္ေနေပမယ့္ က်ေနာ္ကေတာ့ ဒီအသင္းမွာပဲ ရွိေနဆဲျဖစ္ပါတယ္။

က်ေနာ္ ကစားႏုိင္တဲ့ အတုိင္းအတာမွာ ကစားေပးေနျပီး နာပိုလီနဲ႔ ဒီကလူေတြအတြက္ ကူညီေပးေနပါတယ္။ ဘာလို႔လည္းဆိုေတာ့ သူတို႔အတြက္ တစ္ခုခု ျပန္ေပးလိုတာေၾကာင့္ ျဖစ္ပါတယ္။ ဘာျဖစ္လာမယ္ဆိုတာ ၾကည့္ၾကတာေပါ့။ ” လို႔ ဆိုသြားတာျဖစ္ပါတယ္။

ကိုလီဘာလီဟာ နာပိုလီအသင္းနဲ႔ ၂၀၂၃ ခုႏွစ္ထိ ရွိေနမယ့္ စာခ်ဳပ္ကို ပိုင္ဆုိင္ထားသူပါ။ လီဗာပူးက ဗန္ဒိုက္ေနရာ အစားထိုးဖို႔ သူ႔ကိုလည္း ျပန္လည္ ေစာင့္ၾကည့္ေနတယ္လို႔ သိလာရေပမယ့္ ေျပာင္းေရႊ႔ေၾကး ျမင့္မားစြာ ေတာင္းခံရမွာ ျဖစ္ပါတယ္။

မႏွစ္တုန္းက ဒဏ္ရာျပႆနာေတြနဲ႔ ရုန္းကန္ခဲ့ရတဲ့ ကိုလီဘာလီဟာ ဂ်န္႔ကေန နာပိုလီကို ေျပာင္းျပီးတဲ့ေနာက္ပိုင္း ပြဲကစားခ်ိန္ အနည္းဆံုး ေဘာလံုးရာသီကို ပိုင္ဆိုင္ခဲ့ရတယ္။ ဒီရာသီမွာ နာပိုလီဟာ စီးရီးေအလိဂ္ရဲ႕ အဆင့္ ၂ ေနရာမွာ ရပ္တည္ေနျပီး ယူရိုပါလိဂ္မွာ ပါဝင္ယွဥ္ျပိဳင္ေနပါတယ္။