ဒီအပတ် စနေနေ့ည ၁၂ နာရီ အန်ဖီးကွင်းမှာတော့ လီဗာပူးနဲ့ ဝက်ဟမ်းတို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၇ ကို ယှဉ်ပြိုင်ကြမှာဖြစ်တယ်။ အဆိုပါပွဲအတွက် လော်ရိုးရဲ့ ပွဲကြို ခန့်မှန်း သုံးသပ်ချက်ကို ဖော်ပြလိုက်ပါတယ်။

လော်ရိုးက ” ဒဏ်ရာရနေတဲ့ ဗန်ဒိုက် မပါဘဲ ကစားရတာက ခံစစ်ကြောင်းမှာ အနည်းငယ် ဟာပေါက်တွေရှိနေတယ်ဆိုတဲ့ အသိနဲ့ လီဗာပူးက ကစားနေတာ ဖြစ်ပါတယ်။ ဖာဘင်ညို ဒဏ်ရာရသွားတာကလည်း လီဗာပူးရဲ့ ခံစစ်အတွက် အခက်တွေ့စေပါတယ်။

ဖာဘင်ညိုက ဒီအပတ်ပွဲမှာ ပါဝင်ကစားဖွယ် မရှိပေမယ့် သူ့ရဲ့ အခြေအနေက ကာလရှည် အနားယူရမယ်လို့တော့ မထင်ရပါဘူး။ ဂိုးပေါက်အတွက် အယ်လီဆန် ပြန်ပါလာနိုင်တာကတော့ အားတက်စရာပါပဲ။ ဒါပေမယ့် ဖြတ်တင်ဘောတွေကို သူက ခေါင်းတိုက်ပေးနိုင်မှာ မဟုတ်တော့ အဲ့လို အနေအထားတွေအတွက် ဖြေရှင်းစရာ နည်းလမ်းကို လီဗာပူးက ရှာဖွေဖို့ လိုပါတယ်။

ဝက်ဟမ်းကလည်း သူတို့ကိုယ်ပိုင် ဒဏ်ရာပြဿနာတွေ ရှိနေတာ ဖြစ်ပါတယ်။ အန်တိုနီယိုက မန်စီးတီးနဲ့ပွဲမှာ ထူးရှယ်ဂိုးကို သွင်းယူထားတဲ့ ဝက်ဟမ်းရဲ့ အဓိက တိုက်စစ်သမားပါ။ ဒါပေမယ့်လည်း မန်ချက်စတာကလပ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် လီဗာပူးနဲ့ပွဲကို ပါဝင်ဖို့က သံသယရှိစရာ အနေအထား ဖြစ်ပါတယ်။

အန်တိုနီယို မပါဘဲ ဝက်ဟမ်းက ပြိုင်ဆိုင်နိုင်ဆဲဖြစ်ပေမယ့် ဒီပွဲမှာတော့ သူတို့ ရမှတ်တွေရမယ် မြင်ရဖို့က ခက်ခဲပါတယ်။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီအပတ် လီဗာပူးနဲ့ ဝက်ဟမ်းပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်က လီဗာပူး ၂-၀ ဝက်ဟမ်း ဆိုတဲ့ ရလဒ် ထွက်ပေါ်မယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ စေနေန႔ည ၁၂ နာရီ အန္ဖီးကြင္းမွာေတာ့ လီဗာပူးနဲ႔ ဝက္ဟမ္းတို႔ဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၇ ကို ယွဥ္ျပိဳင္ၾကမွာျဖစ္တယ္။ အဆိုပါပြဲအတြက္ ေလာ္ရိုးရဲ႕ ပြဲၾကိဳ ခန္႔မွန္း သံုးသပ္ခ်က္ကို ေဖာ္ျပလိုက္ပါတယ္။

ေလာ္ရိုးက ” ဒဏ္ရာရေနတဲ့ ဗန္ဒိုက္ မပါဘဲ ကစားရတာက ခံစစ္ေၾကာင္းမွာ အနည္းငယ္ ဟာေပါက္ေတြရွိေနတယ္ဆိုတဲ့ အသိနဲ႔ လီဗာပူးက ကစားေနတာ ျဖစ္ပါတယ္။ ဖာဘင္ညိဳ ဒဏ္ရာရသြားတာကလည္း လီဗာပူးရဲ႕ ခံစစ္အတြက္ အခက္ေတြ႔ေစပါတယ္။

ဖာဘင္ညိဳက ဒီအပတ္ပြဲမွာ ပါဝင္ကစားဖြယ္ မရွိေပမယ့္ သူ႔ရဲ႕ အေျခအေနက ကာလရွည္ အနားယူရမယ္လို႔ေတာ့ မထင္ရပါဘူး။ ဂိုးေပါက္အတြက္ အယ္လီဆန္ ျပန္ပါလာႏုိင္တာကေတာ့ အားတက္စရာပါပဲ။ ဒါေပမယ့္ ျဖတ္တင္ေဘာေတြကို သူက ေခါင္းတိုက္ေပးႏုိင္မွာ မဟုတ္ေတာ့ အဲ့လို အေနအထားေတြအတြက္ ေျဖရွင္းစရာ နည္းလမ္းကို လီဗာပူးက ရွာေဖြဖို႔ လိုပါတယ္။

ဝက္ဟမ္းကလည္း သူတို႔ကိုယ္ပိုင္ ဒဏ္ရာျပႆနာေတြ ရွိေနတာ ျဖစ္ပါတယ္။ အန္တိုနီယိုက မန္စီးတီးနဲ႔ပြဲမွာ ထူးရွယ္ဂိုးကို သြင္းယူထားတဲ့ ဝက္ဟမ္းရဲ႕ အဓိက တိုက္စစ္သမားပါ။ ဒါေပမယ့္လည္း မန္ခ်က္စတာကလပ္နဲ႔ပြဲမွာ ဒဏ္ရာရခဲ့တာေၾကာင့္ လီဗာပူးနဲ႔ပြဲကို ပါဝင္ဖို႔က သံသယရွိစရာ အေနအထား ျဖစ္ပါတယ္။

အန္တိုနီယို မပါဘဲ ဝက္ဟမ္းက ျပိဳင္ဆုိင္ႏုိင္ဆဲျဖစ္ေပမယ့္ ဒီပြဲမွာေတာ့ သူတို႔ ရမွတ္ေတြရမယ္ ျမင္ရဖို႔က ခက္ခဲပါတယ္။ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ဒီအပတ္ လီဗာပူးနဲ႔ ဝက္ဟမ္းပြဲအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္းရလဒ္က လီဗာပူး ၂-၀ ဝက္ဟမ္း ဆိုတဲ့ ရလဒ္ ထြက္ေပၚမယ္လို႔ ျဖစ္ပါတယ္။