မန်နေဂျာ ယာဂင်ကလော့ပ်က ရော်ဘတ်ဆန်က တစ်ဦးချင်း မကောင်းဘူးဆိုတဲ့ ဝေဖန်မှုတွေကို ဝက်ဟမ်းနဲ့ပွဲကြိုမှာ အဆုံးသတ်ပေးလိုက်ပါတယ်။

ရော်ဘတ်ဆန်ဟာ ပရီးမီးယားလိဂ် အကောင်းဆုံး နောက်ခံလူ၊ ချန်ပီယံလိဂ် အကောင်းဆုံး နောက်ခံလူစာရင်းတွေထဲ ပါဝင်ခဲ့ဖူးသူပါ။ ဒါပေမယ့်လို့ ဆီလိုအပေါက်ရှာတဲ့ လူတွေကတော့ ရိုဘိုဟာ တစ်ဦးချင်းတွေမှာ မကျော်ဖြတ်နိုင်သူဆိုတဲ့ စွပ်စွဲချက်ကို ပေးလာခြင်း ဖြစ်ပါတယ်။

ကလော့ပ်ကတော့ သူ့ရဲ့ ထုံးစံအတိုင်း အသင်းသားတွေကို ချီးကျူးဂုဏ်တင်မှုနဲ့အတူ ရိုဘိုကို ပေးလာတဲ့ ဖိအားတွေကို ဖယ်ထုတ်ပေးလိုက်ပါတယ်။

ကလော့ပ်က ” ရိုဘိုက ထူးချွန်ပါတယ်။ သူက ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်တာ အရမ်း မကြာသေးဘူး။ ဟူးစီးတီးမှာ အရမ်းကောင်းကောင်း ကစားပြနိုင်ခဲ့တယ်။ ဒါပေမယ့် လူတွေက ပြောကြတယ်။ ရော်ဘတ်ဆန်က တစ်ဦးချင်းတွေမှာ သိပ်မကောင်းဘူးတဲ့။

အဲ့တာက ပြဿနာ မဟုတ်ပါဘူး။ ဘောလုံး ဘယ်လိုကစားရမယ်ဆိုတဲ့အပေါ် ကျနော် သူ့ကို မသင်ပေးနိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ သူက ဘောလုံးကစားတာ ကောင်းလို့ပါ။ ဒါပေမယ့် တစ်ဦးချင်းတွေမှာ ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာကို ကျနော် သင်ပေးနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျနော် ကိုယ်က ဆိုးရွားတဲ့ ဘောလုးသမားဖြစ်ခဲ့တာကြောင့်ပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီရာသီမှာ ရော်ဘတ်ဆန်ဟာ လီဗာပူးရဲ့ အရေးပါတဲ့ ကစားသမားဖြစ်ပြီး အသင်းအတွက်လည်း ပွဲပေါင်း ၁၃၆ ပွဲမှာ ဂိုးထောက်ပံ့မှု ၃၂ ကြိမ်နဲ့ သွင်းဂိုး ၅ ဂိုး သွင်းယူပေးထားတယ်။ ရော်ဘတ်ဆန်ဟာ လီဗာပူးနဲ့အတူ ဆုဖလား ၄ ကြိမ် အောင်မြင်ထားပါတယ်။

ZAWGYI

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ေရာ္ဘတ္ဆန္က တစ္ဦးခ်င္း မေကာင္းဘူးဆိုတဲ့ ေဝဖန္မႈေတြကို ဝက္ဟမ္းနဲ႔ပြဲၾကိဳမွာ အဆံုးသတ္ေပးလိုက္ပါတယ္။

ေရာ္ဘတ္ဆန္ဟာ ပရီးမီးယားလိဂ္ အေကာင္းဆံုး ေနာက္ခံလူ၊ ခ်န္ပီယံလိဂ္ အေကာင္းဆံုး ေနာက္ခံလူစာရင္းေတြထဲ ပါဝင္ခဲ့ဖူးသူပါ။ ဒါေပမယ့္လို႔ ဆီလိုအေပါက္ရွာတဲ့ လူေတြကေတာ့ ရိုဘိုဟာ တစ္ဦးခ်င္းေတြမွာ မေက်ာ္ျဖတ္ႏုိင္သူဆိုတဲ့ စြပ္စြဲခ်က္ကို ေပးလာျခင္း ျဖစ္ပါတယ္။

ကေလာ့ပ္ကေတာ့ သူ႔ရဲ႕ ထံုးစံအတိုင္း အသင္းသားေတြကို ခ်ီးက်ဴးဂုဏ္တင္မႈနဲ႔အတူ ရိုဘိုကို ေပးလာတဲ့ ဖိအားေတြကို ဖယ္ထုတ္ေပးလိုက္ပါတယ္။

ကေလာ့ပ္က ” ရိုဘိုက ထူးခၽြန္ပါတယ္။ သူက ပေရာ္ဖက္ရွင္နယ္ ကစားသမားျဖစ္တာ အရမ္း မၾကာေသးဘူး။ ဟူးစီးတီးမွာ အရမ္းေကာင္းေကာင္း ကစားျပႏုိင္ခဲ့တယ္။ ဒါေပမယ့္ လူေတြက ေျပာၾကတယ္။ ေရာ္ဘတ္ဆန္က တစ္ဦးခ်င္းေတြမွာ သိပ္မေကာင္းဘူးတဲ့။

အဲ့တာက ျပႆနာ မဟုတ္ပါဘူး။ ေဘာလံုး ဘယ္လိုကစားရမယ္ဆိုတ့ဲအေပၚ က်ေနာ္ သူ႔ကို မသင္ေပးႏုိင္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ သူက ေဘာလံုးကစားတာ ေကာင္းလို႔ပါ။ ဒါေပမယ့္ တစ္ဦးခ်င္းေတြမွာ ဘယ္လို ရင္ဆိုင္ရမယ္ဆိုတာကို က်ေနာ္ သင္ေပးႏုိင္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ က်ေနာ္ ကိုယ္က ဆိုးရြားတဲ့ ေဘာလုးသမားျဖစ္ခဲ့တာေၾကာင့္ပါ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဒီရာသီမွာ ေရာ္ဘတ္ဆန္ဟာ လီဗာပူးရဲ႕ အေရးပါတဲ့ ကစားသမားျဖစ္ျပီး အသင္းအတြက္လည္း ပြဲေပါင္း ၁၃၆ ပြဲမွာ ဂိုးေထာက္ပံ့မႈ ၃၂ ၾကိမ္နဲ႔ သြငး္ဂိုး ၅ ဂိုး သြင္းယူေပးထားတယ္။ ေရာ္ဘတ္ဆန္ဟာ လီဗာပူးနဲ႔အတူ ဆုဖလား ၄ ၾကိမ္ ေအာင္ျမင္ထားပါတယ္။