တိုက်စစ်မှူး စတားရစ်ဟာ မန်စီးတီးအသင်းနဲ့ ပူးပေါင်းခြင်းဖြင့် ပရီးမီးယားလိဂ်ကို ပြန်လာနိုင်တဲ့ အသံတွေ ထွက်ပေါ်လာနေပါတယ်။ စတားရစ်ဟာ မန်စီးတီးအကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ တိုက်စစ်သမားလည်း ဖြစ်ပါတယ်။

လီဗာပူးအသင်းက အန်ဖီးကွင်းထဲ ပရိသတ်တွေ ဝင်ခွင့်ရဖို့ ဆက်လက် လုပ်ဆောင်နေမှုတွေကို လာမယ့် အပတ်တွေမှာ ချပြမယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ပရိသတ်တွေကို စိတ်ရှည် နားလည်ပေးကြဖို့လည်း တောင်းဆိုသွားပါတယ်။

ကာဒစ်အသင်းထံ အငှားထွက်ကစားနေတဲ့ လီဗာပူးတိုက်စစ်သမား ဝဲလ်ဆန်ဟာ လေ့ကျင့်ရေးမှာ အသေးစားဒဏ်ရာ ရသွားပါတယ်။

ဘရာဇီးမန်နေဂျာတစ်တီက ဖာဘင်ညိုကို လက်ရွေးစင်မှာ နေရာမပေးလို့ ဝေဖန်ခဲ့တဲ့ ကလော့ပ်ကို တုန့်ပြန်ခဲ့ခြင်း မရှိဘဲ ပွဲကြပ်တွေက ကစားသမားတွေကို ထိခိုက်စေတယ်ဆိုတဲ့ ကလော့ပ်ရဲ့ အမြင်ကိုပဲ ထောက်ခံသွားပါတယ်။

စကော်တလန်လိဂ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ခြေစစ်ပွဲမှာ ၂ နေရာစာ ပါဝင်ခွင့်အတွက် ယူအီးအက်ဖ်အေရဲ့ အတည်ပြုပေးမှု သတင်းကောင်းကို လက်ခံရခဲ့တာကြောင့် စတီဗင်ဂျရတ်ကို ချန်ပီယံလိဂ်မှာ ပြန်လည်မြင်တွေ့ရဖို့ နီးစပ်လာပြီ ဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်က ခံစစ်ကနေ ကစားကွက် တည်ဆောက်မှုကို ပြောင်းလဲပြီး သီယာဂို ပါဝင်လာမယ့် ကွင်းလယ်ကနေ တိုက်စစ်ကို ပံ့ပိုးပေးမှုဖြင့် ပြောင်းကစားနိုင်တယ်လို့ Echo က ဖော်ပြပါတယ်။

ဗန်ဒိုက်ရဲ့ ဒူးဒဏ်ရာကို လန်ဒန်က ဘရွမ်းဝဲလ်မှာ ခွဲစိတ်မူက အောင်မြင်ခဲ့ပေမယ့် နယ်သာလန်သားဟာ ဒီရာသီ လီဗာပူးအတွက် ပြန်ကစားပေးနိုင်မှာ မဟုတ်ကြောင်း လီဗာပူးဝန်ထမ်းဟောင်းက ထုတ်ဖော်လိုက်ပါတယ်။

ကလော့ပ်က ကြံ့ခိုင်မှု ပြဿနာတွေကို ကျော်ဖြတ်နိုင်ဖို့ လီဗာပူးရဲ့ လူရွေးချယ်မှုတွေ အားလုံးကို အသင်းရဲ့ ဆေးသိပ္ပံနဲ့ ဆေးအဖွဲ့ကို လက်လွဲပေးထားပြီး သူတို့က ခွင့်မပြုတဲ့ ဘယ်ကစားသမားကိုမှ ပွဲထွက်လူစာရင်းထဲ ထည့်သုံးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဝီလီယမ်ဟာ ဒီရာသီ ကာရာဘောင်းပွဲတွေမှာ စတင်ကာ ပွဲထွက်လာရပြီး ချန်ပီယံလိဂ်ပွဲတွေ အပါအဝင် စုစုပေါင်း စီနီယာပွဲ ၄ ပွဲ ကစားထားပြီဖြစ်တယ်။ ရိုင်စ်ဟာ အမြင့်ဘော ၁၇ ကြိမ် ယှဉ်ပြိုင်ထားပြီး ၁၂ ကြိမ် အောင်မြင်ခဲ့ကာ အောင်မြင်နှုန်း ၇၀.၆% ရှိပါတယ်။

လီဗာပူးအစွန်လူ ထရန့်က ကွင်းကို ကျော်ဖြတ် ပေးပို့နေတဲ့ ဖြတ်တင်ဘောတွေက ကစားပွဲကို သက်ရောက်မှုကြီးပြီး ကိုယ်တိုင်ကလည်း ခံစစ်သမားဖြစ်လို့ ဒါတွေက ပွဲရဲ့ မြင်ကွင်းကို ပြောင်းလဲစေတယ်ဆိုတာ နားလည်တယ်လို့ ထုတ်ပြောပါတယ်။

ZAWGYI

တိုက္စစ္မွဴး စတားရစ္ဟာ မန္စီးတီးအသင္းနဲ႔ ပူးေပါင္းျခင္းျဖင့္ ပရီးမီးယားလိဂ္ကို ျပန္လာႏုိင္တဲ့ အသံေတြ ထြက္ေပၚလာေနပါတယ္။ စတားရစ္ဟာ မန္စီးတီးအကယ္ဒမီကေန ေပၚထြက္လာတဲ့ တိုက္စစ္သမားလည္း ျဖစ္ပါတယ္။

လီဗာပူးအသင္းက အန္ဖီးကြင္းထဲ ပရိသတ္ေတြ ဝင္ခြင့္ရဖို႔ ဆက္လက္ လုပ္ေဆာင္ေနမႈေတြကို လာမယ့္ အပတ္ေတြမွာ ခ်ျပမယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။ ပရိသတ္ေတြကို စိတ္ရွည္ နားလည္ေပးၾကဖို႔လည္း ေတာင္းဆိုသြားပါတယ္။

ကာဒစ္အသင္းထံ အငွားထြက္ကစားေနတဲ့ လီဗာပူးတိုက္စစ္သမား ဝဲလ္ဆန္ဟာ ေလ့က်င့္ေရးမွာ အေသးစားဒဏ္ရာ ရသြားပါတယ္။

ဘရာဇီးမန္ေနဂ်ာတစ္တီက ဖာဘင္ညိဳကို လက္ေရြးစင္မွာ ေနရာမေပးလို႔ ေဝဖန္ခဲ့တဲ့ ကေလာ့ပ္ကို တုန္႔ျပန္ခဲ့ျခင္း မရွိဘဲ ပြဲၾကပ္ေတြက ကစားသမားေတြကို ထိခိုက္ေစတယ္ဆိုတဲ့ ကေလာ့ပ္ရဲ႕ အျမင္ကိုပဲ ေထာက္ခံသြားပါတယ္။

စေကာ္တလန္လိဂ္ဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ျပိဳင္ပြဲရဲ႕ ေျခစစ္ပြဲမွာ ၂ ေနရာစာ ပါဝင္ခြင့္အတြက္ ယူအီးအက္ဖ္ေအရဲ႕ အတည္ျပဳေပးမႈ သတင္းေကာင္းကို လက္ခံရခဲ့တာေၾကာင့္ စတီဗင္ဂ်ရတ္ကို ခ်န္ပီယံလိဂ္မွာ ျပန္လည္ျမင္ေတြ႔ရဖို႔ နီးစပ္လာျပီ ျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ခံစစ္ကေန ကစားကြက္ တည္ေဆာက္မႈကို ေျပာင္းလဲျပီး သီယာဂို ပါဝင္လာမယ့္ ကြင္းလယ္ကေန တိုက္စစ္ကို ပံ့ပိုးေပးမႈျဖင့္ ေျပာင္းကစားနုိင္တယ္လို႔ Echo က ေဖာ္ျပပါတယ္။

ဗန္ဒိုက္ရဲ႕ ဒူးဒဏ္ရာကို လန္ဒန္က ဘရြမ္းဝဲလ္မွာ ခြဲစိတ္မူက ေအာင္ျမင္ခဲ့ေပမယ့္ နယ္သာလန္သားဟာ ဒီရာသီ လီဗာပူးအတြက္ ျပန္ကစားေပးႏုိင္မွာ မဟုတ္ေၾကာင္း လီဗာပူးဝန္ထမ္းေဟာင္းက ထုတ္ေဖာ္လိုက္ပါတယ္။

ကေလာ့ပ္က ၾကံ႔ခိုင္မႈ ျပႆနာေတြကို ေက်ာ္ျဖတ္ႏုိင္ဖို႔ လီဗာပူးရဲ႕ လူေရြးခ်ယ္မႈေတြ အားလံုးကို အသင္းရဲ႕ ေဆးသိပၸံနဲ႔ ေဆးအဖြဲ႔ကို လက္လြဲေပးထားျပီး သူတို႔က ခြင့္မျပဳတဲ့ ဘယ္ကစားသမားကိုမွ ပြဲထြက္လူစာရင္းထဲ ထည့္သံုးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

ဝီလီယမ္ဟာ ဒီရာသီ ကာရာေဘာင္းပြဲေတြမွာ စတင္ကာ ပြဲထြက္လာရျပီး ခ်န္ပီယံလိဂ္ပြဲေတြ အပါအဝင္ စုစုေပါင္း စီနီယာပြဲ ၄ ပြဲ ကစားထားျပီျဖစ္တယ္။ ရိုင္စ္ဟာ အျမင့္ေဘာ ၁၇ ၾကိမ္ ယွဥ္ျပိဳင္ထားျပီး ၁၂ ၾကိမ္ ေအာင္ျမင္ခဲ့ကာ ေအာင္ျမင္ႏႈန္း ၇၀.၆% ရွိပါတယ္။

လီဗာပူးအစြန္လူ ထရန္႔က ကြင္းကို ေက်ာ္ျဖတ္ ေပးပို႔ေနတဲ့ ျဖတ္တင္ေဘာေတြက ကစားပြဲကို သက္ေရာက္မႈၾကီးျပီး ကိုယ္တိုင္ကလည္း ခံစစ္သမားျဖစ္လို႔ ဒါေတြက ပြဲရဲ႕ ျမင္ကြင္းကို ေျပာင္းလဲေစတယ္ဆိုတာ နားလည္တယ္လို႔ ထုတ္ေျပာပါတယ္။