လီဗာပူးအသင်းမှာ ဒဏ်ရာပြဿနာတွေ များနေခဲ့ပြီး လက်တလောမှာတော့ သီယာဂို ပြန်ကောင်းလာကာ ကိတ်တာနဲ့ ဖာဘင်ညိုတို့က ဒဏ်ရာပြဿနာတွေ ရှိနေခဲ့ပြီဖြစ်တယ်။

အသေးစိတ် ဖော်ပြထားမှုတွေ မရှိတာက မာတစ်နဲ့ ဟန်ဒါဆန် အခြေအနေဖြစ်ပြီး မာတစ်က လေ့ကျင့်ရေးတွေမှာ ပြန်လည် ပါဝင်နေကာ ပွဲနေ့တွေမှာ ပါဝင်ဖို့ ကြံ့ခိုင်မှု မလုံလောက်ခြင်းပဲဖြစ်တယ်။ ဟန်ဒါဆန်ကတော့ မစ်ဂျီရန်ပွဲမှာ ဖြတ်လုမှုကြီးကြောင့် လူစားလဲခံခဲ့ရပေမယ့် ဒဏ်ရာရှိမနေဘူးလို့ ကလော့ပ်က ပြောပါတယ်။

စီနီယာအသင်းသားတွေရဲ့ အခြေအနေနဲ့ ပက်သက်လို့ လီဗာပူးအသင်း ဝန်ထမ်းဟောင်းဖြစ်ပြီး အန်ဖီး အသိုင်းအဝိုင်းနဲ့ နီးစပ်သူက အခုလို ပြောပါတယ်။

” မာတစ်ဟာ လီဗာပူးရဲ့ လေ့ကျင့်ရေးတွေမှာ သုံးကြိမ်တိုင် ပါဝင်ထားပါတယ်။ သူက စနေနေ့ ဝက်ဟမ်းနဲ့ပွဲမှာ လူစာရင်းထဲက ပါဝင်ဖို့တောင် အဆင်သင့်ဖြစ်နေပါပြီ။

မာတစ်တင် မဟုတ်ဘဲ သီယာဂိုကလည်း စနေနေ့ပွဲမှာ ပါဝင်ဖို့ ရွေးချယ်လို့ရနေပြီဖြစ်တယ်။ နာဘီ ကိတ်တာက ဖျားနေခြင်း မဟုတ်ဘဲ ကြွက်သား ဒဏ်ရာကြောင့် ရုန်းကန်နေရခြင်းဖြစ်တယ်။ ဗန်ဒိုက်ရဲ့ ဒူးဒဏ်ရာကို လန်ဒန်က ဘရွမ်းဝဲလ်မှာ ခွဲစိတ်မူက အောင်မြင်ပါတယ်။ သူဟာ ဒီရာသီ လီဗာပူးအတွက် ပြန်ကစားပေးနိုင်မှာ မဟုတ်ပါဘူး ” လို့ ဖြစ်ပါတယ်။

ဖာဘင်ညို ဒဏ်ရာကြောင့် ၂ ပတ်ကြာ နားရမှာဖြစ်ပြီး မာတစ် ဒဏ်ရာကို မန်နေဂျာကလော့ပ်က သေချာ ထုတ်မပြောပါဘူး။ မာတစ်ဟာ ကြံ့ခိုင်မှု ပြန်ကောင်းလာပေမယ့် ဝက်ဟမ်း၊ အက်တ္တလန်တာပွဲတွေမှာ ထုတ်သုံးမှာ မဟုတ်ဘဲ ရာနှုန်းပြည့် စိတ်ချရလောက်မယ့် မန်စီးတီးပွဲ (သို့) နိုင်ငံတကာသီတင်းပတ် နောက်ပိုင်းမှ ပြန်လည် ပါဝင်လာမယ်လို့လည်း သိထားရပါတယ်။

ZAWGYI

လီဗာပူးအသင္းမွာ ဒဏ္ရာျပႆနာေတြ မ်ားေနခဲ့ျပီး လက္တေလာမွာေတာ့ သီယာဂို ျပန္ေကာင္းလာကာ ကိတ္တာနဲ႔ ဖာဘင္ညိဳတို႔က ဒဏ္ရာျပႆနာေတြ ရွိေနခဲ့ျပီျဖစ္တယ္။

အေသးစိတ္ ေဖာ္ျပထားမႈေတြ မရွိတာက မာတစ္နဲ႔ ဟန္ဒါဆန္ အေျခအေနျဖစ္ျပီး မာတစ္က ေလ့က်င့္ေရးေတြမွာ ျပန္လည္ ပါဝင္ေနကာ ပြဲေန႔ေတြမွာ ပါဝင္ဖို႔ ၾကံ႕ခိုင္မႈ မလံုေလာက္ျခင္းပဲျဖစ္တယ္။ ဟန္ဒါဆန္ကေတာ့ မစ္ဂ်ီရန္ပြဲမွာ ျဖတ္လုမႈၾကီးေၾကာင့္ လူစားလဲခံခဲ့ရေပမယ့္ ဒဏ္ရာရွိမေနဘူးလို႔ ကေလာ့ပ္က ေျပာပါတယ္။

စီနီယာအသင္းသားေတြရဲ႕ အေျခအေနနဲ႔ ပက္သက္လို႔ လီဗာပူးအသင္း ဝန္ထမ္းေဟာင္းျဖစ္ျပီး အန္ဖီး အသိုင္းအဝိုင္းနဲ႔ နီးစပ္သူက အခုလို ေျပာပါတယ္။

” မာတစ္ဟာ လီဗာပူးရဲ႕ ေလ့က်င့္ေရးေတြမွာ သံုးၾကိမ္တိုင္ ပါဝင္ထားပါတယ္။ သူက စေနေန႔ ဝက္ဟမ္းနဲ႔ပြဲမွာ လူစာရင္းထဲက ပါဝင္ဖို႔ေတာင္ အဆင္သင့္ျဖစ္ေနပါျပီ။

မာတစ္တင္ မဟုတ္ဘဲ သီယာဂိုကလည္း စေနေန႔ပြဲမွာ ပါဝင္ဖို႔ ေရြးခ်ယ္လို႔ရေနျပီျဖစ္တယ္။ နာဘီ ကိတ္တာက ဖ်ားေနျခင္း မဟုတ္ဘဲ ၾကြက္သား ဒဏ္ရာေၾကာင့္ ရုန္းကန္ေနရျခင္းျဖစ္တယ္။ ဗန္ဒိုက္ရဲ႕ ဒူးဒဏ္ရာကို လန္ဒန္က ဘရြမ္းဝဲလ္မွာ ခြဲစိတ္မူက ေအာင္ျမင္ပါတယ္။ သူဟာ ဒီရာသီ လီဗာပူးအတြက္ ျပန္ကစားေပးႏုိင္မွာ မဟုတ္ပါဘူး ” လို႔ ျဖစ္ပါတယ္။

ဖာဘင္ညိဳ ဒဏ္ရာေၾကာင့္ ၂ ပတ္ၾကာ နားရမွာျဖစ္ျပီး မာတစ္ ဒဏ္ရာကို မန္ေနဂ်ာကေလာ့ပ္က ေသခ်ာ ထုတ္မေျပာပါဘူး။ မာတစ္ဟာ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာေပမယ့္ ဝက္ဟမ္း၊ အက္တၱလန္တာပြဲေတြမွာ ထုတ္သံုးမွာ မဟုတ္ဘဲ ရာႏႈန္းျပည့္ စိတ္ခ်ရေလာက္မယ့္ မန္စီးတီးပြဲ (သို႔) ႏုိင္ငံတကာသီတင္းပတ္ ေနာက္ပိုင္းမွ ျပန္လည္ ပါဝင္လာမယ္လို႔လည္း သိထားရပါတယ္။