စကော်တလန်လိဂ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ခြေစစ်ပွဲမှာ ၂ နေရာစာ ပါဝင်ခွင့်အတွက် ယူအီးအက်ဖ်အေရဲ့ အတည်ပြုပေးမှု သတင်းကောင်းကို လက်ခံရခဲ့ပါပြီ။

စကော်တလန်လိဂ်ဟာ ယခင်နှစ်တွေက အမှတ်ပေးချန်ပီယံ တစ်သင်းတည်းက ခြေစစ်ပွဲကို ပါဝင်ခွင့်ရထားတာပါ။ လာမယ့်ရာသီကစပြီး ချန်ပီယံအသင်းက တတိယအဆင့် ခြေစစ်ပွဲကနေ တိုးမြင့် စတင်ရမှာဖြစ်ပြီး အမှတ်ပေးဖလား ဒုတိယအသင်းကတော့ ဒုတိယအဆင့် ခြေစစ်ပွဲက စတင်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွေကို ပါဝင်ရမှာဖြစ်ပါတယ်။

စကော်တလန်ဖလား အနိုင်ရတဲ့အသင်းက ယူရိုပါလိဂ်ကို တတိယအဆင့် ခြေစစ်ပွဲကနေ ပါဝင်ခွင့်ရမှာဖြစ်ကာ အမှတ်ပေးဇယား အဆင့် ၃ နဲ့ အဆင့် ၄ အသင်းတွေက ပြိုင်ပွဲသစ်ဖြစ်တဲ့ ယူအီးအက်ဖ်အေ ယူရိုပါ ကွန်ဖရန့်လိဂ်ကို ဒုတိယခြေစစ်ပွဲကနေ ပါဝင်ရမှာဖြစ်တယ်။ ဒါကြောင့် မနှစ်တွေတုန်းကရတဲ့ ဥရောပဝင်ခွင့် ၄ နေရာအစား ၅ နေရာထိ ရလာမှာဖြစ်တယ်။

ဒါဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆဲလ်တစ်နဲ့အတူ ရိန်းဂျားအသင်းရဲ့ တိုးတက်လာမှုတွေကြောင့်ဖြစ်တယ်။ နှစ်သင်းလုံးဟာ ယူရိုပါလိဂ်မှာ ဆက်ပြီး တိုးတက်လာမယ်ဆိုရင် အုပ်စုအဆင့်ကို တိုက်ရိုက် ဝင်ခွင့်တွေပါ ရလာမှာဖြစ်တယ်။ လက်ရှိမှာ စကော်လိဂ်က အဆင့် ၁၂ နေရာမှာ ရှိနေပြီး တိုက်ရိုက်ဝင်ခွင့်က ဥရောပ ထိပ်ဆုံး ၁၁ နိုင်ငံကို ခွင့်ပြုပေးထားပါတယ်။

စကော်တလန်လိဂ်ကလပ် ရိန်းဂျားအသင်းကို စတီဗင်ဂျရတ် တာဝန်ယူပြီးနောက်မှာ ၎င်းကလပ်ဟာ ပြည်တွင်းမှာကော ဥရောပမှာပါ ပြန်လည် ထွန်းတောက်လာခဲ့တယ်။ မနှစ်တုန်းကဆိုရင် ရိန်းဂျာဟာ ယူရိုပါလိဂ်မှာ ၁၆ သင်းအဆင့်ထိ ရောက်လာခဲ့ပါတယ်။

ဒီရာသီမှာတော့ ဂျရတ်ဦးဆောင်တဲ့ ရိန်းဂျားဟာ ဆဲလ်တစ်ကို အသာရနေပြီး လိဂ်ကို ဦးဆောင်ထားပါတယ်။ စကော်တလန်လိဂ်ကို ဆဲလ်တစ်အသင်း လွှမ်းမိုးလာတာက ဆယ်စုနှစ် ရှိနေပြီဖြစ်ပြီး ရိန်းဂျားကတော့ ဒါဘီပြိုင်ဘက်ကို ကျော်တက်ဖို့ တာဆူလာမှုနဲ့အတူ လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ပါဝင်ခွင့်အတွက်ပါ လမ်းစရလာခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

စေကာ္တလန္လိဂ္ဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ျပိဳင္ပြဲရဲ႕ ေျခစစ္ပြဲမွာ ၂ ေနရာစာ ပါဝင္ခြင့္အတြက္ ယူအီးအက္ဖ္ေအရဲ႕ အတည္ျပဳေပးမႈ သတင္းေကာင္းကို လက္ခံရခဲ့ပါျပီ။

စေကာ္တလန္လိဂ္ဟာ ယခင္ႏွစ္ေတြက အမွတ္ေပးခ်န္ပီယံ တစ္သင္းတည္းက ေျခစစ္ပြဲကို ပါဝင္ခြင့္ရထားတာပါ။ လာမယ့္ရာသီကစျပီး ခ်န္ပီယံအသင္းက တတိယအဆင့္ ေျခစစ္ပြဲကေန တိုးျမင့္ စတင္ရမွာျဖစ္ျပီး အမွတ္ေပးဖလား ဒုတိယအသင္းကေတာ့ ဒုတိယအဆင့္ ေျခစစ္ပြဲက စတင္ျပီး ခ်န္ပီယံလိဂ္ျပိဳင္ပြဲေတြကို ပါဝင္ရမွာျဖစ္ပါတယ္။

စေကာ္တလန္ဖလား အႏုိင္ရတဲ့အသင္းက ယူရိုပါလိဂ္ကို တတိယအဆင့္ ေျခစစ္ပြဲကေန ပါဝင္ခြင့္ရမွာျဖစ္ကာ အမွတ္ေပးဇယား အဆင့္ ၃ နဲ႔ အဆင့္ ၄ အသင္းေတြက ျပိဳင္ပြဲသစ္ျဖစ္တဲ့ ယူအီးအက္ဖ္ေအ ယူရိုပါ ကြန္ဖရန္႔လိဂ္ကို ဒုတိယေျခစစ္ပြဲကေန ပါဝင္ရမွာျဖစ္တယ္။ ဒါေၾကာင့္ မႏွစ္ေတြတုန္းကရတဲ့ ဥေရာပဝင္ခြင့္ ၄ ေနရာအစား ၅ ေနရာထိ ရလာမွာျဖစ္တယ္။

ဒါဟာ ယူရိုပါလိဂ္ျပိဳင္ပြဲမွာ ဆဲလ္တစ္နဲ႔အတူ ရိန္းဂ်ားအသင္းရဲ႕ တိုးတက္လာမႈေတြေၾကာင့္ျဖစ္တယ္။ ႏွစ္သင္းလံုးဟာ ယူရိုပါလိဂ္မွာ ဆက္ျပီး တိုးတက္လာမယ္ဆိုရင္ အုပ္စုအဆင့္ကို တိုက္ရိုက္ ဝင္ခြင့္ေတြပါ ရလာမွာျဖစ္တယ္။ လက္ရွိမွာ စေကာ္လိဂ္က အဆင့္ ၁၂ ေနရာမွာ ရွိေနျပီး တိုက္ရိုက္ဝင္ခြင့္က ဥေရာပ ထိပ္ဆံုး ၁၁ ႏုိင္ငံကို ခြင့္ျပဳေပးထားပါတယ္။

စေကာ္တလန္လိဂ္ကလပ္ ရိန္းဂ်ားအသင္းကို စတီဗင္ဂ်ရတ္ တာဝန္ယူျပီးေနာက္မွာ ၄င္းကလပ္ဟာ ျပည္တြင္းမွာေကာ ဥေရာပမွာပါ ျပန္လည္ ထြန္းေတာက္လာခဲ့တယ္။ မႏွစ္တုန္းကဆိုရင္ ရိန္းဂ်ာဟာ ယူရိုပါလိဂ္မွာ ၁၆ သင္းအဆင့္ထိ ေရာက္လာခဲ့ပါတယ္။

ဒီရာသီမွာေတာ့ ဂ်ရတ္ဦးေဆာင္တဲ့ ရိန္းဂ်ားဟာ ဆဲလ္တစ္ကို အသာရေနျပီး လိဂ္ကို ဦးေဆာင္ထားပါတယ္။ စေကာ္တလန္လိဂ္ကို ဆဲလ္တစ္အသင္း လႊမ္းမိုးလာတာက ဆယ္စုႏွစ္ ရွိေနျပီျဖစ္ျပီး ရိန္းဂ်ားကေတာ့ ဒါဘီျပိဳင္ဘက္ကို ေက်ာ္တက္ဖို႔ တာဆူလာမႈနဲ႔အတူ လာမယ့္ရာသီ ခ်န္ပီယံလိဂ္မွာ ပါဝင္ခြင့္အတြက္ပါ လမ္းစရလာခဲ့ျပီျဖစ္ပါတယ္။