Month

August 2021

ဒီနွေမှာ ပေါင် ၅ သန်းတန် ကမ်းလှမ်းမှု ရရှိမယ်ဆိုရင် လီဗာပူးက ထွက်ခွာခွင့်ရမယ့် အိုဂျို

လီဗာပူးအသင်းဟာ ကလပ်ရဲ့ လူငယ် ကစားသမား တစ်ဦးဖြစ်တဲ့ အိုဂျိုကို ဒီနွေမှာ ရောင်းထုတ်သွားဖို့ ပြင်ဆင်ထားပြီဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီမှာ လီဗာပူးအတွက် ကစားပေးနိုင်ခဲ့ပြီးနောက်ပိုင်း ပွဲကစားခွင့် လုံးဝ မရထားတဲ့ အိုဂျိုဟာ အသက် ၂၄ နှစ်အရွယ် ရောက်နေခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးအတွက် စုစုပေါင်း ၁၃ ပွဲ ကစားပေးထားနိုင်တဲ့ သူဟာ ဒီကာလတွေအတွင်း မတူညီတဲ့ ကလပ် ၄ သင်းထံ အငှားထွက်ကစားထားခဲ့ပြီဖြစ်တယ်။ လီဗာပူးသတင်းထောက် Neil Jones က အသင်းဟာ ဒီနွေမှာတင်… Continue Reading →

လီဗာပူးက ဆောကို ချိတ်ဆက်ခဲ့ပေမယ့် မြင့်မားတဲ့ တောင်းဆိုမှုကြောင့် နောက်ဆုတ်ခဲ့ခြင်းဖြစ်တယ်

လီဗာပူးအသင်းက အက်သလက်တီကို ကွင်းလယ်လူ ဆော နီဂွက်ဇ်အတွက် ဒီနွေအပြောင်းအရွှေ့မှာ စကားပြောမှု လုပ်ခဲ့သေးတဲ့ ကိစ္စဟာ မှန်ကန်ကြောင်း The Times က အတည်ခဲ့ပါပြီ။ အက်သလက်တီကိုဟာ ဒီနွေမှာ အူဒီးနီးကွင်းလယ်လူ ရိုဒီဂိုဒီပေါလ်အား ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူခဲ့တဲ့နောက် ဆောအတွက် ကမ်းလှမ်းမှုတွေကို နားထောင်ပေးမယ်လို့ လမ်းဖွင့်ခဲ့တာဖြစ်တယ်။ စပိန်ချန်ပီယံတွေက သူတို့အသင်းရဲ့ လုပ်ခပိုင်းကို လျော့ချနိုင်ရေးအတွက် ဆောကို ရောင်းထုတ်လိုခဲ့တာဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဆောဟာ အက်သလက်တီကိုမှ ၂၀၂၆ ခုနှစ်ထိ… Continue Reading →

လီဗာပူး ချိတ်ဆက်နေသူက ဆမ့်ဒိုးရီးယားမှ ဒမ်းစဂုတ်ဖြစ်နိုင်ကြောင်း သတင်းတွေ ကျယ်ပြန့်လာ

လီဗာပူးအသင်းဟာ ကွင်းလယ်လူ ရှာကွီရီကို ရောင်းထုတ်ပြီးတဲ့နောက် ကစားသမားသစ် ခေါ်ယူရေး လှုပ်ရှားနေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီဖြစ်ပါတယ်။ ဒီရက်ပိုင်း လီဗာပူးနဲ့ သတင်းကြီးလာသူက ဆမ့်ဒိုးရီးယားမှ ဒိန်းမတ် တောင်ပံသမား ဒမ်းစဂုတ်ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ်ပဲ ရှိသေးတဲ့ ဒမ်းစဂုတ်ဟာ ဆမ့်ဒိုးရီးယားရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် နေရာရလာပြီး ပိတ်ရက်တုန်းက အေစီမီလန်နဲ့ပွဲမှာ ပွဲထွက်ခဲ့ကာ အဆိုပါပွဲကို လီဗာပူးကင်းထောက်တွေ တက်ရောက် ကြည့်ရှုသွားခဲ့ပါတယ်။ မနှစ်ကရာသီ ဆမ့်ဒိုးရီးယားအတွက် ပြိုင်ပွဲစုံ ၃၇ ပွဲ ကစားနိုင်ခဲ့တဲ့ ဒမ်းစဂုတ်ဟာ ဘယ်တောင်ပံကို… Continue Reading →

ချယ်ဆီးပွဲအတွက် အဆင်သင့်ပါပဲ ကျနော် မကစားရဘူးပြောတဲ့ ဘယ်သူနဲ့မဆို မပေါင်းပါဘူးဆိုတဲ့ ရိုဘို

ဘယ်အစွန်လူ ရိုဘိုက သူဟာ ကြံ့ခိုင်မှု ပြည့်ဝနေပြီး စနေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ချယ်ဆီးနဲ့ပွဲကို ပြန်လည်ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ခံစားနေရကြောင်း အသင်းဝဘ်ဆိုဒ်ကနေ ဖွင့်ဟလာပါတယ်။ ဘယ်အစွန်လူဟာ ခြေကျင်းဝတ် အရွတ်ဒဏ်ရာကြောင့် လီဗာပူးရဲ့ ပရီးမီးယားလိဂ် ရာသီအစ ၂ ပွဲလုံးကို လွဲချော်ခဲ့တာဖြစ်ပေမယ့် ဘန်လေကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာတော့ အရန်လူအနေနဲ့ အသင်းလူစာရင်းမှာ ပြန်လည် ပါဝင်ခဲ့ပါတယ်။ တတိယမြောက်ပွဲအဖြစ် အန်ဖီးမှာ တူချယ်ရဲ့ အသင်းနဲ့ တွေ့ရမယ့် ပွဲအတွင်း ပါဝင်ကစားပေးနိုင်ဖို့ ရိုဘိုက မျှော်လင့်နေတယ်။ အသင်းနဲ့… Continue Reading →

အမ်ဘတ်ပီ အပြောင်းအရွှေ့ ငြင်းဆန်ခြင်းနဲ့ အေးဂျင့်တွေကို ဖုန်းဆက် ဆက်သွယ်နေတဲ့ လီဗာပူး

ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ဈေးကွက်ထဲမှာ ရှိနေဆဲဖြစ်ကာ ကစားသမားအချို့ရဲ့ အေးဂျင့်တွေနဲ့ ဆက်သွယ် စကားပြောမှုတွေ လုပ်နေဆဲလို့ သတင်းထောက် Fabrizio Romano က ဆိုပါတယ်။ ဒီနွေမှာ ရှာကွီရီ၊ အိုရီဂီတို့ကို ရောင်းထုတ်ခဲ့ရင် ကစားသမားသစ် ခေါ်ယူမယ်လို့ လီဗာပူးသတင်းထောက်တွေက ဖော်ပြထားခဲ့ပြီးပါပြီ။ လက်ရှိချိန်ထိ အိုရီဂီ ကျန်ရှိနေသေးပေမယ့် အပြောင်းအရွှေ့ နောက်ဆုံးရက် မတိုင်ခင်မှာ ဘာမဆို ဖြစ်လာနိုင်သေးပြီး ကလပ်ကတော့ ကစားသမားကောင်း အချို့ကို ရှာဖွေ စုံစမ်းမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ Fabrizio Romano က သူ့ရဲ့… Continue Reading →

လီဗာပူးနဲ့ ယာဂင်က လူကာကူကို ဘယ်လို ပုံစံဖြင့် ထိန်းချုပ်မလဲကို ကာရေဂါ ခန့်မှန်း သုံးသပ်

ပရီးမီးယားလိဂ် တစ်ကျော့ပြန်ခရီးအဖြစ် အပြာရောင်ဂျာစီကို ပထမဆုံး ဝတ်ဆင်ရတဲ့ပွဲမှာ ချယ်ဆီးတိုက်စစ်မှူး လူကာကူဟာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ ဒီအပတ်မှာတော့ အန်ဖီးကွင်းမှာ လီဗာပူးနဲ့ ချယ်ဆီးတို့ ထိပ်တိုက် တွေ့ကြဖို့ ရှိနေပြီး လီဗာပူးကစားသမားဟောင်းကြီး ကာရေဂါက ယာဂင်ကလော့ပ်ဟာ ဘယ်ဂျီယံတိုက်စစ်မှူးကို ဟန့်တားဖို့ ယုံကြည်ချက်ရှိနေမယ်လို့ ဆိုပါတယ်။ ကာရေဂါကတော့ ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ်မှာ လူကာကူကို ရပ်တန့်နိုင်မယ့် ခံစစ်မှူးလို့ မြင်ထားပါတယ်။ အာဆင်နယ်နဲ့ပွဲမှာ ဂန်းနားတို့ အလဲလဲအပြိုပြို ဖြစ်ခဲ့ခြင်းဟာ ခံစစ်မှူး မာရီရဲ့ အသင်းဖော်တွေနဲ့ တစ်လိုင်းတည်း မကစားနိုင်ဘဲ လူကာကူကို… Continue Reading →

စီ ရော်နယ်ဒို၊ ဒန်နီ အဲလ်ဗက်စ်တို့နဲ့ တစ်တန်းတည်း စွမ်းဆောင်ပြထားတဲ့ ထရန့်

လီဗာပူးအသင်းဟာ ညာစွန် ခံစစ်မှာ ထူးချွန်တဲ့ ပါရမီတွေ ရှိနေတဲ့ ထရန့် အလက်ဇန်းဒါးလို ကစားသမားကို ပိုင်ဆိုင်ထားတာပါ။ သူ့ကို ခံစစ်သမား လို့ ခေါ်ရတာကတောင် ကွင်းထဲမှာ သူ လုပ်ဆောင်နေတဲ့ တာဝန်တွေနဲ့ ဆိုရင် မမျှတရာ ကျနေသေးတယ် ဆိုနိုင်ပါတယ်။ ထရန့်ရဲ့ အရည်အသွေးတွေကို သံသယတွေ ထားနေဆဲ့သူတွေ ကတော့ ရှိနေဆဲပါ။ ဒါပေမယ့် လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကတော့ သူ့ အသင်းသားပေါ်မှာ သံသယ စိုးစဉ်းမှ မရှိဘဲ ယုံကြည် အားထားမှု ပြသနေပါတယ်။ ထရန့်ရဲ့… Continue Reading →

BBC ရဲ့ ပွဲစဉ် (၂) အတွက် Team of the week မှာ ပါဝင်ခဲ့ကြတဲ့ လီဗာပူးအသင်းသား နှစ်ဦး

ဒီအပတ်အတွက် Garth Crooks ရွေးချယ်တဲ့ BBC ရဲ့ Team of the week မှာ လီဗာပူးအသင်းသားတွေဖြစ်တဲ့ ထရန့်နဲ့ ဟန်ဒါဆန်တို့ ပါဝင်ခဲ့ပါတယ်။ ဒီအပတ်မှာတော့ Garth Crooks က ၄-၄-၂ ပုံစံ ကစားကွက်မှာ သူ့အတွက် အကောင်းဆုံး ကစားသမားတွေကို ရွေးချယ်ခဲ့ခြင်းဖြစ်တယ်။ ဒီရွေးချယ်မှုဟာ မနက်က ယှဉ်ပြိုင်ကစားတဲ့ ဝက်ဟမ်းနဲ့ လက်စတာအသင်း မတိုင်ခင် ရွေးချယ်သွားမှုဖြစ်ပါတယ်။ သူ့ရဲ့ ရွေးချယ်မှုနဲ့ သုံးသပ်ချက်ကို ပူးတွဲဖော်ပြပါတယ်။ ညာအစွန်လူ – ထရန့်… Continue Reading →

လီဗာပူးကို ပြိုင်ဘက်အဖြစ် ရင်မဆိုင်ချင်လို့ အင်္ဂလန်ကလပ်ထံ ပြောင်းမှာ မဟုတ်တဲ့ ကော်တင်ညို

ပရီးမီးယားလိဂ်ကလပ် တစ်သင်းထံ ကော်တင်ညို ပြန်လာမယ်ဆိုတဲ့ သတင်းတွေက ဖြစ်လာဖို့ ခက်ခဲတယ်လို့ သူ့ရဲ့ အေးဂျင့်က စပိန်သတင်းဌာနတွေနဲ့ အင်တာဗျူးမှာ ထုတ်ပြောခဲ့ပါတယ်။ ဘာစီလိုနာနဲ့ အာဆင်နယ်တို့ဟာ ကော်တင်ညို၊ အူဘာမီယန်း အလဲအထပ်ဖြင့် အပြောင်းအရွှေ့ ဖြစ်လာဖို့ ကြိုးစားနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ထားတယ်။ ပုဂ္ဂိုလ်ရေးအမြင်အရ ကော်တင်ညိုဟာ လီဗာပူးရဲ့ အင်္ဂလန်ပြိုင်ဘက်တစ်သင်းထံ ပြောင်းဖို့ဆိုတာ ခက်ခဲမယ်လို့ သူ့ရဲ့ အေးဂျင့်က ဆိုပါတယ်။ အေးဂျင့် Kia Joorabchian က ‘ ကော်တင်ညိုရဲ့ နှလုံးသားထဲမှာ လီဗာပူးက နက်နက်ရှိုင်းရှိုင်းရှိနေဆဲဖြစ်ပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!