Month

August 2021

လီဗာပူး V ချယ်ဆီး ပရီးမီးယားလိဂ် ပွဲစဉ် (၃) အတွက် လော်ရိုး၏ ပွဲကြို သုံးသပ်နှင့် ရလဒ်ခန့်မှန်း

ဒီအပတ် စနေနေ့မှာတော့ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၃ အဖြစ် ချယ်ဆီးအသင်းကို အိမ်ကွင်း အန်ဖီးမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွင်း လီဗာပူးအသင်းရဲ့ ကြီး ၆ ကြီး ပြိုင်ဘက်တွေထဲက တစ်သင်းဖြင့် ပထမဆုံး အကြိမ ထိပ်တိုက်တွေ့မှုဖြစ်တယ်။ ၆ မှတ်တန်ပွဲလို့ ဆိုကြတဲ့ ဒီပွဲမှာတော့ နှစ်သင်းလုံးက အမှားခံမှာ မဟုတ်ဘဲ ရာသီသစ်ကို အကောင်းဆုံး ပုံစံဖြင့် တာထွက်နိုင်ဖို့ ရလဒ်ကောင်းတစ်ခု ရရှိရေး ဦးတည် ယှဉ်ပြိုင်လာမှာပါ။ အဆိုပါ ပွဲစဉ်အတွက် ဘီဘီစီမှ… Continue Reading →

ချန်ပီယံလိဂ် ပြိုင်ဘက် အသင်းတွေကို သိရပြီးနောက် ထွက်ပေါ်လာတဲ့ ခံစားချက်ကို ယာဂင် ဖွင့်ဟ

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ချန်ပီယံလိဂ် အုပ်စုတွင်းမှာ အက်သလက်တီကို၊ ပေါ်တို၊ အေစီမီလန်တို့နဲ့ တစ်အုပ်စုတည်း ကျနေတဲ့အပေါ် မှတ်ချက်ပေးမှု လုပ်လာခဲ့ပါတယ်။ ကလော့ပ်က ” ရိုးရိုးသားသား ပြောရမယ်ဆိုရင် အကျယ်ကြီး အော်ရယ်မိခဲ့တာပဲ။ ခက်ခဲတဲ့ အုပ်စုဖြစ်တယ်ဆိုတာလည်း မှန်ပါတယ်။ ဒါက ချန်ပီယံလိဂ်ပဲလေ။ ခက်ခဲတာက ပုံမှန်ပါပဲ။ ကျနေ်ာတို့က ချန်ပီယံလိဂ်မှာ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေနဲ့ ယှဉ်ပြိုင်ရဖို့လိုပြီး အဲ့ထဲက အချို့က ကျနေ်ာတို့ အုပ်စုတည်းမှာ ရှိနေပါတယ်။ ကျနေ်ာတို့ ကစားခဲ့တယ်ဆိုပေမယ့် သေချာ မသိနိုင်သေးပါဘူး။ ပေါ်တိုနဲ့… Continue Reading →

ယာဂင်ကိုယ်တိုင် စည်းရုံးမှုဖြင့် နယူးကာဆယ် လူငယ်လေး ဘော်ဘီ ကလပ်ကို လီဗာပူး ခေါ်ယူ

လီဗာပူးအသင်းဟာ နယူးကာဆယ် အကယ်ဒမီမှ လူငယ်ကြယ်ပွင့်လေး ဘော်ဘီ ကလက်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးက ကလက်အတွက် ပမာဏကြီး ပေးရမှာ မဟုတ်ဘဲ နယူးကာဆယ်အသင်းကို သက်သာတဲ့ အကယ်ဒမီလျော်ကြေးပဲ ပေးရမယ်လို့လည်း သိရတယ်။ ဘော်ဘီကလက်ဟာ နယူးကာဆယ်ရဲ့ အတောက်ပဆုံး အကယ်ဒမီ အသင်းသားတွေထဲက တစ်ဦးဖြစ်ကာ ဂိုးသွင်းကောင်းတဲ့ ကွင်းလယ်လူလည်း ဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ လီဗာပူးက မန်စီးတီး၊ စပါး၊ ဘိုင်ယန် အသင်းတွေနဲ့အပြိုင် ကြိုးစားခဲ့ရတာဖြစ်တယ်။ ဘော်ဘီကလက်ဟာ နယူးကာဆယ် ဂန္တဝင်ကြီး လီကလက်ရဲ့ သားလည်းဖြစ်ပြီး သူတို့ကြား… Continue Reading →

ချယ်ဆီးက ပရီးမီးယားလိဂ်ဖလား ရေပန်းစားအသင်းပါလို့ ချီးကျူးပြီး ဒီရာသီအတွက် လီဗာပူးရဲ့ ရည်မှန်းချက်ကို ဖွင့်ဟတဲ့ အယ်လီဆန်

လီဗာပူးဂိုးသမား အယ်လီဆန်က ဒီအပတ် စနေနေ့မှာ ယှဉ်ပြိုင်ရမယ့် ချယ်ဆီးအသင်းနဲ့ပွဲ အကြိုမှာ ချယ်ဆီးဟာ အမှတ်ပေးဖလားကို အောင်မြင်ဖို့ ရေပန်းစားအသင်း တစ်သင်းပါလို့ ချီးကျူးလိုက်ပါတယ်။ မနှစ်ကရာသီ အမှတ်ပေးဇယား ထိပ်ဆုံး ၄ သင်းဝင် ကလပ်ထဲက နှစ်သင်းဟာ ဒီအပတ်မှာတင် ထိပ်တိုက်တွေ့ကြမှာဖြစ်တယ်။ လီဗာပူးနဲ့ ချယ်ဆီးအသင်းတို့ဟာ အမှတ်ပေးပွဲစဉ် ထိပ်ဆုံး ၂ ပွဲကို အနိုင်ရထားကြကာ ရမှတ် ၆ မှတ်တွေဖြင့် ရာနှုန်းပြည့် နိုင်ပွဲဆက်မှုတွေကို ပိုင်ဆိုင်ထားတာဖြစ်တယ်။ အယ်လီဆန်က ချယ်ဆီးအသင်းကို လေးစားစွာပဲ ” ချယ်ဆီးအသင်းက… Continue Reading →

နိုင်ငံတကာ သီတင်းပတ်အတွက် သတင်းကောင်းတွေ ဆက်တိုက်ရနေတဲ့ လီဗာပူးအသင်း

လီဗာပူးအသင်းဟာ လာမယ့် နိုင်ငံတကာသီတင်းပတ်အတွက် သတင်းကောင်းတစ်ခု ထပ်ရခဲ့ပြီဖြစ်ကာ ကွင်းလယ်လူ သီယာဂိုဟာ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းသွားမှာ မဟုတ်ပါဘူး။ ဆွီဒင်၊ ကိုဆိုဗို၊ ဂျော်ဂျီယာတို့ဖြင့် ယှဉ်ပြိုင်ကစားမယ့် စပိန်အသင်း လူစာရင်း ထုတ်ပြန်လာရာမှာ သီယာဂိုကို ချန်လှပ်ခဲ့တာဖြစ်တယ်။ ယူရို ၂၀၂၀ ကို အသေးစား ဒဏ်ရာကြောင့် အရန်လူအဖြစ်လောက်ပဲ ကျေနပ်ခဲ့ရတဲ့ သီယာဂိုဟာ ပြိုင်ပွဲ ၆ ပွဲမှာမှ ပွဲကစားချိန် ၆၄ မိနစ်ပဲ ရခဲ့တာဖြစ်တယ်။ သူဟာ လီဗာပူးကို ပြန်လာပြီးတဲ့နောက် ဘန်လေနဲ့ပွဲမှာ လူစားဝင် ကစားသမားအဖြစ်… Continue Reading →

လိဂ်ရဲ့ အကောင်းဆုံး ဘယ်အစွန်လူကို ယှဉ်ပြိုင်ဖို့ မှန်ကန်တဲ့ နည်းလမ်းတွေဖြင့် ကိုစတက်ကို ပဲ့ကိုင်ပေးနေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ မနှစ်က ဗဟိုခံစစ် ပြဿနာတွေကြောင့် ခံစစ်ပိုင်း တည်ငြိမ်အောင် အတော်လေး ကြိုးစားခဲ့ရတဲ့ အကျိုးဆက်အားဖြင့် ဘယ်အစွန်နေရာ တည်ငြိမ်ရေး ရည်ရွယ်ပြီး ရောဘတ်ဆန်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲ ၃၈ ပွဲမှာ ၃၄ မိနစ်ပဲ အနားပေးခဲ့ပါတယ်။ လီဗာပူးဟာ မနှစ်က နွေရာသီမှာ ရော်ဘတ်ဆန်နေရာ အရန်အဖြစ် အိုလံပီယာကော့စ်ကနေ ဘယ်အစွန်လူ ကိုစတက်ကို ပေါင် ၁၁.၇၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ရောဘတ်ဆန်က လိဂ်မှာ ၃၈ ပွဲလုံးကို ပွဲထွက်လူစာရင်းက ပါဝင်ခွင့်ရခဲ့ကာ ကိုစတက်က ၆… Continue Reading →

လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲမှုနဲ့ မတိုင်ခင် အပြီးသတ် ပြိုင်ဘက်များ

ဒီကနေ့ သြဂုတ်လ ၂၆ ရက် မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီမှာတော့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ ချန်ပီယံလိဂ် မဲခွဲပွဲ ပြုလုပ်မှာဖြစ်ပါတယ်။ လီဗာပူးအသင်းက Pot 2 မှာ ပါဝင်နေခြင်းဖြစ်ကာ ဒီမနက်မှာတော့ Pot အားလုံးအတွက် အတည်ပြုစာရင်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်တယ်။ ဒီနှစ်မှာတော့ မတူညီတဲ့ လိဂ်ပြိုင်ပွဲ ၁၅ ခုမှ ကလပ် ၃၂ သင်းဟာ အုပ်စုအဆင့်ကို တက်ရောက်လာခြင်းဖြစ်ပါတယ်။ ချန်ပီယံလိဂ် အုပ်စုတွင်း ပထမဆုံး ပွဲစဉ်ကို စက်တင်ဘာလ တတိယအပတ်လောက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်တယ်။… Continue Reading →

လီဗာပူးရဲ့ အရန်အင်အားကို စမ်းသပ်တော့မယ့် ကာရာဘောင်း တတိယအဆင့် ပြိုင်ပွဲ

လီဗာပူးအသင်းဟာ ကာရာဘောင်း ပြိုင်ပွဲကို တတိယအဆင့်ကနေ စတင် ပါဝင်သွားတော့မှာဖြစ်ပြီး ဒီတစ်ကြိမ်ကတော့ ကလပ်ရဲ့ အင်အားကို စတင် စိန်ခေါ်ခြင်းဖြစ်လာပါတော့မယ်။ ကာရာဘောင်းဖလားဟာ အဆင့် ၅ ဆင့်၊ ပြိုင်ပွဲ ၅ ပွဲတည်းနဲ့ ဗိုလ်လုပွဲထိ တက်ရောက်နိုင်တဲ့ ဆုဖလားပြိုင်ပွဲဖြစ်တယ်။ ဒါပေမယ့်လို့ လီဗာပူးအသင်းဟာ အဆိုပါ ပြိုင်ပွဲမှာ အဓိက ကစားသမား ထုတ်သုံးခြင်း အင်မတန် နည်းပါးခဲ့ပြီး ယာဂင်ကလော့ပ် လက်ထက်မှာ ကာရာဘောင်းဟာ ခြေစမ်းပွဲအဆင့်ထက်တောင် မပိုခဲ့ပါဘူး။ ယာဂင်ကလော့ပ်ရဲ့ ကာရာဘောင်းသမိုင်းမှာ အကြီးမားဆုံး လိုက်လျောမှုက ဗန်ဒိုက်နဲ့… Continue Reading →

လီဗာပူးဘက်က အိုရီဂီ၊ မီနာမီနို၊ ချိန်ဘာလိန်၊ ကိတ်တာတို့ကို ရောင်းထုတ်ဖို့ လမ်းဖွင့်ပေးထားတယ်

လီဗာပူးအသင်းဟာ ဒီနွေအပြောင်းအရွှေ့မှာ စီနီယာအသင်းသား အများအပြားကို ရောင်းထုတ်ဖို့ လမ်းဖွင့်ထားပေးခဲ့ပေမယ့် အခုချိန်ထိတော့ ကလပ် သဘောတွေ့စရာ ကမ်းလှမ်းမှု မရသူတွေ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ ESPN သတင်းဌာနက ဖော်ပြခဲ့မှုမှာ ဒီနွေမှာ လီဗာပူးက ကိုနတေးကို ခေါ်ယူထားခဲ့ကာ ဝိုက်နယ်ဒမ်၊ ရှာကွီရီ၊ ဝဲလ်ဆန်၊ ဂရုဂျစ်တို့ အပါအဝင် ကစားသမား ၇ ဦးလောက်ကို ရောင်းထုတ်ထားခဲ့ပြီဖြစ်တယ်။ ဒါပေမယ့်လို့ ဒီကစားသမားတွေကပဲ လီဗာပူးရဲ့ နွေဈေးကွက် အစီအစဉ် အကုန် မဟုတ်သေးဘူးလို့ ဆိုပါတယ်။ လီဗာပူးရဲ့ ပထမဦးစားပေးက အသင်းမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!