လီဗာပူးအသင်းဟာ ကာရာဘောင်း ပြိုင်ပွဲကို တတိယအဆင့်ကနေ စတင် ပါဝင်သွားတော့မှာဖြစ်ပြီး ဒီတစ်ကြိမ်ကတော့ ကလပ်ရဲ့ အင်အားကို စတင် စိန်ခေါ်ခြင်းဖြစ်လာပါတော့မယ်။

ကာရာဘောင်းဖလားဟာ အဆင့် ၅ ဆင့်၊ ပြိုင်ပွဲ ၅ ပွဲတည်းနဲ့ ဗိုလ်လုပွဲထိ တက်ရောက်နိုင်တဲ့ ဆုဖလားပြိုင်ပွဲဖြစ်တယ်။ ဒါပေမယ့်လို့ လီဗာပူးအသင်းဟာ အဆိုပါ ပြိုင်ပွဲမှာ အဓိက ကစားသမား ထုတ်သုံးခြင်း အင်မတန် နည်းပါးခဲ့ပြီး ယာဂင်ကလော့ပ် လက်ထက်မှာ ကာရာဘောင်းဟာ ခြေစမ်းပွဲအဆင့်ထက်တောင် မပိုခဲ့ပါဘူး။

ယာဂင်ကလော့ပ်ရဲ့ ကာရာဘောင်းသမိုင်းမှာ အကြီးမားဆုံး လိုက်လျောမှုက ဗန်ဒိုက်နဲ့ ဆာလာတို့ နှစ်ဦးကို ပူးတွဲပြီး ပွဲထွက်လူစာရင်းထဲကနေ ပါဝင်ယှဉ်ပြိုင်စေခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲစဉ်ပဲဖြစ်ပါတယ်။ ဒါပေမယ့်လို့ မနှစ်တုန်းကလည်း ဒဏ်ရာပြဿနာတွေ ကြီးမားနေမှုကြောင့် ကာရာဘောင်းဟာ လီဗာပူးရဲ့ ဦးစားပေး ပြိုင်ပွဲတစ်ရပ် မဟုတ်ခဲ့ပြန်တာဖြစ်ပါတယ်။

တကယ်တမ်းမှာတော့ ကာရာဘောင်း ပြိုင်ပွဲတစ်လျှောက် အအောင်မြင်ဆုံး အသင်းဟာ အခုချိန်ထိ လီဗာပူးအသင်းဖြစ်နေဆဲပါ။ ဆုဖလား ၈ ကြိမ် အနိုင်ရမှုချင်းမှာ မန်စီးတီးနဲ့ တူညီခဲ့ပြီး လီဗာပူးက ဒုတိယနေရာကနေ ၄ ကြိမ် ရပ်တည်ခဲ့ဖူးပါတယ်။ အဆိုပါဖလားကို လီဗာပူး နောက်ဆုံး ကိုင်မြောက်ထားတာက ၂၀၁၂ ခုနှစ်ကဖြစ်ပြီး ဟန်ဒါဆန် ပါဝင်ခဲ့ပါတယ်။

ဒီရာသီမှာတော့ အတ်ဒရီယန်ကို ကျော်ပြီး လီဗာပူးရဲ့ ဒုတိယ ဦးစားပေး ဂိုးသမားဖြစ်လာတဲ့ ကလယ်ဟာဟာ ဖလားပွဲတွေမှာ အဓိက ပွဲထွက်သူ ဖြစ်လာဖို့ ရှိနေတယ်။ ညာအစွန်မှာ နီကိုးအတွက် ပွဲကစားခွင့် စီမံပေးဖို့အပြင် ဘယ်ခြမ်းမှာ ကိုစတက်၊ အိုဝင်ဘက်တို့လို ကစားသမားတွေ ရှိနေတာဖြစ်တယ်။ ဗဟိုခံစစ်မှူးနေရာတွေအတွက် ဂိုးမက်စ်၊ ကိုနတေး၊ နက်ဖီးလစ်၊ ရိုင်းတို့ ရှိနေပါတယ်။

ကွင်းလယ်မှာဆိုရင်လည်း ဝါရင့် ကွင်းလယ်လူ မီလ်နာအပြင် ကာတစ်ဂျုံး၊ အယ်လီးယော့၊ ချိန်ဘာလိန်၊ ကိတ်တာတို့အတွက် ကစားခွင့်တွေ ဖန်တီးပေးရမှာဖြစ်တယ်။ တိုက်စစ်အတွက် မီနာမီနို၊ အိုရီဂီ၊ ဂေါ်ဒန်တို့ ရှိနေသေးတာဖြစ်တယ်။

လီဗာပူးရဲ့ အရန်လူစာရင်းဟာ စီနီယာပွဲထွက်ခွင့်ကို ယှဉ်ပြိင်ဖို့အတွက် သူတို့ရဲ့ လုပ်နိုင်စွမ်းတွေ ပြသဖို့ လိုအပ်မှာဖြစ်ကာ ကာရာဘောင်းပွဲစဉ်ဟာ အရေးပါလာမယ်လို့ ယူဆရတာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကာရာဘောင်း တတိယအဆင့်မှာတော့ ပရီးမီးယားလိဂ်ကလပ် နော့ဝစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပွဲစဉ်ကိုတော့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားပါမယ်။

ZAWGYI

လီဗာပူးအသင္းဟာ ကာရာေဘာင္း ျပိဳင္ပြဲကို တတိယအဆင့္ကေန စတင္ ပါဝင္သြားေတာ့မွာျဖစ္ျပီး ဒီတစ္ၾကိမ္ကေတာ့ ကလပ္ရဲ႕ အင္အားကို စတင္ စိန္ေခၚျခင္းျဖစ္လာပါေတာ့မယ္။

ကာရာေဘာင္းဖလားဟာ အဆင့္ ၅ ဆင့္၊ ျပိဳင္ပြဲ ၅ ပြဲတည္းနဲ႔ ဗိုလ္လုပြဲထိ တက္ေရာက္ႏုိင္တဲ့ ဆုဖလားျပိဳင္ပြဲျဖစ္တယ္။ ဒါေပမယ့္လို႔ လီဗာပူးအသင္းဟာ အဆိုပါ ျပိဳင္ပြဲမွာ အဓိက ကစားသမား ထုတ္သံုးျခင္း အင္မတန္ နည္းပါးခဲ့ျပီး ယာဂင္ကေလာ့ပ္ လက္ထက္မွာ ကာရာေဘာင္းဟာ ေျခစမ္းပြဲအဆင့္ထက္ေတာင္ မပိုခဲ့ပါဘူး။

ယာဂင္ကေလာ့ပ္ရဲ႕ ကာရာေဘာင္းသမိုင္းမွာ အၾကီးမားဆံုး လိုက္ေလ်ာမႈက ဗန္ဒိုက္နဲ႔ ဆာလာတို႔ ႏွစ္ဦးကို ပူးတြဲျပီး ပြဲထြက္လူစာရင္းထဲကေန ပါဝင္ယွဥ္ျပိဳင္ေစခဲ့တဲ့ အာဆင္နယ္နဲ႔ ပြဲစဥ္ပဲျဖစ္ပါတယ္။ ဒါေပမယ့္လို႔ မႏွစ္တုန္းကလည္း ဒဏ္ရာျပႆနာေတြ ၾကီးမားေနမႈေၾကာင့္ ကာရာေဘာင္းဟာ လီဗာပူးရဲ႕ ဦးစားေပး ျပိဳင္ပြဲတစ္ရပ္ မဟုတ္ခဲ့ျပန္တာျဖစ္ပါတယ္။

တကယ္တမ္းမွာေတာ့ ကာရာေဘာင္း ျပိဳင္ပြဲတစ္ေလွ်ာက္ အေအာင္ျမင္ဆံုး အသင္းဟာ အခုခ်ိန္ထိ လီဗာပူးအသင္းျဖစ္ေနဆဲပါ။ ဆုဖလား ၈ ၾကိမ္ အႏုိင္ရမႈခ်င္းမွာ မန္စီးတီးနဲ႔ တူညီခဲ့ျပီး လီဗာပူးက ဒုတိယေနရာကေန ၄ ၾကိမ္ ရပ္တည္ခဲ့ဖူးပါတယ္။ အဆိုပါဖလားကို လီဗာပူး ေနာက္ဆံုး ကိုင္ေျမာက္ထားတာက ၂၀၁၂ ခုႏွစ္ကျဖစ္ျပီး ဟန္ဒါဆန္ ပါဝင္ခဲ့ပါတယ္။

ဒီရာသီမွာေတာ့ အတ္ဒရီယန္ကို ေက်ာ္ျပီး လီဗာပူးရဲ႕ ဒုတိယ ဦးစားေပး ဂိုးသမားျဖစ္လာတဲ့ ကလယ္ဟာဟာ ဖလားပြဲေတြမွာ အဓိက ပြဲထြက္သူ ျဖစ္လာဖို႔ ရွိေနတယ္။ ညာအစြန္မွာ နီကိုးအတြက္ ပြဲကစားခြင့္ စီမံေပးဖို႔အျပင္ ဘယ္ျခမ္းမွာ ကိုစတက္၊ အိုဝင္ဘက္တို႔လို ကစားသမားေတြ ရွိေနတာျဖစ္တယ္။ ဗဟိုခံစစ္မွဴးေနရာေတြအတြက္ ဂိုးမက္စ္၊ ကိုနေတး၊ နက္ဖီးလစ္၊ ရိုင္းတို႔ ရွိေနပါတယ္။

ကြင္းလယ္မွာဆိုရင္လည္း ဝါရင့္ ကြင္းလယ္လူ မီလ္နာအျပင္ ကာတစ္ဂ်ံဳး၊ အယ္လီးေယာ့၊ ခ်ိန္ဘာလိန္၊ ကိတ္တာတို႔အတြက္ ကစားခြင့္ေတြ ဖန္တီးေပးရမွာျဖစ္တယ္။ တိုက္စစ္အတြက္ မီနာမီႏို၊ အိုရီဂီ၊ ေဂၚဒန္တို႔ ရွိေနေသးတာျဖစ္တယ္။

လီဗာပူးရဲ႕ အရန္လူစာရင္းဟာ စီနီယာပြဲထြက္ခြင့္ကို ယွဥ္ျပိင္ဖို႔အတြက္ သူတို႔ရဲ႕ လုပ္ႏုိင္စြမ္းေတြ ျပသဖို႔ လိုအပ္မွာျဖစ္ကာ ကာရာေဘာင္းပြဲစဥ္ဟာ အေရးပါလာမယ္လို႔ ယူဆရတာျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ကာရာေဘာင္း တတိယအဆင့္မွာေတာ့ ပရီးမီးယားလိဂ္ကလပ္ ေနာ့ဝစ္အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ ပြဲစဥ္ကိုေတာ့ စက္တင္ဘာလ ၂၀ ရက္ေန႔မွာ ယွဥ္ၿပိဳင္ကစားပါမယ္။