ဒီကနေ့ သြဂုတ်လ ၂၆ ရက် မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီမှာတော့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ ချန်ပီယံလိဂ် မဲခွဲပွဲ ပြုလုပ်မှာဖြစ်ပါတယ်။

လီဗာပူးအသင်းက Pot 2 မှာ ပါဝင်နေခြင်းဖြစ်ကာ ဒီမနက်မှာတော့ Pot အားလုံးအတွက် အတည်ပြုစာရင်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်တယ်။ ဒီနှစ်မှာတော့ မတူညီတဲ့ လိဂ်ပြိုင်ပွဲ ၁၅ ခုမှ ကလပ် ၃၂ သင်းဟာ အုပ်စုအဆင့်ကို တက်ရောက်လာခြင်းဖြစ်ပါတယ်။

ချန်ပီယံလိဂ် အုပ်စုတွင်း ပထမဆုံး ပွဲစဉ်ကို စက်တင်ဘာလ တတိယအပတ်လောက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်တယ်။ အုပ်စုတွင်း ပွဲစဉ်တွေဟာ ဒီဇင်ဘာလ ဒုတိယအပတ်လောက်မှာ အပြီးသတ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးရဲ့ အာဖရိက ကစားသမားတွေဖြစ်တဲ့ ဆာလာ၊ မာနေး၊ ကိတ်တာတို့ဟာ အုပ်စုတွင်း ပွဲစဉ် အားလုံးမှာ ပါဝင်သွားကြမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အုပ်စုအဆင့်မှာတော့ အဓိက ပြိုင်ဘက်အဖြစ် Pot 1 ထဲက ဗီလာရီးရဲလ်၊ အက်သလက်တီကို၊ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်၊ လိုင်လီ၊ စပို့တင်း တို့ထဲက တစ်သင်းနဲ့ တစ်အုပ်စုတည်း ကျမှာဖြစ်တယ်။ Pot 3 မှာတော့ လိုက်ဇစ်၊ အတ္တလန်တာလို အသင်းကောင်းတွေ ရှိနေပြီး Pot 4 မှာတော့ အေစီမီလန်လို ပြိုင်ဘက်ဟောင်း ပါဝင်နေပါတယ်။

ဒီနှစ်ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၂၀၂၂ ခုနှစ် မေလ ၂၈ ရက်နေ့မှာ ရုရှားနိုင်ငံက စိန့်ပီတာဘက် ကွင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

Champions League draw seedings

Pot 1: Chelsea, Villarreal, Atletico Madrid, Manchester City, Bayern Munich, Inter Milan, Lille, Sporting Lisbon.

Pot 2: Real Madrid, Barcelona, Juventus, Manchester United, Paris Saint-Germain, LIVERPOOL, Sevilla, Borussia Dortmund.

Pot 3: Porto, Ajax, Shakhtar Donetsk, RB Leipzig, Salzburg, Benfica, Atalanta, Zenit St Petersburg.

Pot 4: Besiktas, Dinamo Kiev, Bruges, Young Boys, AC Milan, Malmo, Wolfsburg, Sheriff Tiraspol.

ZAWGYI

ဒီကေန႔ ၾသဂုတ္လ ၂၆ ရက္ ျမန္မာစံေတာ္ခ်ိန္ ည ၁၀း၃၀ နာရီမွာေတာ့ တူရကီႏုိင္ငံ အစၥတန္ဘူလ္မွာ ခ်န္ပီယံလိဂ္ မဲခြဲပြဲ ျပဳလုပ္မွာျဖစ္ပါတယ္။

လီဗာပူးအသင္းက Pot 2 မွာ ပါဝင္ေနျခင္းျဖစ္ကာ ဒီမနက္မွာေတာ့ Pot အားလံုးအတြက္ အတည္ျပဳစာရင္းေတြ ထြက္ေပၚလာခဲ့ျပီျဖစ္တယ္။ ဒီႏွစ္မွာေတာ့ မတူညီတဲ့ လိဂ္ျပိဳင္ပြဲ ၁၅ ခုမွ ကလပ္ ၃၂ သင္းဟာ အုပ္စုအဆင့္ကို တက္ေရာက္လာျခင္းျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ အုပ္စုတြင္း ပထမဆံုး ပြဲစဥ္ကို စက္တင္ဘာလ တတိယအပတ္ေလာက္မွာ ယွဥ္ျပိဳင္ကစားမွာျဖစ္တယ္။ အုပ္စုတြင္း ပြဲစဥ္ေတြဟာ ဒီဇင္ဘာလ ဒုတိယအပတ္ေလာက္မွာ အျပီးသတ္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လီဗာပူးရဲ႕ အာဖရိက ကစားသမားေတြျဖစ္တဲ့ ဆာလာ၊ မာေနး၊ ကိတ္တာတို႔ဟာ အုပ္စုတြင္း ပြဲစဥ္ အားလံုးမွာ ပါဝင္သြားၾကမွာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ အုပ္စုအဆင့္မွာေတာ့ အဓိက ျပိဳင္ဘက္အျဖစ္ Pot 1 ထဲက ဗီလာရီးရဲလ္၊ အက္သလက္တီကို၊ ဘိုင္ယန္ျမဴးနစ္၊ အင္တာမီလန္၊ လိုင္လီ၊ စပို႔တင္း တို႔ထဲက တစ္သင္းနဲ႔ တစ္အုပ္စုတည္း က်မွာျဖစ္တယ္။ Pot 3 မွာေတာ့ လိုက္ဇစ္၊ အတၱလန္တာလို အသင္းေကာင္းေတြ ရွိေနျပီး Pot 4 မွာေတာ့ ေအစီမီလန္လို ျပိဳင္ဘက္ေဟာင္း ပါဝင္ေနပါတယ္။

ဒီႏွစ္ရဲ႕ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ၂၀၂၂ ခုႏွစ္ ေမလ ၂၈ ရက္ေန႔မွာ ရုရွားႏုိင္ငံက စိန္႔ပီတာဘက္ ကြင္းမွာ ယွဥ္ျပိဳင္ကစားမွာျဖစ္ပါတယ္။

Champions League draw seedings

Pot 1: Chelsea, Villarreal, Atletico Madrid, Manchester City, Bayern Munich, Inter Milan, Lille, Sporting Lisbon.

Pot 2: Real Madrid, Barcelona, Juventus, Manchester United, Paris Saint-Germain, LIVERPOOL, Sevilla, Borussia Dortmund.

Pot 3: Porto, Ajax, Shakhtar Donetsk, RB Leipzig, Salzburg, Benfica, Atalanta, Zenit St Petersburg.

Pot 4: Besiktas, Dinamo Kiev, Bruges, Young Boys, AC Milan, Malmo, Wolfsburg, Sheriff Tiraspol.