လီဗာပူးအသင်းဟာ ဒီနွေအပြောင်းအရွှေ့မှာ စီနီယာအသင်းသား အများအပြားကို ရောင်းထုတ်ဖို့ လမ်းဖွင့်ထားပေးခဲ့ပေမယ့် အခုချိန်ထိတော့ ကလပ် သဘောတွေ့စရာ ကမ်းလှမ်းမှု မရသူတွေ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ESPN သတင်းဌာနက ဖော်ပြခဲ့မှုမှာ ဒီနွေမှာ လီဗာပူးက ကိုနတေးကို ခေါ်ယူထားခဲ့ကာ ဝိုက်နယ်ဒမ်၊ ရှာကွီရီ၊ ဝဲလ်ဆန်၊ ဂရုဂျစ်တို့ အပါအဝင် ကစားသမား ၇ ဦးလောက်ကို ရောင်းထုတ်ထားခဲ့ပြီဖြစ်တယ်။ ဒါပေမယ့်လို့ ဒီကစားသမားတွေကပဲ လီဗာပူးရဲ့ နွေဈေးကွက် အစီအစဉ် အကုန် မဟုတ်သေးဘူးလို့ ဆိုပါတယ်။

လီဗာပူးရဲ့ ပထမဦးစားပေးက အသင်းမှာ သက်တမ်း အနည်းငယ်ပဲ ကျန်တော့တဲ့ အမာခံ လူစာရင်းကို ထိန်းသိမ်းရေးဖြစ်တယ်။ ဒါကြောင့်လည်း ထရန့်၊ ဖာဘင်ညို၊ အယ်လီဆန်၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်တို့ကို စာချုပ်သစ်တွေ ပေးထားခဲ့တာဖြစ်တယ်။ ထပ်ပြီးလည်း ဆာလာ၊ ဟန်ဒါဆန်၊ မာနေး၊ ဖာမင်နိုတို့အတွက် စာချုပ်သစ်ကိစ္စတွေ စကားပြောနေသေးတာဖြစ်ပါတယ်။

ဝိုက်နယ်ဒမ်ကို လက်လွတ်လိုက်ရခြင်းက ကွင်းလယ်အတွက် ထိခိုက်မှုကြီး ဖြစ်ပေမယ့်လည်း ဖာဘင်ညို၊ ဟန်ဒါဆန်၊ သီယာဂို၊ ကာတစ်ဂျုံးအပြင် ဒီနွေ ရာသီကြိုမှာ တောက်ပလာခဲ့တဲ့ အယ်လီးယော့တို့ကို ဝိုက်နယ်ဒမ် မပါတဲ့ ကွင်းလယ်တွဲဘက်မှုတွေအဖြစ် အသုံးပြုဖို့ လီဗာပူးအသင်းဘက်က အစီအစဉ် ရှိထားခဲ့တယ်။

အပြောင်းအရွှေ့ မပိတ်ခင်ထိ လီဗာပူးရဲ့ အရောင်းစာရင်းမှာတော့ အိုရီဂီ၊ မီနာမီနို၊ ချိန်ဘာလိန်၊ ကိတ်တာနဲ့ နက်ဖီးလစ်တို့ ပါဝင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း နက်ဖီးလစ် တစ်ဦးတည်းကပဲ နောက်ဆုံးရက်မှာ ဆွေးနွေးခံရမယ့် အနေအထားရှိပြီး ကျန် ကစားသမားတွေအတွက် ကလပ်တွေထံက စိတ်ဝင်စားမှုတွေ မရထားပါဘူး။

ကစားသမား ရောင်းထုတ်မှုကိုပဲ ပိုမို အာရုံစိုက်ထားတဲ့ လီဗာပူးဟာ သူတို့ထဲက တစ်ဦးကို ထပ်မံ မရောင်းထုတ်နိုင်သ၍ ဒီနွေမှာ နောက်ထပ် ခေါ်ယူမှုကြီး လုပ်ဖို့ အစီအစဉ် မရှိသလို အဆိုပါ ကစားသမားတွေကို ရာသီသစ်အတွက် အသင်းရဲ့ အစီအစဉ်တွေထဲ ထည့်သွင်းဖို့လည်း အဆင်ပြေပါတယ်။ လက်ရှိ လူစာရင်းနဲ့ပဲ ဘောလုံးရာသီသစ်ကို ဖြတ်သန်းဖို့ရာ တောင့်တင်းမှုရှိတယ်လို့ ကလပ်ဘက်က ယုံကြည်တယ်။

၂၀၂၁ နွေဈေးကွက်မှာ အန်ဖီးကွင်း တစ်ဝိုက် ကစားသမားသစ် လက်မှတ်ထိုးဖို့ ကိစ္စဟာ တိတ်ဆိတ်နိုင်ပြီး အရေးပါတဲ့ သတင်းထူးမျိုးတွေ ထွက်ပေါ်လာခြင်း မရှိသေးဘူးလို့လည်း ဖော်ပြသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီေႏြအေျပာင္းအေရႊ႔မွာ စီနီယာအသင္းသား အမ်ားအျပားကို ေရာင္းထုတ္ဖို႔ လမ္းဖြင့္ထားေပးခဲ့ေပမယ့္ အခုခ်ိန္ထိေတာ့ ကလပ္ သေဘာေတြ႔စရာ ကမ္းလွမ္းမႈ မရသူေတြ က်န္ရွိေနေသးတယ္လို႔ သိရပါတယ္။

ESPN သတင္းဌာနက ေဖာ္ျပခဲ့မႈမွာ ဒီေႏြမွာ လီဗာပူးက ကိုနေတးကို ေခၚယူထားခဲ့ကာ ဝိုက္နယ္ဒမ္၊ ရွာကီြရီ၊ ဝဲလ္ဆန္၊ ဂရုဂ်စ္တို႔ အပါအဝင္ ကစားသမား ၇ ဦးေလာက္ကို ေရာင္းထုတ္ထားခဲ့ျပီျဖစ္တယ္။ ဒါေပမယ့္လို႔ ဒီကစားသမားေတြကပဲ လီဗာပူးရဲ႕ ေႏြေစ်းကြက္ အစီအစဥ္ အကုန္ မဟုတ္ေသးဘူးလို႔ ဆိုပါတယ္။

လီဗာပူးရဲ႕ ပထမဦးစားေပးက အသင္းမွာ သက္တမ္း အနည္းငယ္ပဲ က်န္ေတာ့တဲ့ အမာခံ လူစာရင္းကို ထိန္းသိမ္းေရးျဖစ္တယ္။ ဒါေၾကာင့္လည္း ထရန္႔၊ ဖာဘင္ညိဳ၊ အယ္လီဆန္၊ ဗန္ဒိုက္၊ ေရာ္ဘတ္ဆန္တို႔ကို စာခ်ဳပ္သစ္ေတြ ေပးထားခဲ့တာျဖစ္တယ္။ ထပ္ျပီးလည္း ဆာလာ၊ ဟန္ဒါဆန္၊ မာေနး၊ ဖာမင္ႏိုတို႔အတြက္ စာခ်ဳပ္သစ္ကိစၥေတြ စကားေျပာေနေသးတာျဖစ္ပါတယ္။

ဝိုက္နယ္ဒမ္ကို လက္လြတ္လိုက္ရျခင္းက ကြင္းလယ္အတြက္ ထိခိုက္မႈၾကီး ျဖစ္ေပမယ့္လည္း ဖာဘင္ညိဳ၊ ဟန္ဒါဆန္၊ သီယာဂို၊ ကာတစ္ဂ်ံဳးအျပင္ ဒီေႏြ ရာသီၾကိဳမွာ ေတာက္ပလာခဲ့တဲ့ အယ္လီးေယာ့တို႔ကို ဝိုက္နယ္ဒမ္ မပါတဲ့ ကြင္းလယ္တြဲဘက္မႈေတြအျဖစ္ အသံုးျပဳဖို႔ လီဗာပူးအသင္းဘက္က အစီအစဥ္ ရွိထားခဲ့တယ္။

အေျပာင္းအေရႊ႔ မပိတ္ခင္ထိ လီဗာပူးရဲ႕ အေရာင္းစာရင္းမွာေတာ့ အိုရီဂီ၊ မီနာမီႏို၊ ခ်ိန္ဘာလိန္၊ ကိတ္တာနဲ႔ နက္ဖီးလစ္တို႔ ပါဝင္ေနဆဲျဖစ္တယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း နက္ဖီးလစ္ တစ္ဦးတည္းကပဲ ေနာက္ဆံုးရက္မွာ ေဆြးေႏြးခံရမယ့္ အေနအထားရွိျပီး က်န္ ကစားသမားေတြအတြက္ ကလပ္ေတြထံက စိတ္ဝင္စားမႈေတြ မရထားပါဘူး။

ကစားသမား ေရာင္းထုတ္မႈကိုပဲ ပိုမို အာရံုစိုက္ထားတဲ့ လီဗာပူးဟာ သူတို႔ထဲက တစ္ဦးကို ထပ္မံ မေရာင္းထုတ္ႏုိင္သ၍ ဒီေႏြမွာ ေနာက္ထပ္ ေခၚယူမႈၾကီး လုပ္ဖို႔ အစီအစဥ္ မရွိသလို အဆိုပါ ကစားသမားေတြကို ရာသီသစ္အတြက္ အသင္းရဲ႕ အစီအစဥ္ေတြထဲ ထည့္သြင္းဖို႔လည္း အဆင္ေျပပါတယ္။ လက္ရွိ လူစာရင္းနဲ႔ပဲ ေဘာလံုးရာသီသစ္ကို ျဖတ္သန္းဖို႔ရာ ေတာင့္တင္းမႈရွိတယ္လို႔ ကလပ္ဘက္က ယံုၾကည္တယ္။

၂၀၂၁ ေႏြေစ်းကြက္မွာ အန္ဖီးကြင္း တစ္ဝိုက္ ကစားသမားသစ္ လက္မွတ္ထိုးဖို႔ ကိစၥဟာ တိတ္ဆိတ္ႏုိင္ျပီး အေရးပါတဲ့ သတင္းထူးမ်ိဳးေတြ ထြက္ေပၚလာျခင္း မရွိေသးဘူးလို႔လည္း ေဖာ္ျပသြားခဲ့ပါတယ္။