လီဗာပူးဂိုးသမား အယ်လီဆန်က ဒီအပတ် စနေနေ့မှာ ယှဉ်ပြိုင်ရမယ့် ချယ်ဆီးအသင်းနဲ့ပွဲ အကြိုမှာ ချယ်ဆီးဟာ အမှတ်ပေးဖလားကို အောင်မြင်ဖို့ ရေပန်းစားအသင်း တစ်သင်းပါလို့ ချီးကျူးလိုက်ပါတယ်။

မနှစ်ကရာသီ အမှတ်ပေးဇယား ထိပ်ဆုံး ၄ သင်းဝင် ကလပ်ထဲက နှစ်သင်းဟာ ဒီအပတ်မှာတင် ထိပ်တိုက်တွေ့ကြမှာဖြစ်တယ်။ လီဗာပူးနဲ့ ချယ်ဆီးအသင်းတို့ဟာ အမှတ်ပေးပွဲစဉ် ထိပ်ဆုံး ၂ ပွဲကို အနိုင်ရထားကြကာ ရမှတ် ၆ မှတ်တွေဖြင့် ရာနှုန်းပြည့် နိုင်ပွဲဆက်မှုတွေကို ပိုင်ဆိုင်ထားတာဖြစ်တယ်။

အယ်လီဆန်က ချယ်ဆီးအသင်းကို လေးစားစွာပဲ ” ချယ်ဆီးအသင်းက အမှတ်ပေးဖလားကို အနိုင်ရဖို့အတွက် ရေပန်းစား အသင်းတစ်သင်းလို့ ကျနော် ထင်ပါတယ်။ မနှစ်ကလည်း ချန်ပီယံလိဂ်ဖလား အောင်နိုင်ခြင်းဖြင့် သူတို့ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

ချယ်ဆီးအသင်းက တောင့်တင်းတဲ့အသင်းဆိုတာကို ကျနော် သိထားတယ်။ ဒါပေမယ့်လို့ ကျနော်တို့က ပြိုင်ဘက်အသင်းအပေါ် အရမ်း အာရုံစိုက်နေတာထက် ကိုယ်အလုပ်အပေါ်မှာပဲ အာရုံစိုက်ရမှာဖြစ်ပါတယ်။ ကျနေ်ာတို့မှာ ရှိသမျှ ရာနှုန်းပြည့် ပေးဆပ်ကစားရပါလိမ့်မယ် ” လို့ ဆိုခဲ့တယ်။

အယ်လီဆန်ကပဲ ဒီနွေမှာ ချယ်ဆီးအသင်း လူကာကူကို ခေါ်ယူနိုင်ခဲ့တာက သူတို့ကို ပိုကောင်းတဲ့အသင်း ဖြစ်လာစေမယ်လို့ မှတ်ချက်ပေးပါတယ်။ ချယ်ဆီးပွဲအတွက်တော့ ” ဒီပွဲကို အမြင့်ဆုံး အင်အား၊ ခံယူချက်တွေနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ ဒီ ချဉ်းကပ်မှုကပဲ ပွဲတွေမှာ အနိုင်သုံးမှတ်ရဖို့ ကျနေ်ာတို့ရဲ့ ဦးတည်ချက်ဖြစ်ပါတယ် ” လို့ ဆိုပါတယ်။

လီဗာပူးရဲ့ ဆုဖလား ရည်မှန်းချက်နဲ့ ပတ်သက်လို့ အယ်လီဆန်က ” ကျနေ်ာတို့ အနိုင်ရလိုတယ်ဆိုတာထက် ပိုပါတယ်။ ကျနေ်ာတို့ ကိုယ်ပါဝင်ကစားတဲ့ ပြိုင်ပွဲတိုင်းကို အနိုင်ရချင်ပါတယ်။ ” လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တယ်။

ဘရာဇီးသား ဂိုးသမားကြီးက ဆက်ပြီး ” ချန်ပီယံလိဂ်ကော၊ ပရီးမီးယားလိဂ်ကော၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလား အစရှိတဲ့ ပါဝင်ကစားရတဲ့ ပြိုင်ပွဲတိုင်း အနိုင်ရချင်တယ်။ ကျနေ်ာတို့လို အသင်းအတွက် အဲ့တာကပဲ အသင်းရဲ့ ပစ်မှတ် ဖြစ်လာသင့်ပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဂိုးသမား အယ္လီဆန္က ဒီအပတ္ စေနေန႔မွာ ယွဥ္ျပိဳင္ရမယ့္ ခ်ယ္ဆီးအသင္းနဲ႔ပြဲ အၾကိဳမွာ ခ်ယ္ဆီးဟာ အမွတ္ေပးဖလားကို ေအာင္ျမင္ဖို႔ ေရပန္းစားအသင္း တစ္သင္းပါလို႔ ခ်ီးက်ဴးလိုက္ပါတယ္။

မႏွစ္ကရာသီ အမွတ္ေပးဇယား ထိပ္ဆံုး ၄ သင္းဝင္ ကလပ္ထဲက ႏွစ္သင္းဟာ ဒီအပတ္မွာတင္ ထိပ္တိုက္ေတြ႔ၾကမွာျဖစ္တယ္။ လီဗာပူးနဲ႔ ခ်ယ္ဆီးအသင္းတို႔ဟာ အမွတ္ေပးပြဲစဥ္ ထိပ္ဆံုး ၂ ပြဲကို အႏုိင္ရထားၾကကာ ရမွတ္ ၆ မွတ္ေတြျဖင့္ ရာႏႈန္းျပည့္ ႏုိင္ပြဲဆက္မႈေတြကို ပိုင္ဆိုင္ထားတာျဖစ္တယ္။

အယ္လီဆန္က ခ်ယ္ဆီးအသင္းကို ေလးစားစြာပဲ ” ခ်ယ္ဆီးအသင္းက အမွတ္ေပးဖလားကို အႏုိင္ရဖို႔အတြက္ ေရပန္းစား အသင္းတစ္သင္းလို႔ က်ေနာ္ ထင္ပါတယ္။ မႏွစ္ကလည္း ခ်န္ပီယံလိဂ္ဖလား ေအာင္ႏုိင္ျခင္းျဖင့္ သူတို႔ သက္ေသျပခဲ့ျပီး ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းက ေတာင့္တင္းတဲ့အသင္းဆိုတာကို က်ေနာ္ သိထားတယ္။ ဒါေပမယ့္လို႔ က်ေနာ္တို႔က ျပိဳင္ဘက္အသင္းအေပၚ အရမ္း အာရံုစိုက္ေနတာထက္ ကိုယ္အလုပ္အေပၚမွာပဲ အာရံုစိုက္ရမွာျဖစ္ပါတယ္။ က်ေန္ာတို႔မွာ ရွိသမွ် ရာႏႈန္းျပည့္ ေပးဆပ္ကစားရပါလိမ့္မယ္ ” လို႔ ဆိုခဲ့တယ္။

အယ္လီဆန္ကပဲ ဒီေႏြမွာ ခ်ယ္ဆီးအသင္း လူကာကူကို ေခၚယူႏုိင္ခဲ့တာက သူတို႔ကို ပိုေကာင္းတဲ့အသင္း ျဖစ္လာေစမယ္လို႔ မွတ္ခ်က္ေပးပါတယ္။ ခ်ယ္ဆီးပြဲအတြက္ေတာ့ ” ဒီပြဲကို အျမင့္ဆံုး အင္အား၊ ခံယူခ်က္ေတြနဲ႔ ယွဥ္ျပိဳင္ဖို႔ ၾကိဳးစားရပါလိမ့္မယ္။ ဒီ ခ်ဥ္းကပ္မႈကပဲ ပြဲေတြမွာ အႏုိင္သံုးမွတ္ရဖို႔ က်ေန္ာတို႔ရဲ႕ ဦးတည္ခ်က္ျဖစ္ပါတယ္ ” လို႔ ဆိုပါတယ္။

လီဗာပူးရဲ႕ ဆုဖလား ရည္မွန္းခ်က္နဲ႔ ပတ္သက္လို႔ အယ္လီဆန္က ” က်ေန္ာတို႔ အႏုိင္ရလိုတယ္ဆိုတာထက္ ပိုပါတယ္။ က်ေန္ာတို႔ ကိုယ္ပါဝင္ကစားတဲ့ ျပိဳင္ပြဲတိုင္းကို အႏုိင္ရခ်င္ပါတယ္။ ” လို႔ ပြင့္ပြင့္လင္းလင္း ေျပာဆိုခဲ့တယ္။

ဘရာဇီးသား ဂိုးသမားၾကီးက ဆက္ျပီး ” ခ်န္ပီယံလိဂ္ေကာ၊ ပရီးမီးယားလိဂ္ေကာ၊ အက္ဖ္ေအဖလား၊ ကာရာေဘာင္းဖလား အစရွိတဲ့ ပါဝင္ကစားရတဲ့ ျပိဳင္ပြဲတိုင္း အႏုိင္ရခ်င္တယ္။ က်ေန္ာတို႔လို အသင္းအတြက္ အဲ့တာကပဲ အသင္းရဲ႕ ပစ္မွတ္ ျဖစ္လာသင့္ပါတယ္ ” လုိ႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။