လီဗာပူးအသင်းဟာ လာမယ့် နိုင်ငံတကာသီတင်းပတ်အတွက် သတင်းကောင်းတစ်ခု ထပ်ရခဲ့ပြီဖြစ်ကာ ကွင်းလယ်လူ သီယာဂိုဟာ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းသွားမှာ မဟုတ်ပါဘူး။

ဆွီဒင်၊ ကိုဆိုဗို၊ ဂျော်ဂျီယာတို့ဖြင့် ယှဉ်ပြိုင်ကစားမယ့် စပိန်အသင်း လူစာရင်း ထုတ်ပြန်လာရာမှာ သီယာဂိုကို ချန်လှပ်ခဲ့တာဖြစ်တယ်။ ယူရို ၂၀၂၀ ကို အသေးစား ဒဏ်ရာကြောင့် အရန်လူအဖြစ်လောက်ပဲ ကျေနပ်ခဲ့ရတဲ့ သီယာဂိုဟာ ပြိုင်ပွဲ ၆ ပွဲမှာမှ ပွဲကစားချိန် ၆၄ မိနစ်ပဲ ရခဲ့တာဖြစ်တယ်။

သူဟာ လီဗာပူးကို ပြန်လာပြီးတဲ့နောက် ဘန်လေနဲ့ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ချယ်ဆီးနဲ့ပွဲမှာလည်း ပွဲထွက်လူစာရင်းက ပါဝင်ခွင့် မသေချာသေးသူဖြစ်တယ်။ ရာသီသစ်အတွက် ပုံစံကောင်း ပြသနိုင်ဖို့ ကြိုးစားနေရတဲ့ သီယာဂိုဟာ လက်ရွေးစင် တာဝန်တွေ မရှိပါဘဲ သူ့ရဲ့ ကြံ့ခိုင်မှုကို တည်ဆောက်ခွင့် ရဖို့ ရှိလာခဲ့ပါတယ်။

လီဗာပူးခံစစ်မှူး မာတစ်ကလည်း ကင်းမရွန်းလက်ရွေးစင်အသင်းက တစ်ကျော့ပြန် ပူးပေါင်းဖို့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တယ်။ သူကလည်း စက်တင်ဘာလ နိုင်ငံတကာသီတင်းပတ်အတွင်း အက်ဆာ လေ့ကျင့်ရေးမှာပဲ ဆက်ရှိနေမှာဖြစ်တယ်။

အီဂျစ်အသင်းသား ဆာလာက လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနိုင်မှာ မဟုတ်ကာ အယ်လီဆန်၊ ဖာဘင်ညိုနဲ့ ဖာမင်နိုတို့ကလည်း ဘရာဇီးအသင်းနဲ့ ပူးပေါင်းခွင့်ရမှာ မဟုတ်ဘဲ အသင်းမှာပဲ ဆက်နေရမှာဖြစ်တယ်။ ပရီးမီးယားလိဂ်ကလပ်တွေ အားလုံးက ကိုဗစ်နဲ့ ပတ်သက်လို့ အနီရောင်အဆင့် တိုင်းပြည်တွေထံ သူတို့ရဲ့ ကစားသမားတွေကို စေလွှတ်ခြင်း မပြုဖို့ သဘောတူညီမှု ရထားပါတယ်။

လက်ရွေးစင်ဘဝ အနားယူထားတဲ့ မီလ်နာအပြင် ဂိုးမက်စ် နဲ့ ချိန်ဘာလိန်တို့ကလည်း အင်္ဂန်အသင်းမှာ ပါဝင်ရဖွယ် မရှိတာကြောင့် နိုင်ငံတကာ သီတင်းပတ်မှာ လီဗာပူးအသင်း လူစာရင်းဟာ တောင့်တင်းနေဦးမှာဖြစ်တယ်။ ယာဂင်ဟာ ဒီကစားသမားတွေနဲ့အတူ အက်ဆာမှာ လေ့ကျင့်ရေးတွေ ပြုလုပ်မယ်လို့ ယူဆရတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ လာမယ့္ ႏုိင္ငံတကာသီတင္းပတ္အတြက္ သတင္းေကာင္းတစ္ခု ထပ္ရခဲ့ျပီျဖစ္ကာ ကြင္းလယ္လူ သီယာဂိုဟာ လက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းသြားမွာ မဟုတ္ပါဘူး။

ဆီြဒင္၊ ကိုဆိုဗို၊ ေဂ်ာ္ဂ်ီယာတို႔ျဖင့္ ယွဥ္ျပိဳင္ကစားမယ့္ စပိန္အသင္း လူစာရင္း ထုတ္ျပန္လာရာမွာ သီယာဂိုကို ခ်န္လွပ္ခဲ့တာျဖစ္တယ္။ ယူရို ၂၀၂၀ ကို အေသးစား ဒဏ္ရာေၾကာင့္ အရန္လူအျဖစ္ေလာက္ပဲ ေက်နပ္ခဲ့ရတဲ့ သီယာဂိုဟာ ျပိဳင္ပြဲ ၆ ပြဲမွာမွ ပြဲကစားခ်ိန္ ၆၄ မိနစ္ပဲ ရခဲ့တာျဖစ္တယ္။

သူဟာ လီဗာပူးကို ျပန္လာျပီးတဲ့ေနာက္ ဘန္ေလနဲ႔ပြဲမွာ လူစားဝင္ ကစားသမားအျဖစ္ ပါဝင္ခြင့္ရခဲ့ျပီး ခ်ယ္ဆီးနဲ႔ပြဲမွာလည္း ပြဲထြက္လူစာရင္းက ပါဝင္ခြင့္ မေသခ်ာေသးသူျဖစ္တယ္။ ရာသီသစ္အတြက္ ပံုစံေကာင္း ျပသႏုိင္ဖို႔ ၾကိဳးစားေနရတဲ့ သီယာဂိုဟာ လက္ေရြးစင္ တာဝန္ေတြ မရွိပါဘဲ သူ႔ရဲ႕ ၾကံ႔ခိုင္မႈကို တည္ေဆာက္ခြင့္ ရဖို႔ ရွိလာခဲ့ပါတယ္။

လီဗာပူးခံစစ္မွဴး မာတစ္ကလည္း ကင္းမရြန္းလက္ေရြးစင္အသင္းက တစ္ေက်ာ့ျပန္ ပူးေပါင္းဖို႔ ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့တယ္။ သူကလည္း စက္တင္ဘာလ ႏုိင္ငံတကာသီတင္းပတ္အတြင္း အက္ဆာ ေလ့က်င့္ေရးမွာပဲ ဆက္ရွိေနမွာျဖစ္တယ္။

အီဂ်စ္အသင္းသား ဆာလာက လက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းႏုိင္မွာ မဟုတ္ကာ အယ္လီဆန္၊ ဖာဘင္ညိဳနဲ႔ ဖာမင္ႏိုတုိ႔ကလည္း ဘရာဇီးအသင္းနဲ႔ ပူးေပါင္းခြင့္ရမွာ မဟုတ္ဘဲ အသင္းမွာပဲ ဆက္ေနရမွာျဖစ္တယ္။ ပရီးမီးယားလိဂ္ကလပ္ေတြ အားလံုးက ကိုဗစ္နဲ႔ ပတ္သက္လို႔ အနီေရာင္အဆင့္ တိုင္းျပည္ေတြထံ သူတို႔ရဲ႕ ကစားသမားေတြကို ေစလႊတ္ျခင္း မျပဳဖို႔ သေဘာတူညီမႈ ရထားပါတယ္။

လက္ေရြးစင္ဘဝ အနားယူထားတဲ့ မီလ္နာအျပင္ ဂိုးမက္စ္ နဲ႔ ခ်ိန္ဘာလိန္တို႔ကလည္း အဂၤန္အသင္းမွာ ပါဝင္ရဖြယ္ မရွိတာေၾကာင့္ ႏုိင္ငံတကာ သီတင္းပတ္မွာ လီဗာပူးအသင္း လူစာရင္းဟာ ေတာင့္တင္းေနဦးမွာျဖစ္တယ္။ ယာဂင္ဟာ ဒီကစားသမားေတြနဲ႔အတူ အက္ဆာမွာ ေလ့က်င့္ေရးေတြ ျပဳလုပ္မယ္လို႔ ယူဆရတာျဖစ္ပါတယ္။