လီဗာပူးအသင်းဟာ နယူးကာဆယ် အကယ်ဒမီမှ လူငယ်ကြယ်ပွင့်လေး ဘော်ဘီ ကလက်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးက ကလက်အတွက် ပမာဏကြီး ပေးရမှာ မဟုတ်ဘဲ နယူးကာဆယ်အသင်းကို သက်သာတဲ့ အကယ်ဒမီလျော်ကြေးပဲ ပေးရမယ်လို့လည်း သိရတယ်။

ဘော်ဘီကလက်ဟာ နယူးကာဆယ်ရဲ့ အတောက်ပဆုံး အကယ်ဒမီ အသင်းသားတွေထဲက တစ်ဦးဖြစ်ကာ ဂိုးသွင်းကောင်းတဲ့ ကွင်းလယ်လူလည်း ဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ လီဗာပူးက မန်စီးတီး၊ စပါး၊ ဘိုင်ယန် အသင်းတွေနဲ့အပြိုင် ကြိုးစားခဲ့ရတာဖြစ်တယ်။

ဘော်ဘီကလက်ဟာ နယူးကာဆယ် ဂန္တဝင်ကြီး လီကလက်ရဲ့ သားလည်းဖြစ်ပြီး သူတို့ကြား သိပ်ကောင်းတဲ့ ဆက်နွယ်မှုတွေရှိလို့ ခေါ်ထုတ်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် မန်နေဂျာကလော့ပ်ရဲ့ အနာဂတ်အတွက် အာမခံချက် ပေးခြင်းကပဲ ကလက်ကို ခေါ်ယူနိုင်ခဲ့ခြင်း အဓိက အကြောင်းရင်း ဖြစ်လာခဲ့ပါတယ်။

ယာဂင်ကလော့ပ်ဟာ ကလက်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးစကားပြောမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်။ ဂျာမာန်သား မန်နေဂျာကြီးဟာ အသက် ၁၆ နှစ်သားလေးကို လီဗာပူးရဲ့ အနာဂတ်မှာ ကြီးကြီးမားမား ပါဝင်ခွင့်ရမယ်ဆိုပြီး ကိုယ်တိုင် စည်းရုံးခဲ့တယ်လို့ သိရတယ်။

လီဗာပူးအသင်းထံ တရားဝင် ပြောင်းလာအပြီးမှာ ကလက်က ” လီဗာပူးလို ထိပ်တန်း အသင်းကောင်းနဲ့ လက်မှတ်ထိုးလိုက်နိုင်တာအတွက် အရမ်းကို ပျော်မိပါတယ်။ အသင်းနဲ့ အတူတကွ ကြိုးစားရင် ဘာတွေကို အောင်မြင်နိုင်မယ်ဆိုတာအတွက် စောင့်မျှော်နေမိပါတယ် ” လို့ အင်စတာဂရမ်ကနေ ထုတ်ပြောသွားခဲ့ပါတယ်။

ကလက်ဟာ လီဗာပူး ယူ-၁၈ အသင်းထံ တိုက်ရိုက် ကူးပြောင်းလာမှာဖြစ်သလို ယူ-၂၃ အသင်းနဲ့လည်း လူငယ် အက်ဖ်အေဖလား ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ သူဟာ လီဗာပူးအသင်းရဲ့ ထိပ်တန်း အကယ်ဒမီကြယ်ပွင့် ၃၀ စာရင်းထဲ ပါဝင်ခွင့်ရဖို့လည်း ရှိနေပါတယ်။

လီဗာပူးရဲ့ နာမည်ကျော် လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဘလာဂီဇီ၊ မိုဆော့လိုစကီ၊ ကိတ် ဂေါ်ဒန်တို့နဲ့အတူ ကလက်ကလည်း လူငယ်အဆင့်မှာ အတူ ကြိုးစားရမှာဖြစ်တယ်။ သူဟာ ယာဂင်ကလော့ပ်ရဲ့ စီနီယာ လေ့ကျင့်ရေးတွေကိုလည်း ရံဖန်ရံခါ ဝင်ရောက် ပါဝင်ခွင့်ရမယ်လို့ ယုံကြည်ရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ နယူးကာဆယ္ အကယ္ဒမီမွ လူငယ္ၾကယ္ပြင့္ေလး ေဘာ္ဘီ ကလက္ကို ေခၚယူႏုိင္ခဲ့ျပီျဖစ္ပါတယ္။ လီဗာပူးက ကလက္အတြက္ ပမာဏၾကီး ေပးရမွာ မဟုတ္ဘဲ နယူးကာဆယ္အသင္းကို သက္သာတဲ့ အကယ္ဒမီေလ်ာ္ေၾကးပဲ ေပးရမယ္လို႔လည္း သိရတယ္။

ေဘာ္ဘီကလက္ဟာ နယူးကာဆယ္ရဲ႕ အေတာက္ပဆံုး အကယ္ဒမီ အသင္းသားေတြထဲက တစ္ဦးျဖစ္ကာ ဂိုးသြင္းေကာင္းတဲ့ ကြင္းလယ္လူလည္း ျဖစ္ပါတယ္။ သူ႔ကို ေခၚယူဖို႔ လီဗာပူးက မန္စီးတီး၊ စပါး၊ ဘိုင္ယန္ အသင္းေတြနဲ႔အျပိဳင္ ၾကိဳးစားခဲ့ရတာျဖစ္တယ္။

ေဘာ္ဘီကလက္ဟာ နယူးကာဆယ္ ဂႏၱဝင္ၾကီး လီကလက္ရဲ႕ သားလည္းျဖစ္ျပီး သူတို႔ၾကား သိပ္ေကာင္းတဲ့ ဆက္ႏြယ္မႈေတြရွိလို႔ ေခၚထုတ္ဖို႔ ခက္ခဲခဲ့ပါတယ္။ ဒါေပမယ့္ မန္ေနဂ်ာကေလာ့ပ္ရဲ႕ အနာဂတ္အတြက္ အာမခံခ်က္ ေပးျခင္းကပဲ ကလက္ကို ေခၚယူႏုိင္ခဲ့ျခင္း အဓိက အေၾကာင္းရင္း ျဖစ္လာခဲ့ပါတယ္။

ယာဂင္ကေလာ့ပ္ဟာ ကလက္နဲ႔ မ်က္ႏွာခ်င္းဆိုင္ ေဆြးေႏြးစကားေျပာမႈေတြ ျပဳလုပ္ခဲ့တာျဖစ္တယ္။ ဂ်ာမာန္သား မန္ေနဂ်ာၾကီးဟာ အသက္ ၁၆ ႏွစ္သားေလးကို လီဗာပူးရဲ႕ အနာဂတ္မွာ ၾကီးၾကီးမားမား ပါဝင္ခြင့္ရမယ္ဆိုျပီး ကိုယ္တိုင္ စည္းရံုးခဲ့တယ္လို႔ သိရတယ္။

လီဗာပူးအသင္းထံ တရားဝင္ ေျပာင္းလာအျပီးမွာ ကလက္က ” လီဗာပူးလို ထိပ္တန္း အသင္းေကာင္းနဲ႔ လက္မွတ္ထိုးလိုက္ႏုိင္တာအတြက္ အရမ္းကို ေပ်ာ္မိပါတယ္။ အသင္းနဲ႔ အတူတကြ ၾကိဳးစားရင္ ဘာေတြကို ေအာင္ျမင္ႏုိင္မယ္ဆိုတာအတြက္ ေစာင့္ေမွ်ာ္ေနမိပါတယ္ ” လို႔ အင္စတာဂရမ္ကေန ထုတ္ေျပာသြားခဲ့ပါတယ္။

ကလက္ဟာ လီဗာပူး ယူ-၁၈ အသင္းထံ တိုက္ရိုက္ ကူးေျပာင္းလာမွာျဖစ္သလို ယူ-၂၃ အသင္းနဲ႔လည္း လူငယ္ အက္ဖ္ေအဖလား ျပိဳင္ပြဲကို ပါဝင္ယွဥ္ျပိဳင္သြားမွာ ျဖစ္ပါတယ္။ သူဟာ လီဗာပူးအသင္းရဲ႕ ထိပ္တန္း အကယ္ဒမီၾကယ္ပြင့္ ၃၀ စာရင္းထဲ ပါဝင္ခြင့္ရဖို႔လည္း ရွိေနပါတယ္။

လီဗာပူးရဲ႕ နာမည္ေက်ာ္ လူငယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ ဘလာဂီဇီ၊ မိုေဆာ့လိုစကီ၊ ကိတ္ ေဂၚဒန္တို႔နဲ႔အတူ ကလက္ကလည္း လူငယ္အဆင့္မွာ အတူ ၾကိဳးစားရမွာျဖစ္တယ္။ သူဟာ ယာဂင္ကေလာ့ပ္ရဲ႕ စီနီယာ ေလ့က်င့္ေရးေတြကိုလည္း ရံဖန္ရံခါ ဝင္ေရာက္ ပါဝင္ခြင့္ရမယ္လို႔ ယံုၾကည္ရပါတယ္။