လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ချန်ပီယံလိဂ် အုပ်စုတွင်းမှာ အက်သလက်တီကို၊ ပေါ်တို၊ အေစီမီလန်တို့နဲ့ တစ်အုပ်စုတည်း ကျနေတဲ့အပေါ် မှတ်ချက်ပေးမှု လုပ်လာခဲ့ပါတယ်။

ကလော့ပ်က ” ရိုးရိုးသားသား ပြောရမယ်ဆိုရင် အကျယ်ကြီး အော်ရယ်မိခဲ့တာပဲ။ ခက်ခဲတဲ့ အုပ်စုဖြစ်တယ်ဆိုတာလည်း မှန်ပါတယ်။ ဒါက ချန်ပီယံလိဂ်ပဲလေ။ ခက်ခဲတာက ပုံမှန်ပါပဲ။ ကျနေ်ာတို့က ချန်ပီယံလိဂ်မှာ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေနဲ့ ယှဉ်ပြိုင်ရဖို့လိုပြီး အဲ့ထဲက အချို့က ကျနေ်ာတို့ အုပ်စုတည်းမှာ ရှိနေပါတယ်။

ကျနေ်ာတို့ ကစားခဲ့တယ်ဆိုပေမယ့် သေချာ မသိနိုင်သေးပါဘူး။ ပေါ်တိုနဲ့ ယှဉ်ပြိုင်ဖူးပါတယ် သူတို့ကလည်း ကျနေ်ာတို့ကို စောင့်နေပါလိမ့်မယ်။ အက်သလက်တီကို၊ အေစီမီလန်တို့နဲ့တော့ သမိုင်းမှာ အနည်းငယ် ယှဉ်ပြိုင်ဖူးပါတယ်။

ပရိသတ်တွေက ဒီပွဲကို စောင့်မျှော်နေကြမှာဖြစ်ပါတယ်။ ကျနေ်ာတို့ကလည်း ဒီပွဲတွေကို မျှော်နေပါတယ်။ လူတွေက အိမ်မှာထိုင်ပြီး အုပ်စုတွင်းမှာ အလွယ်ဆုံး အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျပါစေဆိုပြီး မျှော်လင့်နေတတ်တယ်ဆိုတာကို ကျနော် နားလည်ပါတယ်။

အခု အဲ့လိုမဖြစ်လာပါဘူး။ ဒါပေမယ့် ကျနေ်ာတို့မှာ ရည်မှန်းချက်ကြီးတွေ ရှိနေပါတယ်။ မနှစ်က ကြိုးစားပြခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တယ်။ အဲ့တာကြောင့်ပဲ ကျနေ်ာတို့ ဒီလိုပွဲတွေကို ထိုက်ထိုက်တန်တန် ကစားခွင့်ရတာပါ ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

အုပ်စုအဖွင့်ပွဲကို လာမယ့်လမှာ စတင်ယှဉ်ပြိုင်ပြီး အုပ်စုတွင်း နောက်ဆုံးပွဲကတော့ ဒီဇင်ဘာမှာ အဆုံးသတ်မှာဖြစ်ပါတယ်။ မကြာခင်မှာတော့ ပွဲစဉ်တွေအကြောင်း အတည်ပြုချက်တွေ ရလာဖို့ရှိနေပြီး လီဗာပူးဟာ ရံှူးထွက်ကို တက်ရောက်နိုင်ဖို့ ခပ်လွယ်လွယ် လမ်းကြောင်း ရှိနေမှာ မဟုတ်ပါဘူး။

ယာဂင်ကပဲ ” ဘယ်အသင်းနဲ့မဆို ယှဉ်ပြိုင်ကစားနိုင်တဲ့ အသင်းကောင်း ရှိထားပါတယ်။ ကွင်းထဲမှာ အကောင်းဆုံးအသင်းကို ထုတ်သုံးနိုင်ဖို့ပဲ အမြဲတမ်း ကြိုးစားပါတယ်။ ရံဖန်ရံခါတော့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာ၊ ပုံစံကောင်း မရှိတဲ့ ပြဿနာမျိုးတွေကို ရင်ဆိုင်ရပါတယ်။ ဒါပေမယ့် တစ်နှစ်လုံးအတွက် လူစာရင်း တစ်ခုလုံးကို လိုပါတယ်။

ဒီပွဲတွေအကြောင်း စဉ်းစားမိချိန်မှာ ကျနော် အတွေးထဲ ပေါ်လာတဲ့ ပထမဆုံး ကိစ္စက အလှည့်ကျ လူထုတ်ပုံတွေ မဟုတ်ဘဲ ဘောလုံး ကစားလိုက်ဖို့ပဲ ဖြစ်ပါတယ် ” ဆိုပြီး ပွဲတိုင်းကို တောင့်တင်းစွာ ယှဉ်ပြိုင်မယ်လို့ ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ခ်န္ပီယံလိဂ္ အုပ္စုတြင္းမွာ အက္သလက္တီကို၊ ေပၚတို၊ ေအစီမီလန္တို႔နဲ႔ တစ္အုပ္စုတည္း က်ေနတဲ့အေပၚ မွတ္ခ်က္ေပးမႈ လုပ္လာခ့ဲပါတယ္။

ကေလာ့ပ္က ” ရိုးရိုးသားသား ေျပာရမယ္ဆိုရင္ အက်ယ္ၾကီး ေအာ္ရယ္မိခဲ့တာပဲ။ ခက္ခဲတဲ့ အုပ္စုျဖစ္တယ္ဆိုတာလည္း မွန္ပါတယ္။ ဒါက ခ်န္ပီယံလိဂ္ပဲေလ။ ခက္ခဲတာက ပံုမွန္ပါပဲ။ က်ေန္ာတို႔က ခ်န္ပီယံလိဂ္မွာ ဥေရာပရဲ႕ အေကာင္းဆံုး အသင္းေတြနဲ႔ ယွဥ္ျပိဳင္ရဖို႔လိုျပီး အဲ့ထဲက အခ်ိဳ႔က က်ေန္ာတို႔ အုပ္စုတည္းမွာ ရွိေနပါတယ္။

က်ေန္ာတို႔ ကစားခဲ့တယ္ဆိုေပမယ့္ ေသခ်ာ မသိႏုိင္ေသးပါဘူး။ ေပၚတိုနဲ႔ ယွဥ္ျပိဳင္ဖူးပါတယ္ သူတို႔ကလည္း က်ေန္ာတို႔ကို ေစာင့္ေနပါလိမ့္မယ္။ အက္သလက္တီကို၊ ေအစီမီလန္တို႔နဲ႔ေတာ့ သမိုင္းမွာ အနည္းငယ္ ယွဥ္ျပိဳင္ဖူးပါတယ္။

ပရိသတ္ေတြက ဒီပြဲကို ေစာင့္ေမွ်ာ္ေနၾကမွာျဖစ္ပါတယ္။ က်ေန္ာတို႔ကလည္း ဒီပြဲေတြကို ေမွ်ာ္ေနပါတယ္။ လူေတြက အိမ္မွာထိုင္ျပီး အုပ္စုတြင္းမွာ အလြယ္ဆံုး အသင္းေတြနဲ႔ တစ္အုပ္စုတည္း က်ပါေစဆိုျပီး ေမွ်ာ္လင့္ေနတတ္တယ္ဆိုတာကို က်ေနာ္ နားလည္ပါတယ္။

အခု အဲ့လိုမျဖစ္လာပါဘူး။ ဒါေပမယ့္ က်ေန္ာတို႔မွာ ရည္မွန္းခ်က္ၾကီးေတြ ရွိေနပါတယ္။ မႏွစ္က ၾကိဳးစားျပခဲ့ျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရခဲ့တယ္။ အဲ့တာေၾကာင့္ပဲ က်ေန္ာတို႔ ဒီလိုပြဲေတြကို ထိုက္ထိုက္တန္တန္ ကစားခြင့္ရတာပါ ” လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

အုပ္စုအဖြင့္ပြဲကို လာမယ့္လမွာ စတင္ယွဥ္ျပိဳင္ျပီး အုပ္စုတြင္း ေနာက္ဆံုးပြဲကေတာ့ ဒီဇင္ဘာမွာ အဆံုးသတ္မွာျဖစ္ပါတယ္။ မၾကာခင္မွာေတာ့ ပြဲစဥ္ေတြအေၾကာင္း အတည္ျပဳခ်က္ေတြ ရလာဖို႔ရွိေနျပီး လီဗာပူးဟာ ရံွဴးထြက္ကုိ တက္ေရာက္ႏုိင္ဖို႔ ခပ္လြယ္လြယ္ လမ္းေၾကာင္း ရွိေနမွာ မဟုတ္ပါဘူး။

ယာဂင္ကပဲ ” ဘယ္အသင္းနဲ႔မဆို ယွဥ္ျပိဳင္ကစားႏုိင္တဲ့ အသင္းေကာင္း ရွိထားပါတယ္။ ကြင္းထဲမွာ အေကာင္းဆံုးအသင္းကို ထုတ္သံုးႏုိင္ဖို႔ပဲ အျမဲတမ္း ၾကိဳးစားပါတယ္။ ရံဖန္ရံခါေတာ့ ရုပ္ပိုင္းဆိုင္ရာ ျပႆနာ၊ ပံုစံေကာင္း မရွိတဲ့ ျပႆနာမ်ိဳးေတြကို ရင္ဆိုင္ရပါတယ္။ ဒါေပမယ့္ တစ္ႏွစ္လံုးအတြက္ လူစာရင္း တစ္ခုလံုးကို လိုပါတယ္။

ဒီပြဲေတြအေၾကာင္း စဥ္းစားမိခ်ိန္မွာ က်ေနာ္ အေတြးထဲ ေပၚလာတဲ့ ပထမဆံုး ကိစၥက အလွည့္က် လူထုတ္ပံုေတြ မဟုတ္ဘဲ ေဘာလံုး ကစားလိုက္ဖို႔ပဲ ျဖစ္ပါတယ္ ” ဆိုျပီး ပြဲတိုင္းကို ေတာင့္တင္းစြာ ယွဥ္ျပိဳင္မယ္လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။