ဒီအပတ် စနေနေ့မှာတော့ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၃ အဖြစ် ချယ်ဆီးအသင်းကို အိမ်ကွင်း အန်ဖီးမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွင်း လီဗာပူးအသင်းရဲ့ ကြီး ၆ ကြီး ပြိုင်ဘက်တွေထဲက တစ်သင်းဖြင့် ပထမဆုံး အကြိမ ထိပ်တိုက်တွေ့မှုဖြစ်တယ်။ ၆ မှတ်တန်ပွဲလို့ ဆိုကြတဲ့ ဒီပွဲမှာတော့ နှစ်သင်းလုံးက အမှားခံမှာ မဟုတ်ဘဲ ရာသီသစ်ကို အကောင်းဆုံး ပုံစံဖြင့် တာထွက်နိုင်ဖို့ ရလဒ်ကောင်းတစ်ခု ရရှိရေး ဦးတည် ယှဉ်ပြိုင်လာမှာပါ။

အဆိုပါ ပွဲစဉ်အတွက် ဘီဘီစီမှ ဘောလုံးပွဲခန့်မှန်းသူ လောရိုးရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းအား ဖော်ပြလိုက်ပါတယ်။

လီဗာပူး V ချယ်ဆီး
ပရီးမီးယားလိဂ် ပွဲစဉ် (၃)
သြဂုတ် ၂၈ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ။

လော်ရိုး၏ ပွဲကြို သုံးသပ်ချက်။ ။ နှစ်သင်းလုံးဟာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၂ ပွဲမှာ စမ်းသပ်ခံရမှုကြီးတွေ ရင်ဆိုင်ထားရတာ မဟုတ်ပါဘူး။ ဒီတစ်ကြိမ်မှာတော့ ဗန်ဒိုက်နဲ့ လူကာကူကြား ရင်ဆိုင်တွေ့မှုလိုမျိုး ထိပ်တိုက် ယှဉ်ပြိုင်ရခြင်းကို မြင်တွေ့လာရတော့မှာပါ။ ကမ္ဘာအဆင့် ကစားသမား နှစ်ဦးကြား ယှဉ်ပြိုင်ရမှုက စိတ်ဝင်စားစရာ ဖြစ်လာပါလိမ့်မယ်။

ဒီပွဲကတော့ လူကာကူ ဘာလုပ်ပြနိုင်မလဲ အပေါ်မူတည်ပါတယ်။ ကမ္ဘာအကောင်းဆုံး ကစားသမားတွေဖြစ်ရင်တောင် အသင်းထံက ပံ့ပိုးမှု မပါလို့ မရပါဘူး။ လီဗာပူးကတော့ သူတို့ကို ရပ်တန့်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ ဘယ်ဂျီယံသား တိုက်စစ်သမားအတွက်လည်း ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့်လို့ သူ့ကို လက်မှတ်ထိုးမှုက သိပ်ကောင်းတယ်ဆိုတာ သံသယ မရှိပါဘူး။

သူက ပရီးမီးယားလိဂ်နဲ့ ချယ်ဆီးအတွက် အံဝင်ပါလိမ့်မယ်။ သူ့ကို မူတည်ပြီး လုပ်ဆောင်မယ်ဆိုရင် ချယ်ဆီးက အမှတ်ပေးဖလား အနိုင်ရဖို့ အခွင့်အရေးကောင်း ရှိပါမယ်။

အကြိတ်အနယ် ယှဉ်ပြိုင်ကြတဲ့ ပွဲတစ်ပွဲ ဖြစ်လာဖို့ ရှိနေပြီး ချယ်ဆီးရဲ့ ခံစစ်ပိုင်းကလည်း တောင့်တင်းပါတယ်။ ဒါပေမယ့်လို့ ဒီပွဲမှာတော့ အပြာရောင်တွေက သရေလောက်ပဲ ယူနိုင်မှာပါ။ လီဗာပူးကို ရလဒ်တစ်ခုခု မပေးလိုရင် သူတို့ တိုက်စစ် ဖွင့်ကစားမှာ မဟုတ်ပါဘူး။ ရာသီအစောပဲ ရှိသေးတယ်ဆိုပေမယ့် အန်ဖီးမှာ ချယ်ဆီးနိုင်ခဲ့မယ်ဆိုရင် ဒါက ပရီးမီးယားလိဂ်အတွက် ကြီးမားတဲ့ အကြောင်းကြားမှု ဖြစ်လာပါလိမ့်မယ်။

ပွဲစဉ်အတွက် လော်ရိုး၏ ခန့်မှန်းရလဒ်။ ။ လီဗာပူး ၁-၁ ချယ်ဆီး

ZAWGYI

ဒီအပတ္ စေနေန႔မွာေတာ့ လီဗာပူးအသင္းက ပရီးမီးယားလိဂ္ ပြဲစဥ္ ၃ အျဖစ္ ခ်ယ္ဆီးအသင္းကို အိမ္ကြင္း အန္ဖီးမွာ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။

၂၀၂၁-၂၀၂၂ ေဘာလံုးရာသီအတြင္း လီဗာပူးအသင္းရဲ႕ ၾကီး ၆ ၾကီး ျပိဳင္ဘက္ေတြထဲက တစ္သင္းျဖင့္ ပထမဆံုး အၾကိမ ထိပ္တိုက္ေတြ႔မႈျဖစ္တယ္။ ၆ မွတ္တန္ပြဲလို႔ ဆိုၾကတဲ့ ဒီပြဲမွာေတာ့ ႏွစ္သင္းလံုးက အမွားခံမွာ မဟုတ္ဘဲ ရာသီသစ္ကို အေကာင္းဆံုး ပံုစံျဖင့္ တာထြက္ႏုိင္ဖို႔ ရလဒ္ေကာင္းတစ္ခု ရရွိေရး ဦးတည္ ယွဥ္ျပိဳင္လာမွာပါ။

အဆိုပါ ပြဲစဥ္အတြက္ ဘီဘီစီမွ ေဘာလံုးပြဲခန္႔မွန္းသူ ေလာရိုးရဲ႕ သံုးသပ္ခ်က္နဲ႔ ရလဒ္ခန္႔မွန္းအား ေဖာ္ျပလိုက္ပါတယ္။

လီဗာပူး V ခ်ယ္ဆီး
ပရီးမီးယားလိဂ္ ပြဲစဥ္ (၃)
ၾသဂုတ္ ၂၈ ရက္၊ စေနေန႔။
ျမန္မာစံေတာ္ခ်ိန္ ည ၁၁း၀၀ နာရီ။

ေလာ္ရိုး၏ ပြဲၾကိဳ သံုးသပ္ခ်က္။ ။ ႏွစ္သင္းလံုးဟာ ပရီးမီးယားလိဂ္ ထိပ္ဆံုး ၂ ပြဲမွာ စမ္းသပ္ခံရမႈၾကီးေတြ ရင္ဆိုင္ထားရတာ မဟုတ္ပါဘူး။ ဒီတစ္ၾကိမ္မွာေတာ့ ဗန္ဒိုက္နဲ႔ လူကာကူၾကား ရင္ဆိုင္ေတြ႔မႈလိုမ်ိဳး ထိပ္တုိက္ ယွဥ္ျပိဳင္ရျခင္းကို ျမင္ေတြ႔လာရေတာ့မွာပါ။ ကမၻာအဆင့္ ကစားသမား ႏွစ္ဦးၾကား ယွဥ္ျပိဳင္ရမႈက စိတ္ဝင္စားစရာ ျဖစ္လာပါလိမ့္မယ္။

ဒီပြဲကေတာ့ လူကာကူ ဘာလုပ္ျပႏုိင္မလဲ အေပၚမူတည္ပါတယ္။ ကမၻာအေကာင္းဆံုး ကစားသမားေတြျဖစ္ရင္ေတာင္ အသင္းထံက ပံ့ပိုးမႈ မပါလို႔ မရပါဘူး။ လီဗာပူးကေတာ့ သူတို႔ကို ရပ္တန္႔ႏုိင္ေအာင္ ၾကိဳးစားရမွာျဖစ္ပါတယ္။ ဘယ္ဂ်ီယံသား တိုက္စစ္သမားအတြက္လည္း ခက္ခဲပါလိမ့္မယ္။ ဒါေပမယ့္လို႔ သူ႔ကို လက္မွတ္ထိုးမႈက သိပ္ေကာင္းတယ္ဆိုတာ သံသယ မရွိပါဘူး။

သူက ပရီးမီးယားလိဂ္နဲ႔ ခ်ယ္ဆီးအတြက္ အံဝင္ပါလိမ့္မယ္။ သူ႔ကို မူတည္ျပီး လုပ္ေဆာင္မယ္ဆိုရင္ ခ်ယ္ဆီးက အမွတ္ေပးဖလား အႏုိင္ရဖို႔ အခြင့္အေရးေကာင္း ရွိပါမယ္။

အၾကိတ္အနယ္ ယွဥ္ျပိဳင္ၾကတဲ့ ပြဲတစ္ပြဲ ျဖစ္လာဖို႔ ရွိေနျပီး ခ်ယ္ဆီးရဲ႕ ခံစစ္ပိုင္းကလည္း ေတာင့္တင္းပါတယ္။ ဒါေပမယ့္လို႔ ဒီပြဲမွာေတာ့ အျပာေရာင္ေတြက သေရေလာက္ပဲ ယူႏုိင္မွာပါ။ လီဗာပူးကို ရလဒ္တစ္ခုခု မေပးလိုရင္ သူတို႔ တိုက္စစ္ ဖြင့္ကစားမွာ မဟုတ္ပါဘူး။ ရာသီအေစာပဲ ရွိေသးတယ္ဆိုေပမယ့္ အန္ဖီးမွာ ခ်ယ္ဆီးႏုိင္ခဲ့မယ္ဆိုရင္ ဒါက ပရီးမီးယားလိဂ္အတြက္ ၾကီးမားတဲ့ အေၾကာင္းၾကားမႈ ျဖစ္လာပါလိမ့္မယ္။

ပြဲစဥ္အတြက္ ေလာ္ရိုး၏ ခန္႔မွန္းရလဒ္။ ။ လီဗာပူး ၁-၁ ခ်ယ္ဆီး