ဒီအပတ် စနေနေ့မှာတော့ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၃ အဖြစ် ချယ်ဆီးအသင်းကို အိမ်ကွင်း အန်ဖီးမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွင်း လီဗာပူးအသင်းရဲ့ ကြီး ၆ ကြီး ပြိုင်ဘက်တွေထဲက တစ်သင်းဖြင့် ပထမဆုံး အကြိမ် ထိပ်တိုက်တွေ့မှုဖြစ်တယ်။ ဒီပွဲမှာတော့ ပရီးမီးယားလိဂ် တစ်ကျော့ပြန် တိုက်စစ်သမား လူကာကူနဲ့ ဗန်ဒိုက်ကြား ထိပ်တိုက်ရင်ဆိုင်မှုကို စောင့်ကြည့်လိုတဲ့ ဘောလုံးပရိသတ်တွေလည်း များပြားနေဖို့ ရှိပါတယ်။

အဆိုပါ ပွဲစဉ်အတွက် ဘောလုံးပွဲခန့်မှန်းသူ မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းအား ဖော်ပြလိုက်ပါတယ်။

လီဗာပူး V ချယ်ဆီး
ပရီးမီးယားလိဂ် ပွဲစဉ် (၃)
သြဂုတ် ၂၈ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ည ၁၁း၀၀ နာရီ။

အိုဝင်၏ ပွဲကြို သုံးသပ်ချက်။ ။ သိပ်ကိုကောင်းတဲ့ ပွဲဖြစ်လာဖို့ ရှိနေပါတယ်။ လီဗာပူးကနေ စပြောရအောင်ပါ။ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ပြည့်စုံတဲ့ တာထွက်မှုအဖြစ် နှစ်ပွဲကစား နှစ်ပွဲနိုင်ရလဒ်ကို ရယူထားပါတယ်။

လီဗာပူးက နှစ်ပွဲဆက်တိုက် ခံစစ်ပိုင်း ဂိုးမပေးရဘဲ clean sheet ရထားခြင်းကို ယာဂင်ကလော့ပ်က ကျေနပ်နေလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ဗန်ဒိုက်ကို ကြည့်ရတာ အခြေအနေ ကောင်းနေပြီး အန်ဖီးကွင်းက ပရိသတ်တွေရှေ့မှာ ကစားရမယ့် ပွဲဖြစ်နေခြင်းကလည်း ကျနော်ရဲ့ အသင်းဟောင်းအတွက် ခြားနားတဲ့ အားသာမှုပဲ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းကလည်း သိပ်ကို ထူးချွန်နေပါတယ်။ အခုချိန်ထိတော့ သူတို့အသင်းမှာ အားနည်းချက်ဆိုပြီး မမြင်မိသလို သူတို့ရဲ့ လူစာရင်းကောင်းကလည်း သူတို့ကို အနိုင်ယူဖို့ မလွယ်အောင် ခက်ခဲတဲ့အသင်း ဖေစ်နေစေခဲ့တာပါ။

အာဆင်နယ်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ လူကာကူရဲ့ ကောင်းမွန်တဲ့ ရွေးလျားမှုတွေကို ကျနော် သဘောကျမိပါတယ်။ သူက အာဆင်နယ်ခံစစ်ကို ဖျက်ဆီးပစ်ခဲ့တာပါ။ သူ့ကို ရင်ဆိုင်နိုင်တဲ့ ခံစစ်မှူး တစ်ဦး ရှိမယ်ဆိုရင် အဲ့တာက ဗန်ဒိုက်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီနှစ်ယောက် အားပြိုင်မှုက ကြည့်ကောင်းပါလိမ့်မယ်။

ကျနော်ကို ဘက်လိုက်တယ် ပြောရင် ပြောပါစေ ကျနော်ကတော့ လီဗာပူးက အခွင့်အရေး ရှိနေဆဲလို့ မြင်ပါတယ်။ ပရိသတ်တွေ အန်ဖီးကွင်းထဲ ပြန်လာမှုနဲ့အတူ စစ်မှန်တဲ့ အဖွဲ့အဖြစ် ခံစားနေရမှာဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူးက ၂-၁ ဖြင့် ကပ်ပြီး အနိုင်ရသွားပါလိမ့်မယ်။

ပွဲစဉ်အတွက် အိုဝင်၏ ခန့်မှန်းရလဒ်။ ။ လီဗာပူး ၂-၁ ချယ်ဆီး

ZAWGYI

ဒီအပတ္ စေနေန႔မွာေတာ့ လီဗာပူးအသင္းက ပရီးမီးယားလိဂ္ ပြဲစဥ္ ၃ အျဖစ္ ခ်ယ္ဆီးအသင္းကို အိမ္ကြင္း အန္ဖီးမွာ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။

၂၀၂၁-၂၀၂၂ ေဘာလံုးရာသီအတြင္း လီဗာပူးအသင္းရဲ႕ ၾကီး ၆ ၾကီး ျပိဳင္ဘက္ေတြထဲက တစ္သင္းျဖင့္ ပထမဆံုး အၾကိမ္ ထိပ္တိုက္ေတြ႔မႈျဖစ္တယ္။ ဒီပြဲမွာေတာ့ ပရီးမီးယားလိဂ္ တစ္ေက်ာ့ျပန္ တိုက္စစ္သမား လူကာကူနဲ႔ ဗန္ဒိုက္ၾကား ထိပ္တိုက္ရင္ဆိုင္မႈကို ေစာင့္ၾကည့္လိုတဲ့ ေဘာလံုးပရိသတ္ေတြလည္း မ်ားျပားေနဖို႔ ရွိပါတယ္။

အဆိုပါ ပြဲစဥ္အတြက္ ေဘာလံုးပြဲခန္႔မွန္းသူ မိုက္ကယ္အိုဝင္ရဲ႕ သံုးသပ္ခ်က္နဲ႔ ရလဒ္ခန္႔မွန္းအား ေဖာ္ျပလိုက္ပါတယ္။

လီဗာပူး V ခ်ယ္ဆီး
ပရီးမီးယားလိဂ္ ပြဲစဥ္ (၃)
ၾသဂုတ္ ၂၈ ရက္၊ စေနေန႔။
ျမန္မာစံေတာ္ခ်ိန္ ည ၁၁း၀၀ နာရီ။

အိုဝင္၏ ပြဲၾကိဳ သံုးသပ္ခ်က္။ ။ သိပ္ကိုေကာင္းတဲ့ ပြဲျဖစ္လာဖို႔ ရွိေနပါတယ္။ လီဗာပူးကေန စေျပာရေအာင္ပါ။ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းဟာ ျပည့္စံုတဲ့ တာထြက္မႈအျဖစ္ ႏွစ္ပြဲကစား နွစ္ပြဲႏုိင္ရလဒ္ကို ရယူထားပါတယ္။

လီဗာပူးက ႏွစ္ပြဲဆက္တိုက္ ခံစစ္ပိုင္း ဂိုးမေပးရဘဲ clean sheet ရထားျခင္းကို ယာဂင္ကေလာ့ပ္က ေက်နပ္ေနလိမ့္မယ္လို႔ က်ေနာ္ ထင္ပါတယ္။ ဗန္ဒိုက္ကို ၾကည့္ရတာ အေျခအေန ေကာင္းေနျပီး အန္ဖီးကြင္းက ပရိသတ္ေတြေရွ႔မွာ ကစားရမယ့္ ပြဲျဖစ္ေနျခင္းကလည္း က်ေနာ္ရဲ႕ အသင္းေဟာင္းအတြက္ ျခားနားတဲ့ အားသာမႈပဲ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းကလည္း သိပ္ကို ထူးခၽြန္ေနပါတယ္။ အခုခ်ိန္ထိေတာ့ သူတို႔အသင္းမွာ အားနည္းခ်က္ဆိုျပီး မျမင္မိသလို သူတို႔ရဲ႕ လူစာရင္းေကာင္းကလည္း သူတို႔ကို အႏုိင္ယူဖို႔ မလြယ္ေအာင္ ခက္ခဲတဲ့အသင္း ေဖစ္ေနေစခဲ့တာပါ။

အာဆင္နယ္ကို ရင္ဆိုင္ကစားတဲ့ပြဲမွာ လူကာကူရဲ႕ ေကာင္းမြန္တဲ့ ေရြးလ်ားမႈေတြကို က်ေနာ္ သေဘာက်မိပါတယ္။ သူက အာဆင္နယ္ခံစစ္ကို ဖ်က္ဆီးပစ္ခဲ့တာပါ။ သူ႔ကို ရင္ဆိုင္ႏုိင္တဲ့ ခံစစ္မွဴး တစ္ဦး ရွိမယ္ဆိုရင္ အဲ့တာက ဗန္ဒိုက္ပဲ ျဖစ္ပါလိမ့္မယ္။ ဒီႏွစ္ေယာက္ အားျပိဳင္မႈက ၾကည့္ေကာင္းပါလိမ့္မယ္။

က်ေနာ္ကို ဘက္လိုက္တယ္ ေျပာရင္ ေျပာပါေစ က်ေနာ္ကေတာ့ လီဗာပူးက အခြင့္အေရး ရွိေနဆဲလို႔ ျမင္ပါတယ္။ ပရိသတ္ေတြ အန္ဖီးကြင္းထဲ ျပန္လာမႈနဲ႔အတူ စစ္မွန္တဲ့ အဖြဲ႔အျဖစ္ ခံစားေနရမွာျဖစ္ပါတယ္။ ဒီပြဲမွာ လီဗာပူးက ၂-၁ ျဖင့္ ကပ္ျပီး အႏုိင္ရသြားပါလိမ့္မယ္။

ပြဲစဥ္အတြက္ အိုဝင္၏ ခန္႔မွန္းရလဒ္။ ။ လီဗာပူး ၂-၁ ခ်ယ္ဆီး